သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်လာရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ ယှဉ်ပြိုင်ရာမှာ တက်ကြွစွာနဲ့ ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဟာ ရီပတ်ဘလီကန်ပါတီဘက်က သမ္မတလောင်းဖြစ်လာမယ့် Donald Trump နဲ့ ယှဉ်ပြိုင်ရေးအတွက် Hillary Clinton ကို သမ္မတလောင်းအဖြစ် ထောက်ခံကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

Clinton ဟာ အကောင်းဆုံး သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ကြောင်းနဲ့ Clinton သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရရေးအတွက် သူ့အနေနဲ့ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း Bernie Sanders က ပြောပါတယ်။

Wall Street အစုရှယ်ဈေးကွက်က သူဌေးကြီးတွေရဲ့ ငွေကြေးဆိုင်ရာ သြဇာလွှမ်းမိုးမှုနဲ့ အမေရိကန်နိုင်ငံအတွင်း ကြီးထွားလာနေတဲ့ ၀င်ငွေ မမျှတမှုတွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် Sanders ဟာ တဦးနဲ့တဦး လပေါင်းများစွာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက် Clinton က သဘောတူ လက်ခံလိုက်တဲ့ သူ့ရဲ့ လစ်ဘရယ်ဆန်တဲ့ လူမှုရေးဆိုင်ရာ မူဝါဒတွေကိုလည်း ချပြခဲ့ပါတယ်။

ပြည်နယ်ပေါင်း ၅၀ မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့အထဲ Sanders က ၂၂ ပြည်နယ်မှာ ကျင်းပတဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ အနိုင်ရလိုက်ပေမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင်မယ့် ပါတီညီလာခံမှာ ကိုယ်စားလှယ် အရေအတွက်အများဆုံး တက်ခွင့်ရှိတဲ့ ပြည်နယ်အများစုမှာ Clinton က ဆက်တိုက် အနိုင်ရလိုက်တဲ့အတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာသလောက် ရှိသွားခဲ့တာပါ။

XS
SM
MD
LG