သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကနီၿမိဳ႕ ယင္းရြာအနီး အမ်ိဳးသားအေလာင္း၁၅ေလာင္းေတြ႕ရွိ 


ကနီျမိဳ ့၀င္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ကနီၿမိဳ႕ ယင္းရြာအနီးက ေတာထဲမွာ ဖမ္းဆီးႏွိပ္စက္ၿပီး အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခံထားရတဲ့ အမ်ိဳးသားအေလာင္းေတြ ေတြ႕ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဒသခံတခ်ိဳ႕ဟာ ေတာထဲမွာ တိမ္းေရွာင္ေနခ်ိန္ စစ္တပ္က ဖမ္းဆီးတာခံခဲ့ရၿပီး၊ အဲဒီေနာက္ပိုင္း ႐ုပ္အေလာင္းေတြ ေတြ႕ရတာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသားၫြန္႕ဦး ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ကနီၿမိဳ႕ ခ်င္းတြင္းျမစ္ေဘးက ယင္းရြာအနီးက ေတာထဲမွာ ဇူလိုင္ ၁၁ ရက္နဲ႔ ၁၂ ရက္တို႔မွာ ေျခေထာက္ လက္ေတြမွာ ႀကိဳးတုပ္လ်က္နဲ႔ အစုလိုက္ အၿပံဳလိုက္ ေသဆံုးေနတဲ့ အမ်ိဳးသား အေလာင္း ၁၅ ေလာင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေဒသခံေတြကေတာ့အေျပာအရ ဇူလိုင္ ၈ ရက္ေန႔မွာ စစ္ေကာင္စီတပ္ေတြဟာ ယင္းရြာဘက္ကို ဦးတည္ လာတဲ့အတြက္ ေဒသခံအခ်ိဳ႕ဟာ ယင္းရြာနဲ႔ ၆ မိုင္ေ၀းတဲ့ ခင္တန္းရွည္ ေတာင္ကုန္းေပၚကို ထြက္ေျပးခဲ့ၾကပါတယ္။ ဇူလိုင္ ၉ ရက္ ေန႔လည္ပိုင္းမွာေတာ့ ပုန္းေနတဲ့ေနရာေတြကို လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြေရာက္လာၿပီး ေဒသခံ အမ်ားအျပားကို ဖမ္းဆီးခဲ့တာလုိ႔ ကိုယ္တိုင္အဖမ္းခံရသူက ဗီအိုေအကို ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ထဲမွာ အမ်ိဳးသား၊ အမ်ိဳးသမီး ၂ ဖြဲ႕ခြဲၿပီးေနာက္ အမ်ိဳးသမီးေတြကို ၅ မိနစ္အတြင္း လြတ္ေအာင္ မေျပးပါက ပစ္သတ္မယ္လို႔ ၿခိမ္းေျခာက္ၿပီးျပန္လႊတ္ေပးခဲ့သလို အမ်ိဳးသားေတြကို ဆက္လက္ ဖမ္းဆီးထားခဲ့တယ္လို႔ လြတ္ေျမာက္လာသူေတြကေျပာပါတယ္။ တပ္ေတြ ျပန္သြားၿပီးေနာက္ ဖမ္းဆီးခံထားရသူေတြကို ေဒသခံေတြက သြားေရာက္ ရွာေဖြရာမွာ ေသဆံုးေနတဲ့ အေလာင္းေတြကို ေတြ႕ရွိရတာ ျဖစ္တယ္လို႔ ဒီအျဖစ္အပ်က္ကို ကိုယ္တိုင္ႀကံဳေတြ႕ၿပီး ျပန္လည္လြတ္ေျမာက္လာတဲ့ အမ်ိဳးသမီး တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“စစ္သားအဖြဲ႕ေတြရွင့္ ကြ်န္မတို႔က ယူနီေဖာင္းေတြပဲ ျမင္ရတာ က်န္တာေတာ့ အတည္မျပဳႏိုင္ဘူးရွင့္ သူတို႔ လက္နက္ေတြနဲ႔ ယူနီေဖာင္းေတြနဲ႔ ဒါပဲျမင္ရတာ။ ကြ်န္မတို႔ကို မိသြားတာ ကြ်န္မတို႔က ခ်ိဳင့္ေတြထဲ ေနၾကတာ သူတို႔ေတြက ေသနတ္ေတြ တေဖာင္းေဖာင္းနဲ႔ မေျပးနဲ႔ မေျပးနဲ႔ ၀ပ္ေနဆိုၿပီးမွ သူတို႔နားက ေတြ႕တဲ့သူကို အရင္ ေမွာက္ခိုင္းတာ ကြ်န္မတို႔က ခ်ိဳင့္ထဲမွာ ကြ်န္မတို႔ကို ျမင္ေတာ့ မတက္မေနရေခၚတာ အဲ့ေတာ့ ကြ်န္မတို႔က သူတို႔ ဖမ္းေနတဲ့ ကုန္းေပၚကို ျပန္တက္ရတာ မိန္းကေလးေတြကိုေတာ့ ကြ်န္မတို႔ လုပ္ထားတဲ့ မိုးကာတဲေလး ေအာက္ကို ထားတယ္။ ေယာက္က်ားေလးေတြကိုေတာ့ တျခားတေနရာ ထားၿပီးေတာ့မွ ေမွာက္ခိုင္းထားတာ။ က်န္ခဲ့တဲ့သူေတြကိုေတာ့ ကြ်န္မတို႔က ျပန္ခဲ့ရတာဆိုေတာ့ ျမင္တာေတာ့ မျမင္ခဲ့ရဘူး။ ကြ်န္မတို႔ကို ျပန္လႊတ္လိုက္တာ မိန္းကေလးေတြနဲ႔ ဘြားေတာ္ေတြနဲ႔ ကိုယ္၀န္ေဆာင္ေတြနဲ႔မို႔လုိ႔ မိန္းကေလး အုပ္စုကို အကုန္ ျပန္လႊတ္လိုက္တာ။ ကိုယ့္လူေတြကိုယ္ သတင္းနားေထာင္ၿပီးေတာ့မွ ျပန္လာႏိုးႏိုးနဲ႔ ေမွ်ာ္ေနၾကရတာ ေနာက္ ၄ ရက္ ေျမာက္တဲ့ ေန႔က်မွ အဲ့ကုန္းေပၚကို မသြားရဲ သြားရဲနဲ႔ သြားၾကေတာ့မွ အေလာင္းေတြ ေတြ႕တာရွင့္။ ကြ်န္မတို႔႕ ျပန္ခဲ့ရတာဆိုေတာ့ ေနာက္ေၾကာင္းကို ဘာမွ ျပန္မၾကည့္ခဲ့ရဘူး။ သိလည္း မသိရေတာ့ဘူး။ ဒါေပမယ့္ ဖမ္းထားခဲ့တာဆိုေတာ့ သတင္းပဲေမွ်ာ္ေနရတယ္။ ဟိုဆီပါသြားသလား။ ဒီဆီပါသြား သလားေမွ်ာ္ေနရတာ ၄ ရက္ ေျမာက္တဲ့ေန႔မွ အတိအက် သိရတာ။”

သူ႔ရဲ႕ အိမ္သားတေယာက္လည္း သတ္ခံရသူေတြထဲမွာပါ ပါတယ္။ ဖမ္းဆီး သတ္ျဖတ္ခံရသူ အမ်ိဳးသားအစုဟာ ယင္းရြာသား ၁၂ ေယာက္ျဖစ္ၿပီး၊ ယင္းေက်းရြာအုပ္စုထဲကျဖစ္တဲ့ ကုန္းသာ ရြာသား ၁ ေယာက္ ပလူဇ၀ ရြာသား ၁ ေယာက္အျပင္ ယင္းရြာကို ေရာက္ရွိေနတဲ့ ေရဦးၿမိဳ႕သား ၁ ေယာက္တို႔ ပါ၀င္တယ္လို႔ သိရပါတယ္။ သတ္ျဖတ္ခံရသူေတြဟာ လက္ျပန္ႀကိဳးတုပ္ၿပီး ေျခေထာက္ေတြကိုလည္း ႀကိဳးတုပ္ထားသလို၊ ႏွိပ္စက္ခံထားရတဲ့ ဒဏ္ရာေတြကို ေတြ႕ရွိရတယ္လို႔ ရုပ္အေလာင္းေတြကို မ်က္ျမင္ေတြ႕သူ တဦးက အခုလိုေျပာပါတယ္။

