သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားဆင္းတုေတာ္ေတြ ထုလုပ္တဲ့ စက်င္ရြာ ျမင္ကြင္းမ်ား (ဓာတ္ပံု - ထက္ေအာင္ခန္႔ (ဗီြအိုေအ)

"စားက်င္" လို႔ေခၚရာကေန ကာလေဒသေျပာင္းလဲလာတဲ့အခါမွာ "စက်င္" ဆိုၿပီး အမည္တြင္တဲ့ မႏၲေလးတိုင္းက ရြာေလးတရြာမွာ ရြာသူ ရြာသား ၈၀ ရာခိုင္ႏႈန္းဟာ ဘိုးဘြားအစဥ္အဆက္ လုပ္ကိုင္လာတဲ့ ပန္းတေမာ့ပညာနဲ႔ အသက္ေမြး၀မ္းေၾကာင္းျပဳၾကပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔အျပား ေစတီပုထိုးေတြမွာရွိတဲ့ စက်င္ေက်ာက္နဲ႔ ထုလုပ္ထားတဲ့ ဘုရားဆင္းတုေတာ္ေတြဟာ ဒီစက်င္ရြာကေန ထြက္ရွိတာျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ တရုတ္၊ ထိုင္း စတဲ့ ႏိုင္ငံေတြကပါ မွာယူလာတဲ့အတြက္ တင္ပို႔ေရာင္းခ်ၾကတယ္လို႔ေျပာပါတယ္။

[Unicode]

ဘုရားဆင်းတုတော်တွေ ထုလုပ်တဲ့ စကျင်ရွာ မြင်ကွင်းများ (ဓာတ်ပုံ - ထက်အောင်ခန့် (ဗွီအိုအေ)

"စားကျင်" လို့ခေါ်ရာကနေ ကာလဒေသပြောင်းလဲလာတဲ့အခါမှာ "စကျင်" ဆိုပြီး အမည်တွင်တဲ့ မန္တလေးတိုင်းက ရွာလေးတရွာမှာ ရွာသူ ရွာသား ၈၀ ရာခိုင်နှုန်းဟာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာတဲ့ ပန်းတမော့ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။

မြန်မာနိုင်ငံအနှံ့အပြား စေတီပုထိုးတွေမှာရှိတဲ့ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဘုရားဆင်းတုတော်တွေဟာ ဒီစကျင်ရွာကနေ ထွက်ရှိတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေကပါ မှာယူလာတဲ့အတွက် တင်ပို့ရောင်းချကြတယ်လို့ပြောပါတယ်။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG