သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှု မြောက်ကိုရီးယားပြည်သူတွေ ထိခိုက်မှာ ကုလ စိုးရိမ်


မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီး ဖြစ်တာကြောင့် ပိတ်ဆို့ အရေးုယူမှုတွေရဲ့ သက်ရောက်မှုကို လုံခြုံရေးကောင်စီအနေနဲ့ သုံးသပ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေး အဖွဲ့အေဂျင်စီတွေက ထောက်ပံ့ပေးနေတဲ့ အကူအညီတွေဟာ မြောက်ကိုရီးယားနိုင်ငံက ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရသူပေါင်း ၁၃ သန်းလောက်အတွက် အသက်တမျှ အရေးပါတဲ့ အကူအညီတွေဖြစ်ကြောင်း၊ ပိတ်ဆို့မှုတွေက အဲဒီ အရေးပါတဲ့ အကူအညီတွေအပေါ် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ပဲရစ်မြို့ကနေ ဗွီဒီယိုကတဆင့် အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားတဲ့အထဲ ထည့်သွင်း ပြောဆိုသွားတာပါ။

ဥပမာတခုအနေနဲ့ နိုင်ငံတကာ မြောက်ကိုရီးယားရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်မှုတွေ ချမှတ်ထားတာကို သူက ထဲ့သွင်း ပြောကြားခဲ့တာမှာ စားနပ်ရိက္ခာ Ration တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းကိရိယာတွေနဲ့ တခြား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မြောက်ကိုရီးယား နိုင်ငံသားတွေအပေါ် ပေးနေတာတွေကို နှေးကွေးသွားစေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေတွေကို အဓိကထား ဆွေးနွေးတဲ့ ကောင်စီရဲ့ အထူး စည်းဝေးပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တရုတ်၊ ရုရှားနဲ့ ဘိုလီးဗီးယားနိုင်ငံတွေက ကန့်ကွက်ထားတဲ့ကြားကဘဲ အဖွဲ့ဝင် နိုင်ငံ အများစုက ထောက်ခံတဲ့အတွက် စည်းဝေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG