သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဖရန်စ္စကို ဆေးရုံကြီးနှစ်ခုက ဝန်ထမ်း ၂၀၀ ကျော် ကိုဗစ်ကူးစက်


San Francisco Hospital Facebook
San Francisco Hospital Facebook

Zawgyi/Unicode

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် San Franciso မြို့က အဓိက ဆေးရုံကြီး ၂ ခုမှာ ဝန်ထမ်း ၂၀၀ ကျော် ကိုရိုနာဗိုင်းရပ် ကူးစက်နေတဲ့အကြောင်း နယူးယောက်တိုင်မ်း သတင်းစာကြီးက စနေနေ့မှာ ဖေါ်ပြခဲ့ပါတယ်။

ဝန်ထမ်းအများစုဟာ Zuckerberg San Francisco အထွေထွေရောဂါကု ဆေးရုံနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် San Francisco ဆေးရုံတု့ိကဖြစ်ပြီး အများစုဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသားတွေဖြစ်သလို ကူးစက်မြန်တဲ့ မျိုးရိုးဗီဇပြောင်း delta variant ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာလို့လည်း သတင်းစာက ရေးပါတယ်။

ရောဂါကူးစက်တဲ့သူတွေထဲက ၂ ယောက်ပဲ ဆေးရုံမှာဆေးကုဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးမထိုးခဲ့ဘူးဆိုရင် ဆေးရုံတက်ကုသရမယ့်သူ ဒီထက်များနိုင်တဲ့ အကြောင်း Zuckerberg San Francisco ဆေးရုံ ကျန်းမာဌာန အကြီးအကဲ Dr. Lukejohn Day က ပြောပါတယ်။

ကိုဗစ်ကာလ အခက်အခဲတစုံတရာကြောင့် အိမ်ငှားခမပေးနိုင်တဲ့သူတွေကို နှင်မချဖို့ တားမြစ်ချက် စနေနေ့က သက်တမ်းကုန်ဆုံးသွားပြီး အမေရိကန်ပြည်ထောင်စုမှာ သန်းနဲ့ချီတဲ့အိမ်ငှားတွေ သူတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ လမ်းပေါ်ပစ်ချပြီး အိမ်က ဖယ်ရှားခံရမယ့်အခြေအနေကို ရင်ဆိုင်နေရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အိမ်ငှား ၆ သန်းခွဲ၊ စုစုပေါင်း လူ ၁၅ သန်းလောက်ဟာ အိမ်ငှားခ အချိန်မီမပေးနိုင်တဲ့ အခက်အခဲရင်ဆိုင်နေရတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

အိုလံပစ်ပွဲတော်ကျင်းပနေတဲ့ တိုကျိုမှာတော့ အိုလံပစ်နဲ့ဆက်စပ်နေတဲ့ လူတွေထဲမှာ ကိုဗစ် 19 ရောဂါ ကူးစက်သူ ၁၈ ယောက်တွေ့တဲ့အကြောင်း အိုလံပစ်ကျင်းပရေးအရာရှိတွေက ပြောပါတယ်။ ဘယ်သူဘယ်ဝါလို့မပြောတဲ့ အားကစားသမား တယောက်လည်း ကူးစက်တဲ့စာရင်းထဲမှာပါတယ်လို့ ပြောပါတယ်။ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ တိုးလာနေပြီး စနေနေ့က စာရင်းအရ ရောဂါကူးစက်မှုအသစ် ၄၀၅၈ ယောက် မှာ ထပ်တွေ့ရပြီး ပထမဆုံးအကြိမ် လေးထောင်ကျော်သွားတာလို့လည်း တိုကျို မြို့တော် အစိုးရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


=======

Unicode








#Covid19 #USCovid #SanFranciso #VOABurmese

XS
SM
MD
LG