သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ျပတ္သားဖို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ေတာင္းဆို


မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah

[[Zawgyi/Unicode]]

အာဆီယံအေနနဲ႔ ျမန္မာနဲ႔ပတ္သက္လို႔ ဘယ္ဝန္ႀကီးအဆင့္မဆို အစည္းအေဝးတိုင္းမွာ ႏိုင္ငံေရးအရ ကိုယ္စားျပဳခြင့္မေပးဖို႔၊ နဲ႔ ျမန္မာ့ ျပည္တြင္း ပဋိပကၡကို အဆံုးသတ္ေျဖရွင္းႏိုင္မယ့္ ရွင္းလင္းျပတ္သားတဲ့ မူေဘာင္တခု အာဆီယံအေနနဲ႔ ခ်မွတ္ဖို႔ အဓိကႏွစ္ခ်က္ကို မေလးရွားက ဆက္လက္ စဲြကိုင္သြားမယ္လို႔ အဂၤါေန႔က ျမန္မာအဖဲြ႔အစည္းေတြနဲ႔ ျပဳလုပ္တဲ့အြန္လိုင္းေဆြးေႏြးပဲြမွာ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီး Saifuddin Abdullah က ေျပာၾကားခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုတင္ျပမွာပါ။

အာဆီယံႏိုင္ငံေတြထဲမွာ ျမန္မာစစ္ေကာင္စီအေပၚ သေဘာထားတင္းမာတဲ့မေလးရွားႏုိင္ငံအေနနဲ႔ ျမန္မာ့အေရး ဘယ္လို ဆက္လက္ လုပ္ေဆာင္သြားဖို႔ရွိသလဲ၊ စက္တင္ဘာလ ၇ ရက္၊ အဂၤါေန႔က မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး ဆာဖူဒင္ အဘၻဒူလာနဲ႔ ျမန္မာလူထုအေျချပဳ အဖြဲ႔အစည္းတို႔ ေတြ႔ဆံုခဲ့တာနဲ႔ပတ္သက္လို႔ ကိုယ္တုိင္ပါဝင္ခဲ့တဲ့ ၿဗိတိန္အေျခစိုက္ BHRN ျမန္မာ့လူ႔အခြင့္အေရးကြန္ယက္ အမႈေဆာင္ ညႊန္ၾကားေရးမႉး ဦးေက်ာ္ဝင္းကို ေမးၾကည့္ပါတယ္။

ဦးေက်ာ္ဝင္း။ ။ သူေျပာသြားတဲ့အထဲမွာ က်ေနာ္သတိထားမိတာက သူ႔အရင္အစိုးရမွာလည္း ဒီရပ္တည္ခ်က္ေတြ ရွိထားတယ္ေပါ့ေနာ္။ ..ဆိုေတာ့ မေလးရွားႏုိင္ငံရဲ႕ရပ္တည္ခ်က္ အေနအထားအရ လူ႔အခြင့္အေရးခ်ဳိးေဖာက္ထားတဲ့ စစ္တပ္ရဲ႕ရာဇဝတ္မႈေတြအေပၚမွာေတာ္ေတာ္ေလးကို စိတ္ပ်က္ေနၿပီးေတာ့ အေျပာင္းအလဲတခု ျဖစ္ေစခ်င္တဲ့အေနအထားကို က်ေနာ္တို႔ျမင္ရတယ္။ ဒါ အားရတယ္ေပါ့ေနာ္။ ေနာက္ သူကေနၿပီးေတာ့ တျခား အာဆီယံမွာရွိတဲ့ တျခားႏုိင္ငံေတြနဲ႔လည္း သူက တြန္းတြန္းတုိက္တိုက္ရွိသလို ႏိုင္ငံတကာရဲ႕ဆက္ဆံေရးမွာလည္း မေလးရွားႏုိင္ငံက အေနအထားတခု ရွိထားတဲ့အတြက္ က်ေနာ္တို႔ျမန္မာျပည္သူေတြရဲ႕စကားေပါ့ေနာ္- က်ေနာ္တို႔ရဲ႕ရပ္တည္ခ်က္၊ က်ေနာ္တို႔ ဘာေတြျဖစ္ေစခ်င္သလဲဆိုတာကို ပိုၿပီးေတာ့ ႏုိင္ငံတကာကို ထိထိေရာက္ေရာက္ ေရာက္ေစတယ္လို႔ က်ေနာ္ျမင္တယ္။

