၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက်မှုရဲ့လက်သည်တရားခံ မြောက်ကိုရီးယားသူလျှိုတွေထဲက တဦးကို ဖမ်းဆီးပေးခဲ့တဲ့အထဲမှာ လက်ရှိ အသက် ၈၀ ကျော်အရွယ် ဒေါ်စန်းရီလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံ့ဂုဏ်သိက္ခာအတွက် အသက်စွန့်ဆောင်ရွက်ခဲ့ပေမဲ့လို့ သူဟာ အခုတော့ ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်မှာ လှည့်လည်အလှူခံ တောင်းရမ်းရင်းနဲ့ နေ့စဥ်ဘဝကို ဖြတ်သန်းနေရတာပါ။ ဒီအကြောင်း အေအက်ဖ်ပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ချွန်ဒူးဟွမ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်မှုကတော့ ၁၉၈၃ အောက်တိုဘာလ ၉ ရက်မှာ ဖြစ်ပွါးခဲ့ပြီး အခုဆိုရင် အနှစ် ၄၀ လောက် ရှိလာပါပြီ။ ဒါပေမဲ့ ဒီလုပ်ကြံမှုကို အားထုတ်ခဲ့တဲ့ မြောက်ကိုရီးယား သူလျှိုတွေကို အသက်စွန့် ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ မြန်မာပြည်သူတွေကတော့ အမေ့လျော့ခံဘဝကို ရောက်နေပါပြီ။
အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ ဒေါ်စန်းရီဟာ မြောက်ကိုရီးယားသူလျှိုတယောက်ကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့သူပါ။
“ဘာမှ ကျမ မလိုလားပါဘူး။ ကျွေးကျွေးမကျွေးကျွေး သူတို့ကျွေးရင်ကျွေး၊ မကျွေးရင်နေ၊ သားတို့လို ပြည်သူက ကျွေးနေလည်း အမေ စားနေရတာပဲ။ တောင်းစားနေရပေမဲ့ ပြည်သူက သိနေတော့ အမေ့ကို ကျွေးနေတယ်လေ။ သူတို့ကျွေးတာ အမေစားနေတာ၊ သူတို့လာကျွေးဖို့လည်း မတောင့်တပါဘူး။”
အဲဒီအချိန်က ဒေါ်စန်းရီဟာ ရန်ကုန်မြို့ ပုဇွန်တောင်ချောင်း ညောင်တန်းဆိပ်နားမှာ အရက်ပုန်းဆိုင်ဖွင့်ထားသူပါ။ အာဇာနည်ဗိမာန်ကို ဗုံးခွဲပြီး တောင်ကိုရီးယားသမ္မတ ချွန်ဒူးဟွမ်ကို လုပ်ကြံမယ့်အစီအစဥ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်မှူး ဇင်ဘိုဟာ ဖောက်ခွဲမှုအပြီး ပုဇွန်တောင်ချောင်းအတိုင်း ရေကူးရင်း ထွက်ပြေးလာချိန်ညောင်တန်းဆိပ်အရောက် လူတွေမြင်သွားတဲ့အတွက် ဝိုင်းဝန်းအော်ဟစ်ချိန်မှာ ထိပ်တိုက် ဝင်ရောက်ဖမ်းဆီးခဲ့သူဟာ ဒေါ်စန်းရီ ပါ။
