သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ပြင်ဆင်


Sandy မုန်တိုင်း Atlantic Ocean ကို စတင် တိုက်ခိုက်နေပုံ ( အောက်တိုဘာ ၂၉၊၂၀၁၂)
Sandy မုန်တိုင်း Atlantic Ocean ကို စတင် တိုက်ခိုက်နေပုံ ( အောက်တိုဘာ ၂၉၊၂၀၁၂)
အမေရိကန်ပြည်ထောင်စုမှာ ကြုံဖူးးသမျှ မုန်တိုင်းတွေထဲမှာ အကြီးမားဆုံးဖြစ်မယ့် စန်ဒီ ဟာရီကိန်းမုန်တိုင်းဟာ ဒီကနေ့ တနင်္လာနေ့မှာ ကုန်တွင်းပိုင်းကို ဝင်ရောက်ဖို့ရှိတာနဲ့အမျှ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသဖြစ်တဲ့ အရှေ့ဘက် ကမ်းရိုးတန်း ဒေသတလျှောက် မိုးကြီးရွာပြီး လေပြင်းတိုက်မှာ ဖြစ်တာကြောင့် အခြေအနေတွေ ဆိုးဖို့ရှိနေပါတယ်။

ဆန်ဒီမုန်တိုင်းဟာ ကမ်းရိုးတန်းဒေသဆီ ရွေ့လျားနေပြီး တခြား ဆောင်းမုန်တိုင်းနှစ်ခုနဲ့ ပေါင်းသွားမယ်လို့ ခန့်မှန်ထားကြပါ တယ်။ အဲဒါကြောင့်လည်း ဆူပါမုန်တိုင်းလို့ တင်စားပြောနေကြတဲ့ ပေါင်းစပ် မုန်တိုင်းကြီးအဖြစ် ရောက်သွားမှာဖြစ်ပြီး လူပေါင်း သန်း ၆၀ လောက်အထိကို သက်ရောက်ဖွယ်ရှိပါတယ်။ မုန်တိုင်းဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ကုန်တွင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ဗာဂျီးနီးယားပြည်နယ်ကနေ မက်ဆာချူးဆက်ပြည်နယ်ထိ ကမ်းရိုးတန်းတလျှောက်မှာ ဟာရီကိန်း ပြင်းအား နှုန်းနဲ့ လေပြင်းတိုက်လိမ့်မယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ နယူးယောက်ဆိပ်ကမ်းမှာ ၁၀ ပေနီးပါး လှိုင်းလုံးကြီးတွေ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်း ထားပါတယ်။ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲလ်ဖီးယားနဲ့ နယူးယောက်မြို့တွေလို အဓိကမြို့ကြီးတွေမှာ ကျောင်းတွေ ပိတ်ထားသလို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေကိုလည်း ရပ်ထားပါတယ်။
XS
SM
MD
LG