အင္ၾကင္းႏုိင္။ ။ အာဆီယံႏုိင္ငံေတြ၊ အထူးသျဖင့္ အာဆီယံအဖြဲ႔မွာ သူတို႔အဓိကလိုက္နာတဲ့အခ်က္ျဖစ္တဲ့ ႏုိင္ငံတႏုိင္ငံရဲ႕ ႏိုင္ငံေရး၊ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ေရးဆိုတဲ့ အခ်က္ေပါ့ေနာ္။ အခု မေလးရွားႏုိင္ငံက ဒီအခ်ိန္ ဒီအခါ ျမန္မာႏုိင္ငံကိစၥမွာ ပါဝင္ပတ္သက္လာတယ္ဆိုတဲ့အေျခအေနက ဘာေၾကာင့္ပါလဲရွင့္။

ဦးေက်ာ္ဝင္း။ ။ အဓိက-ကေတာ့ဗ်ာ- ဒီျမန္မာျပည္ကို စစ္တပ္ရဲ႕လုပ္ရပ္ေတြက - စစ္တပ္ရဲ႕ ဘာသာေရး၊ လူမ်ဳိးေရးမုန္းတီးမႈေတြ၊ လူနည္းစုေတြအေပၚမွာ အၾကမ္းဖက္က်ဴးလြန္တာေတြ၊ လူမ်ဳိးတုန္းသတ္ျဖတ္မႈက်ဴးလြန္တာေတြ၊ လူသားခ်င္းဆုိင္ရာ ရာဇဝတ္မႈက်ဴးလြန္တာေတြဟာ မေလးရွားႏုိင္ငံမွာရွိတဲ့ ဥပေဒပညာရွင္ေတြ၊ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြကေနၿပီးေတာ့ မေလးရွားအစိုးရကို တစိုက္မတ္မတ္ေျပာလာတာရွိသလို က်ေနာ္တို႔ ဒီဘက္ကေနၿပီးေတာ့လည္း တတ္ႏုိင္သေလာက္ advocate လုပ္တာေတြလည္း ရွိတယ္။ ရွိတဲ့အေပၚမွာ ဒီဟာေတြကို ပိုၿပီးေတာ့ ဘယ္လိုေျပာမလဲ- ယံုၾကည္မႈတည္ေဆာက္ၿပီးသြားေတာ့ အဲဒီ ယံုၾကည္မႈတည္ေဆာက္ထားတဲ့ channel ကေနၿပီးေတာ့ က်ေနာ္တို႔က information ေတြေပးတဲ့အေပၚမွာ၊ သတင္းအခ်က္အလက္ေတြ ေပးတဲ့အေပၚမွာ ဒါကို သူတို႔က ပိုၿပီးေတာ့ လက္ခံယံုၾကည္လာတယ္။ သူတို႔ရတဲ့ သတင္းအခ်က္အလက္ေတြက မွန္ကန္တဲ့သတင္းအခ်က္အလက္ေတြျဖစ္တယ္။ အဲဒီေပၚမွာ က်ေနာ္တို႔ဘက္ကေနၿပီးေတာ့လည္း ပံုမွန္လိုလုိ မေလးရွားကိုသြားၿပီးေတာ့ အစိုးရပိုင္းေတြနဲ႔၊ ပါတီအႀကီးအကဲေတြနဲ႔ ပံုမွန္ေတြ႔ၿပီးေတာ့ ပံုမွန္ meeting လုပ္တာေတြ ရွိတယ္ေပါ့ေနာ္။ ဒီဟာက ၂၀၁၆ ကတည္းက က်ေနာ္တို႔ ေတာ္ေတာ္ေလးလုပ္လာခဲ့တယ္၊ ဒီအေပၚမွာ အဲဒီဟာေတြရဲ႕ရလာဒ္လည္းျဖစ္သလို ေနာက္ တျခား ဝုိင္းႀကိဳးစားတဲ့လူေတြလည္း ရွိၾကတယ္ေပါ့ေနာ္ ဒီအထဲမွာ။ ဆိုေတာ့ ေဒသခံအေနအထား ႏိုင္ငံတကာ- အခု ႏိုင္ငံေရးအရေျပာရရင္ Geopolitic ပထဝီႏုိင္ငံေရးအရ ေျပာရမယ္ဆိုလို႔ရွိရင္ တ႐ုတ္ႏုိင္ငံေကာ၊ အေနာက္ႏိုင္ငံေတြေကာ၊ တျခားႏုိင္ငံႀကီးေတြကေကာ အာဆီယံကိုပဲ သူက အဓိကတင္ထားတဲ့အေပၚမွာ အာဆီယံရဲ႕အခန္းက႑ကို က်ေနာ္တုိ႔က ပယ္ခ်လို႔မရေတာ့တဲ့ အေနအထားမွာရွိေနတယ္ေပါ့ေနာ္။