“မဖမ်းရဲဘူး-တဲ့။ ‘အေး။ မဖမ်းရဲရင် ဖယ်စမ်း’ ဆိုပြီး ညဝတ်အင်္ကျီကို ဆွဲတင်လိုက်ပြီးတော့ ခါးမှာချည်လိုက်တယ်။ ချီပြီးတော့ ဆင်းသွားတယ်။ ဆင်းသွားတော့ အဖွားကို သူ လှမ်းကြည့်နေတယ်။ ကုန်းတဝက်ရေတဝက်ဖော်ပြီးတော့ မတ်တပ်ကလေး လှမ်းကြည့်နေတယ်။ သူက ကြည့်တော့ ‘မောင်လေးရယ်၊ လာ..လာ’ လို့ လက်ကလေးတော့ ပြတာပေါ့နော်၊ သူ့ကို ၊ သူ ကြည့်တယ်။ ကျမကို။ ကြည့်နေရင်းနဲ့ ‘ဟယ်…ငါ ဗမာလိုပြောတာ သူ ဘယ်နားလည်မလဲ...လို့။ အဲဒီတော့ ငါ အင်္ဂလိပ်တွေကို နောက်တဲ့ စကားတလုံးတော့ရှိတယ်။ ‘Hello! Are you my friend?’ ဆိုတော့ သူက “Yes, yes..” တဲ့။ ဆိုတေ့ာ သူက အိုင်ယူချိုင်းနား …(ကျနော် တရုတ်ပါ) ပါတဲ့ဆိုပြီး လက်ကို အဖွားကို လက်ပေးတယ်။ “Sit down, sit down” ဆိုပြီး ထိုင်ခိုင်းတော့ သူက “No, sit dow တဲ့၊ You Get out-“ တဲ့။ ကျမကို သွားတော့ဆိုပြီး တွန်းပလိုက်တာ။ မသွားဘဲနဲ့ သူ့ ဘယ်ဘက်လက်မောင်းကြီးကို အတင်းဖက်ထားတာ။ လွတ်သွားမှာကြောက်လို့ ဖက်ထားတာပါ။ ဒိပြင်ဟာတွေကြောင့် မဟုတ်ဘူး။ ထင်တာကတော့ အဲဒီမှာ ဗုံးခွဲတဲ့ကောင်ပဲ-ဆိုတာ တွက်ထားပြီးသား။ ကိုယ်တုံးလုံးချွတ်ကြီးနဲ့ ပြေးလာတယ်။ နောက်ပြီးတော့ ရဲလိုက်ဖမ်းလို့ ပြေးတယ်ပဲ ထင်တာပေါ့။”
ရန်သူနိုင်ငံတွေ ဖြစ်ကြတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်နေချိန် အဲ့ဒီအချိန်က တောင်ကိုရီးယားသမ္မတ ချွန်ဒူးဟွမ်ကို သူ့မြန်မာပြည်ခရီးစဥ်အတွင်းလုပ်ကြံဖို့ မြောက်ကိုရီးယား ကွန်မန်ဒို ဗိုလ်မှူး ဇင်ဘို၊ ဗိုလ်ကြီး ဆင်ကီချူး ၊ ဗိုလ်ကြီး ကင်မင်ချူးတို့ (၃) ဦးကို အထူးရွေးချယ် စေလွှတ်ခဲ့တာပါ။ အာဇာနည်ဗိမာန်ကို ဗုံးခွဲမှုအပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ မြောက်ကိုရီးယားသူလျှို (၃)ဦးကို အရှင်ဖမ်းမိဖို့ ကြိုးစားခဲ့ပေမယ့် ဇင်ဘိုနဲ့ ကင်မင်ချူးသာ အရှင်ဖမ်းမိခဲ့ပြီး ဆင်ကီချူးကတော့ ပြန်လည်ခုခံရင်း သူ့မှာပါလာတဲ့ ဗုံး လက်ထဲဖေါက်ခွဲ သေဆုံးသွားခဲ့ပါတယ်။
ဗိုလ်မှူး ဇင်ဘိုဟာလည်း သူ့ကို ဝိုင်းဖမ်းကြတုန်း ကိုယ့်ကိုယ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သေးတယ်လို့ ဒေါ်စန်းရီက ဆိုပါတယ်။
“အဖွားကို သူက မောင်းထုတ်လိုက်သေးတယ်။ တွန်းထုတ်လိုက်ပြီးမှ သူ့ကိုယ်သူထောက်သတ်တာ။ အပေါ်ကိုဆွဲပြီး …အဲဒါနဲ့ ဘယ်ဘက်ကလက်ကတခါပြတ်သွားတယ်။ ဒီဘက်က လေးချောင်းပြတ်တယ်။ လက်မလေးတချောင်းပဲကျန်တယ်။ ဆတ်..ဆတ်..ဆတ်..ဆတ် နဲ့ ခုန်နေတာ တွေ့တာ အဖွားက။ ဒီဥစ္စာကြီးက ငုံးတိုကြီး။ ဒီလိုကြီး လက်ကြီးက ခုန်နေတယ်။ အဲဒါနဲ့ -ဟယ် ဒုက္ခပဲ...ဆိုပြီး ဆင်းမလို့လည်းလုပ်ရော သူက ရေထဲ ထိုးဆင်းသွားတယ်။ အဖွားက လိုက်တာ။ အဲဒီ ရေထဲမှာ တခါထပ်လိုက်တာ။
ပေါက်ကွဲမှုကြောင့် လက်ပြတ်သွားခဲ့တဲ့ ဇင်ဘိုကို စစ်မေးနိုင်ဖို့ မြန်မာအာဏာပိုင်တွေက ဆေးကုသပေးခဲ့ပါတယ်။
“ဖမ်းသွားပြီး သူ့ကို ဆေးရုံမှာ ပြပြီးတော့ ထောင်ချတယ်လို့ ကြားတာပဲ။ ရုံးမှာခေါ်ပြီးစစ်တယ်လေ။ စစ်တော့ အဖွားကိုတော့ လာမခေါ်တော့ဘူး။ လာမခေါ်ဘဲနဲ့ သူတို့ဟာသူတို့ အဲဒီမှာ စကားပြန်နဲ့စစ်ပြီးတော့ ထောင်ချထားတယ်တဲ့။
နေရာမှာတင် သေဆုံးသွားနိုင်တဲ့ ဖေါက်ခွဲရေးလက်နက် ပါသူကို ခုလို ဝင်ဖမ်းရတာ အသက်အန္တရာယ်ရှိမှန်းသိပေမယ့် နိုင်ငံတော်အတွက်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာပါလို့ သူမက ဆိုပါတယ်။
ဘယ်သူ့အတွက်ရယ်လို့ မပါပါဘူး။ နိုင်ငံ့အတွက်ဆိုတဲ့ အသိအမှတ်နဲ့ အဖွား သွားလုပ်တာ။ “ငါတို့ဗိုလ်ချုပ်အောင်ဆန်းဟာ တချိန်လည်း လုပ်ကြံခံလို့ သတ်လိုက်ရပြီးပြီ။ အခုတခါလည်း လာလုပ်ကြံပြီးတော့ သတ်ပြန်ပြီလား” စိတ်က အဖွား အဲဒီလို ပိုင်းထားတာပါ။ အဲဒီလိုပိုင်းပြီး ဆင်းသွားတာ။ တို့နိုင်ငံကို လာစော်ကားတာတွေ များနေပြီ။ ဒီကောင်တွေဟာ ဆိုပြီးတော့။”
ဖေါက်ခွဲလုပ်ကြံမှုအပြီး ရန်ကုန်မြစ်ဝမှာ သူတို့ကို စောင့်နေတဲ့ သင်္ဘောမှာ ပြန်ဆုံဖို့ချိန်းထားတဲ့ မြောက်ကိုရီးယားကွန်မန်ဒိုတွေထဲက ဇင်ဘို အဖမ်းခံလိုက်ရပြီးနောက် တိမ်းရှောင်နေဆဲ ဆင်ကီချူးနဲ့ ကင်မင်ချူးတို့ဟာ လက်ရှိ သီလဝါဆိပ်ကမ်းနား သခွပ်ပင်ရွာ ကမ်းထိပ်မှာနားနေတုန်း တံငါသည် ကိုစိုးမြင့်လှေကို လှမ်းခေါ်စီးမိရာက သတင်းပေါက်ကြားပီး ရဲတွေဖမ်းဆီးဖို့ကြိုးစားပေမယ့် ဆင်ကီချူးက လက်ထဲ ဗုံးပေါက်ပီး နေရာမှာတင်သေဆုံးခဲ့ပါတယ်။ ထွက်ပြေးလွတ်သွားတဲ့ ကင်မင်ချူးကိုတော့ နောက်တနေ့မှာမှ ဖမ်းဆီးနိုင်ခဲ့တာပါ။
ဒီလို အရဲစွန့်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တမရပေမယ့် ဘဝရဲ့လက်ကျန်အချိန်တွေကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းလိုတယ်လို့ ဒေါ်စန်းရီက ဆိုပါတယ်။
“အဖွား မမျှော်လင့်ပါဘူး။ သေလူတယောက်ဖြစ်နေပါပြီ။ အဖွားက ၈၀ ကျော်၊ ၈၀ နဲ့ ၇ နှစ် ရှိပါပြီ။ အဖွား အသက် နေရ ၁၀၀ တောင် မပြည့်ပါဘူး။ အဖွား သေရတော့မှာပါ။ ဘာလုပ်တော့မှာလဲ။ ပေးတဲ့စည်းစိမ်လည်း မလိုချင်ဘူး။ မလိုချင်ဘူး။ အဖွား အခုလို အချိန်လေးမှာ အိမ်မကွာ အိုးမကွာလေး တရားလေး အားထုတ်ပြီးတော့ ထိုင်စားဖို့ ဈေးလေးဘာလေး ရောင်းချင်တာ။ ဒါလေးပဲအဖွားရှိတယ်။ ဆိုင်လေးဖွင့်ချင်တယ်ပေါ့နော်၊ အဖွားက အဲလိုလေး လုပ်ချင်တယ်။
