သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုလသံအမတ်ကြီး ဂီနီရောက်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power

အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဆီသွားရောက်တဲ့ခရီးစဉ်အဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဂီနီနိုင်ငံကို ရောက်ရှိသွားပါတယ်။ လူသေဆုံးစေတဲ့ အီဘိုလာ Virus တိုက်ဖျက်ရေးကို နိုင်ငံတကာက ပိုပြီး အားထုတ်လုပ်ကြဖို့ တွန်းအားပေးတဲ့အနေနဲ့ အီဘိုလာ အဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံတွေဆီ အမေရိကန်သံအမတ်ကြီး သွားရောက်နေတာဖြစ်ပါတယ်။

သံအမတ်ကြီး Power ဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေတဲ့ စင်တာတွေဆီသွားပြီး အီဘိုလာရောဂါကုသမှု အခြေအနေတွေကို သူကိုယ်တိုင်သွားကြည့်မှာဖြစ်ပါတယ်။ အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့လည်း ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဂီနီနိုင်ငံပြီးရင် သူဟာ Sierra Leone နဲ့ လိုက်ဘေးရီးယားနိုင်ငံတွေဆီကို ခရီးဆက်မှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီနိုင်ငံ ၃ နိုင်ငံကနေ ရောက်လာလို့ အီဘိုလာကူးစက်နိုင်ခြေရှိနိုင်တဲ့သူတွေကို ၂၁ ရက်ကြာ သီးခြားခွဲထားဖို့ Illinois ပြည်နယ် အုပ်ချုပ်ရေးမှုးက အမိန့်ထုတ်ထားပါတယ်။ New Jersey နဲ့ New York ပြည်နယ်တွေမှာလည်း အလားတူ အမိန့် ထုတ်ပြန်ထားပါတယ်။

အီဘိုလာရောဂါသည်တွေနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူတိုင်းကို လေဆိပ်ရောက်လာတာနဲ့တင် ၂၁ ရက် သီးခြားခွဲထားမှာဖြစ်ပါတယ်။ Sierra Leone
မှာ အီဘိုလာဖြစ်ပွားသူတွေကို ကုသပေးခဲ့ပြီး New Jersey Newark လေဆိပ်အရောက်မှာ အများနဲ့ သီးခြားခွဲခံထားရတဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သူနာပြုက သူ့ကို လေဆိပ်မှာ ပြုမှုဆက်ဆံတာတွေဟာ ရာဇဝတ်သားတယောက်ကို ဆက်ဆံသလို ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘယ်သူကမှ သူ့ကို သေသေချာချာ ရှင်းပြတာမျိုး မရှိသလို စစ်ဆေးမေးမြန်းတဲ့ပုံစံတွေက အကျဉ်းသားတယောက်လို ခံစားခဲ့ရတယ်လို့ Dallas
Morning News သတင်းစာကို သူနာပြုက ပြောခဲ့ပါတယ်။

XS
SM
MD
LG