ဒါဆိုရင္ မေလးရွားႏုိင္ငံက ျမန္မာႏိုင္ငံအေပၚထားတဲ့ တင္းမာတဲ့သေဘာထားကေရာ အာဆီယံရဲ႕ရပ္တည္ခ်က္အေပၚမွာေရာ ဘယ္လို အက်ဳိးသက္ေရာက္မႈေတြ ရွိလာႏုိင္မလဲ၊ ျမန္မာ့အေရးေလ့လာသံုးသပ္သူ ဦးေအာင္သူၿငိမ္းက အခုလိုျမင္ပါတယ္။

“အာဆီယံရဲ႕သေဘာထားကေတာ့ေလ အၿမဲတမ္း devided ေပါ့ေနာ္၊ ကြဲေနတဲ့သေဘာရွိပါတယ္။ ရွိတယ္ဆိုတာက စစ္ေကာင္စီနဲ႔ပတ္သက္လို႔ ဘာေခၚမလဲ၊ ပူးေပါင္းၿပီးေတာ့ လုပ္ရမယ္ဆိုတဲ့အျမင္ရွိတယ္။ တခ်ဳိ႕ကက်ေတာ့ ကေမၻာဒီးယားတို႔၊ အခုကေတာ့ သူက chairman ျဖစ္ေနတယ္။ ေနာက္တခါ ဗီယက္နမ္တို႔၊ ထုိင္းႏုိင္ငံတို႔ သူတို႔က ပူးေပါင္းေဆာင္ရြက္ခ်င္တဲ့သေဘာျဖစ္ေနတယ္။ ေနာ္- အဲဒီေတာ့ သူတို႔လည္း အလုပ္မျဖစ္ဘူး။

တဘက္ကက်ေတာ့ သေဘာထားပိုတင္းမာတဲ့ႏိုင္ငံေတြ ရွိတယ္၊ အင္ဒိုနီးရွားတို႔၊ ဖိလစ္ပိုင္တို႔၊ ေနာက္တခါ အခု မေလးရွားတို႔ပါတာေပါ့။ ဆိုေတာ့ အဲဒီေတာ့ မေလးရွားကေတာ့ သူတို႔ထဲမွာ သေဘာထားအျပင္းထန္ဆံုးပါ။ ဒါေပမယ့္လည္း သေဘာထားတင္းမာတဲ့ႏုိင္ငံေတြလည္း အလုပ္မျဖစ္ဘူးေပါ့ေနာ္- ဆိုေတာ့ အာဆီယံတခုလံုးရဲ႕ position အေနနဲ႔ ရပ္တည္ၿပီးေတာ့ လုပ္ဖို႔ဆိုတာကေတာ့ ခက္ေသးတယ္လို႔ ထင္တယ္။”