မြောက်ကိုရီးယား သူလျှို (၃)ဦးဟာ အခင်းဖြစ်ပွားတဲ့ရက် မတိုင်ခင် တလလောက်ကြိုတင်ပြီး ြမန်မာပြည်မှာ ပစ္စည်းလာချတဲ့ ကုန်တင်သ င်္ဘောတစင်းနဲ့ ရန်ကုန်ဆိပ်ကမ်းကို ရောက်လာခဲ့တာလို့ကင်မင်ချူးက ထွက်ဆိုကြောင်း ပြည်တွင်းနဲ့နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပါတယ်။ အမှုစစ်ဆေးစဥ် ဖြေဆိုဖို့ငြင်းဆန်ခဲ့တဲ့ ဇင်ဘိုကိုတော့ သေဒဏ်ချမှတ်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ချွန်ဒူးဟွမ်ကို လုပ်ကြံဖို့ အဓိကရည်ရွယ်တဲ့ ၁၉၈၃ အောက်တိုဘာလ (၉)ရက် မနက် (၁၀)နာရီကျော် ရန်ကုန်−အာဇာနည်ဗိမာန်အဟောင်း ဖေါက်ခွဲမှုမှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ အရာရှိ(၁၇)ဦး သေဆုံးခဲ့ရလို ၊ မြန်မာဘက်က (၄)ဦးသေဆုံးခဲ့ပါတယ်။ မစ္စတာ ချွန်ဒူးဟွမ်ကတော့ လမ်းခရီးမှာ နောက်ကျနေလို့ အသက်ဘေးက လွတ်ခဲ့ရပါတယ်။
မြောက်ကိုရီးယား သူလျှို(၃)ဦးဟာ အခင်းဖြစ်ပွားတဲ့ရက် မတိုင်ခင် တလလောက်ကြိုတင်ပြီး မြန်မာပြည်မှာ ပစ္စည်းလာချတဲ့ ကုန်တင်သ င်္ဘောတစင်းနဲ့ ရန်ကုန်ဆိပ်ကမ်းကို ရောက်လာခဲ့တာလို့ ကင်မင်ချူးက ထွက်ဆိုကြောင်း ပြည်တွင်းနဲ့နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပါတယ်။ အမှုစစ်ဆေးစဥ် ဖြေဆိုဖို့ငြင်းဆန်ခဲ့တဲ့ ဇင်ဘိုကိုတော့ သေဒဏ်ချမှတ်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ချွန်ဒူးဟွမ်ကို လုပ်ကြံဖို့ အဓိကရည်ရွယ်တဲ့ ၁၉၈၃ အောက်တိုဘာလ(၉)ရက် မနက် (၁၀)နာရီကျော် ရန်ကုန်−အာဇာနည်ဗိမာန်အဟောင်း ဗုံးဖေါက်ခွဲမှုမှာ တောင်ကိုရီးယား နိုင်ငံြခားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ အရာရှိ(၁၇)ဦး သေဆုံးခဲ့ရလို၊ မြန်မာဘက်က (၄)ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ သတင်းထောက် ၂ ဦးပါဝင်တာပါ။ မစ္စတာ ချွန်ဒူးဟွမ်ကတော့ လမ်းခရီးမှာ နောက်ကျနေလို့ အသက်ဘေးက လွတ်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အပြီးမကြာခင် မြောက်ကိုရီးယားကို မြန်မာနိုင်ငံဘက်က သံတမန်အဆက်အသွယ် ဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်မှာ သံတမန်ရေး ပြန်လည်ဆက်ဆံခဲ့ပါတယ်။