သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူရေး သြစတြေးလျ အတိုက်အခံပါတီ ထောက်ခံ


Australia's Minister Simon Birmingham
Australia's Minister Simon Birmingham

နိုင်ငံတကာအသိုက်အဝန်းနဲ့ ဒေသတွင်း အာရှနိုင်ငံတွေအပေါ် စစ်ကောင်စီက မထေမဲ့မြင် ပြုတဲ့အတိုင်း၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူတာကို စဉ်းစားသင့်တယ်လို့ သြစတြေးလျအတိုက်အခံ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ အထက်လွှတ်တော်အမတ် Simon Birmingham က ပြောကြားလိုက်ပါတယ်။ မြန်မာ၊ အီရန်နဲ့ တရုတ်စတဲ့ နိုင်ငံတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူ လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူတာကို ထောက်ခံမယ်လို့ သူက ပြောပါတယ်။

ရက်ပေါင်း ၆၅၀ ကြာ ထောင်ချထားပြီးတဲ့နောက် သြစထြေးလျား စီးပွါးရေးပညာရှင် ရှောင်တန်နယ်ကို လွှတ်ပေးလိုက်ပြီးတဲ့နောက် ပိတ်ဆို့အရေးယူမှု ချမှတ်သင့်သလားလို့ မေးတဲ့အခါမှာ မစ္စတာ Birmingham က အဲဒီလို ဖြေကြားသွားခဲ့တာပါ။ စစ်ကောင်စီကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူမပြုသင့်ဘူးလို့ သူက Australia ABC သတင်းဌာန ရဲ့ Insiders အစီအစဉ်ကို ပြောပါတယ်။

ဒါပေမဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး ဆုံးဖြတ်ရာမှာ Australia ရဲ့ အမျိုးသားအကျိုးစီးပွါးက အဓိက ဖြစ်ရပါမယ်လို့ ဝန်ကြီးချုပ် Anthony Albanese ကတော့ ပြောပါတယ်။

“မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျွန်တော်တို့ ဆက်လက်ပြောဆိုနေမှာပါ။ ဒါက အပြောင်းအလဲ မရှိပါဘူး” - လို့ အေဘီစီ သတင်းဌာနကို သူက ဆိုပါတယ်။

ရှောင်တန်နယ် လွတ်မြောက်လာခဲ့တာနဲ့ ပတ်သက်ပြီး၊ ကျွန်တော်တို့က ဆော်သြစည်းရုံးခဲ့သလို၊ အာဆီယံရဲ့ စည်းရုံးပြောဆိုပေးမှုနဲ့ ထောက်ခံမှုက အလွန်အရေးကြီးခဲ့ပါတယ်လို့ ဝန်ကြီးချုပ် Albanese က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==== Unicode ====






XS
SM
MD
LG