တဘက္မွာလည္း အာဆီယံထဲမွာ မေလးရွားက ျမန္မာနဲ႔ပတ္သက္လို႔ သီးျခားရပ္တည္လာတဲ့အေပၚမွာ ထိေရာက္မႈေတြရွိတယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဦးေက်ာ္ဝင္းကေျပာပါတယ္။ မေလးရွားႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႔ဆံုခဲ့တဲ့ ျမန္မာလူထုအေျချပဳ အဖြဲ႔အစည္းေတြထဲမွာ ျမန္မာ့လူ႔အခြင့္အေရးကြန္ယက္အပါအဝင္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔၊ ျမန္မာႏိုင္ငံ အမ်ဳိးသမီးမ်ားအဖြဲ႔ခ်ဳပ္၊ ေရွ႕ေျပးအသံနဲ႔ ျမန္မာ့ယဥ္ေက်းမႈသုေတသနအဖြဲ႔အစည္းတို႔ ပါဝင္ၾကပါတယ္ရွင္။

#Saifuddin Abdullah #ျမန္မာ့အေရး #ျပည္တြင္းပဋိပကၡ #လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ #ဦးေက်ာ္ဝင္း #ဦးေအာင္သူၿငိမ္း

===========

[[Unicode]]

မြန်မာ့အရေး အာဆီယံ ပြတ်သားဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အာဆီယံအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ ဘယ်ဝန်ကြီးအဆင့်မဆို အစည်းအဝေးတိုင်းမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးဖို့၊ နဲ့ မြန်မာ့ ပြည်တွင်း ပဋိပက္ခကို အဆုံးသတ်ဖြေရှင်းနိုင်မယ့် ရှင်းလင်းပြတ်သားတဲ့ မူဘောင်တခု အာဆီယံအနေနဲ့ ချမှတ်ဖို့ အဓိကနှစ်ချက်ကို မလေးရှားက ဆက်လက် စွဲကိုင်သွားမယ်လို့ အင်္ဂါနေ့က မြန်မာအဖွဲ့အစည်းတွေနဲ့ ပြုလုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာစစ်ကောင်စီအပေါ် သဘောထားတင်းမာတဲ့မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေး ဘယ်လို ဆက်လက် လုပ်ဆောင်သွားဖို့ရှိသလဲ၊ စက်တင်ဘာလ ၇ ရက်၊ အင်္ဂါနေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင် အဘ္ဘဒူလာနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗြိတိန်အခြေစိုက် BHRN မြန်မာ့လူ့အခွင့်အရေးကွန်ယက် အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကို မေးကြည့်ပါတယ်။

ဦးကျော်ဝင်း။ ။ သူပြောသွားတဲ့အထဲမှာ ကျနော်သတိထားမိတာက သူ့အရင်အစိုးရမှာလည်း ဒီရပ်တည်ချက်တွေ ရှိထားတယ်ပေါ့နော်။ ..ဆိုတော့ မလေးရှားနိုင်ငံရဲ့ရပ်တည်ချက် အနေအထားအရ လူ့အခွင့်အရေးချိုးဖောက်ထားတဲ့ စစ်တပ်ရဲ့ရာဇဝတ်မှုတွေအပေါ်မှာတော်တော်လေးကို စိတ်ပျက်နေပြီးတော့ အပြောင်းအလဲတခု ဖြစ်စေချင်တဲ့အနေအထားကို ကျနော်တို့မြင်ရတယ်။ ဒါ အားရတယ်ပေါ့နော်။ နောက် သူကနေပြီးတော့ တခြား အာဆီယံမှာရှိတဲ့ တခြားနိုင်ငံတွေနဲ့လည်း သူက တွန်းတွန်းတိုက်တိုက်ရှိသလို နိုင်ငံတကာရဲ့ဆက်ဆံရေးမှာလည်း မလေးရှားနိုင်ငံက အနေအထားတခု ရှိထားတဲ့အတွက် ကျနော်တို့မြန်မာပြည်သူတွေရဲ့စကားပေါ့နော်- ကျနော်တို့ရဲ့ရပ်တည်ချက်၊ ကျနော်တို့ ဘာတွေဖြစ်စေချင်သလဲဆိုတာကို ပိုပြီးတော့ နိုင်ငံတကာကို ထိထိရောက်ရောက် ရောက်စေတယ်လို့ ကျနော်မြင်တယ်။

