သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ရုပ်သိမ်းရင် ပေါင်းစည်းမှု အလားအလာကောင်းဟု ဦးသိန်းစိန်ပြော


Požar na španskoj rivijeri blizu Korune.

မြန်မာ စစ်အစိုးရ အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် မို့လို့ အနောက်နိုင်ငံတွေက စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပြည်ဝင်ခွင့်တွေကို ပိတ်ဆို့ထားတွေ လျှော့ပေါ့ ပေးမယ် ဆိုရင် မြန်မာနိုင်ငံ မှာ အမျိုးသား ပြန်လည် ပေါင်းစည်းမှု အတွက် အလားအလာကောင်းတွေ ဖြစ်ပါတယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာ အပေါ် ပိတ်ဆို့မှု တွေ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပြီး တဲ့ နောက် သမ္မတ ဦးသိန်းစိန်က အခုလို တုန့်ပြန်လိုက်တာပါ။

မြန်မာ သမ္မတ ဦးသိန်းစိန် က ကြားဖြတ်ရွေးကောက်ပွဲ ထမြောက် အောင်မြင်ခဲ့ ပြီးတဲ့ နောက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းရေး တောင်းဆိုချက်တွေ နဲ့ ပတ်သက်ပြီးတော့ အားရ ကျေနပ်တယ် လို့ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့မှာ အခုလို ပြောဆိုသွားပါတယ်။

“နောက်ကျတဲ့ အကြောင်းအရင်း ကလည်း မြန်မာ နိုင်ငံပေါ်မှာ တားဆီးရေး ပိတ်ဆို့မှု တွေ နှစ်ပေါင်း ၂၀ ကျော် လောက် ရှိနေတဲ့ အတွက် ကြောင့် ကျနော်တို့ ရဲ့ စီးပွားရေးဟာ တိုးတက် သင့်သလောက် မတိုးတက် ပါဘူး။ အခုတော့ တားဆီးမှုတွေ ဖြေလျှော့သွား မယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဒါဟာ ပေါင်းစည်း နိုင် ဖို့ အတွက် အလားအလာ ကောင်းတွေ ကျနော်တို့ ရလာမှာ ဖြစ်ပါတယ်။”

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်စူဝမ် ကလည်း အာဆီယံအတွင်း လတ်တလော ဖြစ်ပေါ် ပြောင်းလဲ မှုတွေ နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်လိုက်ပါတယ်။

“အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံနဲ့ ပတ်သက်လာရင် ဘယ်လို အချိန်အခါမှာ ဘဲ ဖြစ်ဖြစ်၊ ပူးပေါင်း ဆောင်ရွက်မှု တွေ မှာဘဲ ဖြစ်ဖြစ် သိပ်ကို သတိထား ဂရုစိုက်ပြီး တော့ သိမ်သိမ်မွေ့မွေ့ ကြိုးစားပြီး ကိုင်တွယ်ခဲ့ ရတာပါ။ အခုတော့ ရှေ့လျှောက် ပြီးတော့ အဖွဲ့ဝင် ဘယ်နိုင်ငံ မဆို ပါဝင်တဲ့ အခါဘဲ ဖြစ်ဖြစ်၊ မပါဝင်တဲ့ အခါဘဲ ဖြစ်ဖြစ် လုပ်ငန်းစဉ်တွေ နဲ့ ပုံစံချတာထက် ပူးပေါင်း ဆောင်ရွက်မှု မှာ ဘယ်လို လုပ်ကြမလဲ ဆိုတာကို အာရုံ စိုက်လာ နိုင်ပြီ ပေါ့လို့ ပြောသွားပါတယ်။”

တစ်ဆက်တည်းမှာဘဲ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးတယ် ဆိုတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ကလည်း မြန်မာ့ ကြားဖြတ် ရွေးကောက်ပွဲ ကနေ နိုင်ငံရေး ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်၊ နောက် တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ရှေ့ဆက် တွန်းအားပေး သွားနိုင်မှာ ဖြစ်တယ် လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟုန်လေး က အခုလို ပြောပါတယ်။

“မြန်မာ နိုင်ငံကို ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု တွေကို ရုပ်သိမ်းပေးဖို့ ဆောင်ရွက်တာကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်။ သက်ဆိုင်ရာ နိုင်ငံ အားလုံး အနေနဲ့ မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့မှု တွေ အားလုံးကို အပြည့်အဝ အဖြစ်နိုင်ဆုံး အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ် လို့ ပြောသွားပါတယ်။”

XS
SM
MD
LG