“၁၁ ရက္ေန႔ ညေန ၅ နာရီေလာက္ကို သြားရွာေတာ့ ၅ ေလာင္းတခါေတြ႕တယ္။ အခ်ိန္မရွိလို႔ ေနာက္ထပ္ သြားရွာေတာ့ အဲ့နားပဲ ၆ ေလာင္းေတြ႕တယ္။ အဲ့ေနရာ တေနရာတည္း အားလံုးေပါင္း ၁၁ ေယာက္ဗ်။ အဲ့အုပ္စုနား ကုန္းသာရြာက တေယာက္က အဲ့ကုန္းသာရြာက ရွာၿပီး သၿဂိဳလ္လိုက္တယ္ အဲ့မွာ ၁ ေလာင္း အဲ့ကေန မီးသၿဂိဳလ္ၿပီးျပန္လာေတာ့ ယာခင္းထဲမွာ ပုတ္ေစာ္နံ႔လို႔ လိုက္ရွာေတာ့ ၁ ေလာင္း အဲ့ဒါက ေရဦး နယ္ဘက္က ရြာခ်င္းေတာ့ သိပ္ေတာ့မကြာဘူး ပလူဇ၀က တေယာက္ အားလံုးေပါင္း ၁၅ ေယာက္ ဖမ္ထားေတာ့ ေနာက္ျပန္ႀကိဳးေတြတုပ္တယ္။ အေလာင္းသြားေကာက္ေတာ့ ေျခေထာက္ေတြ အကုန္တုပ္ထားတယ္။ ဒင္ေတြနဲ႔ လွိမ့္ရိုက္ၿပီးေတာ့မွ ေသနတ္နဲ႔ပစ္ေလာက္တယ္ အဲ့နားက ၁၁ ခ်က္ ေသနတ္သံၾကားရတယ္။ အေလာင္းေတြက ပုတ္ပြေနတာဆိုေတာ့ ဘာမွ ၾကည့္လို႔မရဘူး။ ထင္းေတြနဲ႔ အေ၀းကေနပစ္ၿပီးေတာ့ မီးသၿဂိဳလ္ရတယ္။”

ေသဆံုးသူေတြထဲမွာ အသက္ ၂၀ ကေန အသက္ ၆၀ အထိ အမ်ဳိးသားေတြပါဝင္ပါတယ္။

အခုလို ယင္းရြာအနီးမွာ အစုလိုက္အျပံဳလိုက္ သတ္ျဖတ္ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးသလို မီဒီယာေတြက ေမးျမန္းထားတာကိုလည္း ျပန္လည္ ေျဖၾကားျခင္း မျပဳလုပ္ေသးပါဘူး။

ၿပီးခဲ့တဲ့လ ဇြန္ ၁၉ ရက္ေန႔တုန္းက ယင္းရြာအနီးက ကင္းရြာမွာ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာၿပီး ေက်းရြာသားအခ်ိဳ႕ကို ဖမ္းဆီးႏွိပ္စက္တာေတြ ႐ွိခဲ့ပါတယ္။ ကင္းရြာအနီးမွာ စစ္ေကာင္စီရဲ႕ယမ္းတင္ေဆာင္တဲ့ သေဘၤာ တိုက္ခိုက္ခံရတာေတြလည္းရွိခဲ့ၿပီး PDF တပ္ဖြဲ႕ေတြနဲ႔ မၾကာခဏ ဆိုသလို တိုက္ပြဲေတြ ျဖစ္ပြားခဲ့ဖူးပါတယ္။ ခ်င္းတြင္းျမစ္ေဘးက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက မၾကာခဏ ၀င္ေရာက္ရွာေဖြေလ့႐ွိတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ တဆက္တည္းမွာပဲ ဒီကေန႔ ဇူလိုင္ ၁၃ ရက္ မနက္ပိုင္းက မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕ေပၚမွာ လံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ စစ္ေကာင္စီ ကားတန္း မိုင္းခြဲတိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕၀င္ အခ်ိဳ႕ ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ ပစ္ခတ္တာေၾကာင့္ အမ်ိဳးသမီး တဦး ဗိုက္က်ည္ဆံထိမွန္ ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ရတဲ့ အေနအထားမွာ ရွိတယ္လို႔လည္းသိရပါတယ္။ ................................................................................................

တိုက္႐ိုက္ လင့္ခ္


ကနီမြို့ ယင်းရွာအနီး အမျိုးသားအလောင်း၁၅လောင်းတွေ့ရှိ

(Unicode)

စစ်ကိုင်းတိုင်း ကနီမြို့ ယင်းရွာအနီးက တောထဲမှာ ဖမ်းဆီးနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတချို့ဟာ တောထဲမှာ တိမ်းရှောင်နေချိန် စစ်တပ်က ဖမ်းဆီးတာခံခဲ့ရပြီး၊ အဲဒီနောက်ပိုင်း ရုပ်အလောင်းတွေ တွေ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကနီမြို့ ချင်းတွင်းမြစ်ဘေးက ယင်းရွာအနီးက တောထဲမှာ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ခြေထောက် လက်တွေမှာ ကြိုးတုပ်လျက်နဲ့ အစုလိုက် အပြုံလိုက် သေဆုံးနေတဲ့ အမျိုးသား အလောင်း ၁၅ လောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေကတော့အပြောအရ ဇူလိုင် ၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ ယင်းရွာဘက်ကို ဦးတည် လာတဲ့အတွက် ဒေသခံအချို့ဟာ ယင်းရွာနဲ့ ၆ မိုင်ဝေးတဲ့ ခင်တန်းရှည် တောင်ကုန်းပေါ်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဇူလိုင် ၉ ရက် နေ့လည်ပိုင်းမှာတော့ ပုန်းနေတဲ့နေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဒေသခံ အများအပြားကို ဖမ်းဆီးခဲ့တာလို့ ကိုယ်တိုင်အဖမ်းခံရသူက ဗီအိုအေကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသား၊ အမျိုးသမီး ၂ ဖွဲ့ခွဲပြီးနောက် အမျိုးသမီးတွေကို ၅ မိနစ်အတွင်း လွတ်အောင် မပြေးပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီးပြန်လွှတ်ပေးခဲ့သလို အမျိုးသားတွေကို ဆက်လက် ဖမ်းဆီးထားခဲ့တယ်လို့ လွတ်မြောက်လာသူတွေကပြောပါတယ်။ တပ်တွေ ပြန်သွားပြီးနောက် ဖမ်းဆီးခံထားရသူတွေကို ဒေသခံတွေက သွားရောက် ရှာဖွေရာမှာ သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိရတာ ဖြစ်တယ်လို့ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီး တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“စစ်သားအဖွဲ့တွေရှင့် ကျွန်မတို့က ယူနီဖောင်းတွေပဲ မြင်ရတာ ကျန်တာတော့ အတည်မပြုနိုင်ဘူးရှင့် သူတို့ လက်နက်တွေနဲ့ ယူနီဖောင်းတွေနဲ့ ဒါပဲမြင်ရတာ။ ကျွန်မတို့ကို မိသွားတာ ကျွန်မတို့က ချိုင့်တွေထဲ နေကြတာ သူတို့တွေက သေနတ်တွေ တဖောင်းဖောင်းနဲ့ မပြေးနဲ့ မပြေးနဲ့ ဝပ်နေဆိုပြီးမှ သူတို့နားက တွေ့တဲ့သူကို အရင် မှောက်ခိုင်းတာ ကျွန်မတို့က ချိုင့်ထဲမှာ ကျွန်မတို့ကို မြင်တော့ မတက်မနေရခေါ်တာ အဲ့တော့ ကျွန်မတို့က သူတို့ ဖမ်းနေတဲ့ ကုန်းပေါ်ကို ပြန်တက်ရတာ မိန်းကလေးတွေကိုတော့ ကျွန်မတို့ လုပ်ထားတဲ့ မိုးကာတဲလေး အောက်ကို ထားတယ်။ ယောက်ကျားလေးတွေကိုတော့ တခြားတနေရာ ထားပြီးတော့မှ မှောက်ခိုင်းထားတာ။ ကျန်ခဲ့တဲ့သူတွေကိုတော့ ကျွန်မတို့က ပြန်ခဲ့ရတာဆိုတော့ မြင်တာတော့ မမြင်ခဲ့ရဘူး။ ကျွန်မတို့ကို ပြန်လွှတ်လိုက်တာ မိန်းကလေးတွေနဲ့ ဘွားတော်တွေနဲ့ ကိုယ်ဝန်ဆောင်တွေနဲ့မို့လို့ မိန်းကလေး အုပ်စုကို အကုန် ပြန်လွှတ်လိုက်တာ။ ကိုယ့်လူတွေကိုယ် သတင်းနားထောင်ပြီးတော့မှ ပြန်လာနိုးနိုးနဲ့ မျှော်နေကြရတာ နောက် ၄ ရက် မြောက်တဲ့ နေ့ကျမှ အဲ့ကုန်းပေါ်ကို မသွားရဲ သွားရဲနဲ့ သွားကြတော့မှ အလောင်းတွေ တွေ့တာရှင့်။ ကျွန်မတို့ ပြန်ခဲ့ရတာဆိုတော့ နောက်ကြောင်းကို ဘာမှ ပြန်မကြည့်ခဲ့ရဘူး။ သိလည်း မသိရတော့ဘူး။ ဒါပေမယ့် ဖမ်းထားခဲ့တာဆိုတော့ သတင်းပဲမျှော်နေရတယ်။ ဟိုဆီပါသွားသလား။ ဒီဆီပါသွား သလားမျှော်နေရတာ ၄ ရက် မြောက်တဲ့နေ့မှ အတိအကျ သိရတာ။”

သူ့ရဲ့ အိမ်သားတယောက်လည်း သတ်ခံရသူတွေထဲမှာပါ ပါတယ်။ ဖမ်းဆီး သတ်ဖြတ်ခံရသူ အမျိုးသားအစုဟာ ယင်းရွာသား ၁၂ ယောက်ဖြစ်ပြီး၊ ယင်းကျေးရွာအုပ်စုထဲကဖြစ်တဲ့ ကုန်းသာ ရွာသား ၁ ယောက် ပလူဇ၀ ရွာသား ၁ ယောက်အပြင် ယင်းရွာကို ရောက်ရှိနေတဲ့ ရေဦးမြို့သား ၁ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ လက်ပြန်ကြိုးတုပ်ပြီး ခြေထောက်တွေကိုလည်း ကြိုးတုပ်ထားသလို၊ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ ရုပ်အလောင်းတွေကို မျက်မြင်တွေ့သူ တဦးက အခုလိုပြောပါတယ်။

“၁၁ ရက်နေ့ ညနေ ၅ နာရီလောက်ကို သွားရှာတော့ ၅ လောင်းတခါတွေ့တယ်။ အချိန်မရှိလို့ နောက်ထပ် သွားရှာတော့ အဲ့နားပဲ ၆ လောင်းတွေ့တယ်။ အဲ့နေရာ တနေရာတည်း အားလုံးပေါင်း ၁၁ ယောက်ဗျ။ အဲ့အုပ်စုနား ကုန်းသာရွာက တယောက်က အဲ့ကုန်းသာရွာက ရှာပြီး သဂြိုလ်လိုက်တယ် အဲ့မှာ ၁ လောင်း အဲ့ကနေ မီးသဂြိုလ်ပြီးပြန်လာတော့ ယာခင်းထဲမှာ ပုတ်စော်နံ့လို့ လိုက်ရှာတော့ ၁ လောင်း အဲ့ဒါက ရေဦး နယ်ဘက်က ရွာချင်းတော့ သိပ်တော့မကွာဘူး ပလူဇဝက တယောက် အားလုံးပေါင်း ၁၅ ယောက် ဖမ်ထားတော့ နောက်ပြန်ကြိုးတွေတုပ်တယ်။ အလောင်းသွားကောက်တော့ ခြေထောက်တွေ အကုန်တုပ်ထားတယ်။ ဒင်တွေနဲ့ လှိမ့်ရိုက်ပြီးတော့မှ သေနတ်နဲ့ပစ်လောက်တယ် အဲ့နားက ၁၁ ချက် သေနတ်သံကြားရတယ်။ အလောင်းတွေက ပုတ်ပွနေတာဆိုတော့ ဘာမှ ကြည့်လို့မရဘူး။ ထင်းတွေနဲ့ အဝေးကနေပစ်ပြီးတော့ မီးသဂြိုလ်ရတယ်။”

သေဆုံးသူတွေထဲမှာ အသက် ၂၀ ကနေ အသက် ၆၀ အထိ အမျိုးသားတွေပါဝင်ပါတယ်။

အခုလို ယင်းရွာအနီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို မီဒီယာတွေက မေးမြန်းထားတာကိုလည်း ပြန်လည် ဖြေကြားခြင်း မပြုလုပ်သေးပါဘူး။

ပြီးခဲ့တဲ့လ ဇွန် ၁၉ ရက်နေ့တုန်းက ယင်းရွာအနီးက ကင်းရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကျေးရွာသားအချို့ကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့ပါတယ်။ ကင်းရွာအနီးမှာ စစ်ကောင်စီရဲ့ယမ်းတင်ဆောင်တဲ့ သင်္ဘော တိုက်ခိုက်ခံရတာတွေလည်းရှိခဲ့ပြီး PDF တပ်ဖွဲ့တွေနဲ့ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏ ဝင်ရောက်ရှာဖွေလေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တဆက်တည်းမှာပဲ ဒီကနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့ပေါ်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကောင်စီ ကားတန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာကြောင့် အမျိုးသမီး တဦး ဗိုက်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့လည်းသိရပါတယ်။

XS
SM
MD
LG