အင်ကြင်းနိုင်။ ။ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့မှာ သူတို့အဓိကလိုက်နာတဲ့အချက်ဖြစ်တဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အချက်ပေါ့နော်။ အခု မလေးရှားနိုင်ငံက ဒီအချိန် ဒီအခါ မြန်မာနိုင်ငံကိစ္စမှာ ပါဝင်ပတ်သက်လာတယ်ဆိုတဲ့အခြေအနေက ဘာကြောင့်ပါလဲရှင့်။

ဦးကျော်ဝင်း။ ။ အဓိက-ကတော့ဗျာ- ဒီမြန်မာပြည်ကို စစ်တပ်ရဲ့လုပ်ရပ်တွေက - စစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုတွေ၊ လူနည်းစုတွေအပေါ်မှာ အကြမ်းဖက်ကျူးလွန်တာတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တာတွေ၊ လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာတွေဟာ မလေးရှားနိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ မလေးရှားအစိုးရကို တစိုက်မတ်မတ်ပြောလာတာရှိသလို ကျနော်တို့ ဒီဘက်ကနေပြီးတော့လည်း တတ်နိုင်သလောက် advocate လုပ်တာတွေလည်း ရှိတယ်။ ရှိတဲ့အပေါ်မှာ ဒီဟာတွေကို ပိုပြီးတော့ ဘယ်လိုပြောမလဲ- ယုံကြည်မှုတည်ဆောက်ပြီးသွားတော့ အဲဒီ ယုံကြည်မှုတည်ဆောက်ထားတဲ့ channel ကနေပြီးတော့ ကျနော်တို့က information တွေပေးတဲ့အပေါ်မှာ၊ သတင်းအချက်အလက်တွေ ပေးတဲ့အပေါ်မှာ ဒါကို သူတို့က ပိုပြီးတော့ လက်ခံယုံကြည်လာတယ်။ သူတို့ရတဲ့ သတင်းအချက်အလက်တွေက မှန်ကန်တဲ့သတင်းအချက်အလက်တွေဖြစ်တယ်။ အဲဒီပေါ်မှာ ကျနော်တို့ဘက်ကနေပြီးတော့လည်း ပုံမှန်လိုလို မလေးရှားကိုသွားပြီးတော့ အစိုးရပိုင်းတွေနဲ့၊ ပါတီအကြီးအကဲတွေနဲ့ ပုံမှန်တွေ့ပြီးတော့ ပုံမှန် meeting လုပ်တာတွေ ရှိတယ်ပေါ့နော်။ ဒီဟာက ၂၀၁၆ ကတည်းက ကျနော်တို့ တော်တော်လေးလုပ်လာခဲ့တယ်၊ ဒီအပေါ်မှာ အဲဒီဟာတွေရဲ့ရလာဒ်လည်းဖြစ်သလို နောက် တခြား ဝိုင်းကြိုးစားတဲ့လူတွေလည်း ရှိကြတယ်ပေါ့နော် ဒီအထဲမှာ။ ဆိုတော့ ဒေသခံအနေအထား နိုင်ငံတကာ- အခု နိုင်ငံရေးအရပြောရရင် Geopolitic ပထဝီနိုင်ငံရေးအရ ပြောရမယ်ဆိုလို့ရှိရင် တရုတ်နိုင်ငံကော၊ အနောက်နိုင်ငံတွေကော၊ တခြားနိုင်ငံကြီးတွေကကော အာဆီယံကိုပဲ သူက အဓိကတင်ထားတဲ့အပေါ်မှာ အာဆီယံရဲ့အခန်းကဏ္ဍကို ကျနော်တို့က ပယ်ချလို့မရတော့တဲ့ အနေအထားမှာရှိနေတယ်ပေါ့နော်။

ဒါဆိုရင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ်ထားတဲ့ တင်းမာတဲ့သဘောထားကရော အာဆီယံရဲ့ရပ်တည်ချက်အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ၊ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက အခုလိုမြင်ပါတယ်။

“အာဆီယံရဲ့သဘောထားကတော့လေ အမြဲတမ်း devided ပေါ့နော်၊ ကွဲနေတဲ့သဘောရှိပါတယ်။ ရှိတယ်ဆိုတာက စစ်ကောင်စီနဲ့ပတ်သက်လို့ ဘာခေါ်မလဲ၊ ပူးပေါင်းပြီးတော့ လုပ်ရမယ်ဆိုတဲ့အမြင်ရှိတယ်။ တချို့ကကျတော့ ကမ္ဘောဒီးယားတို့၊ အခုကတော့ သူက chairman ဖြစ်နေတယ်။ နောက်တခါ ဗီယက်နမ်တို့၊ ထိုင်းနိုင်ငံတို့ သူတို့က ပူးပေါင်းဆောင်ရွက်ချင်တဲ့သဘောဖြစ်နေတယ်။ နော်- အဲဒီတော့ သူတို့လည်း အလုပ်မဖြစ်ဘူး။

တဘက်ကကျတော့ သဘောထားပိုတင်းမာတဲ့နိုင်ငံတွေ ရှိတယ်၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့၊ နောက်တခါ အခု မလေးရှားတို့ပါတာပေါ့။ ဆိုတော့ အဲဒီတော့ မလေးရှားကတော့ သူတို့ထဲမှာ သဘောထားအပြင်းထန်ဆုံးပါ။ ဒါပေမယ့်လည်း သဘောထားတင်းမာတဲ့နိုင်ငံတွေလည်း အလုပ်မဖြစ်ဘူးပေါ့နော်- ဆိုတော့ အာဆီယံတခုလုံးရဲ့ position အနေနဲ့ ရပ်တည်ပြီးတော့ လုပ်ဖို့ဆိုတာကတော့ ခက်သေးတယ်လို့ ထင်တယ်။”

တဘက်မှာလည်း အာဆီယံထဲမှာ မလေးရှားက မြန်မာနဲ့ပတ်သက်လို့ သီးခြားရပ်တည်လာတဲ့အပေါ်မှာ ထိရောက်မှုတွေရှိတယ်လို့ မျှော်လင့်ထားကြောင်း ဦးကျော်ဝင်းကပြောပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေထဲမှာ မြန်မာ့လူ့အခွင့်အရေးကွန်ယက်အပါအဝင် ချင်းလူ့အခွင့်အရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၊ ရှေ့ပြေးအသံနဲ့ မြန်မာ့ယဉ်ကျေးမှုသုတေသနအဖွဲ့အစည်းတို့ ပါဝင်ကြပါတယ်ရှင်။

#Saifuddin Abdullah #မြန်မာ့အရေး #ပြည်တွင်းပဋိပက္ခ #လူ့အခွင့်အရေးချိုးဖောက်မှု #ဦးကျော်ဝင်း #ဦးအောင်သူငြိမ်း
===========

XS
SM
MD
LG