သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sandy မုန်တိုင်းသင့်သူတွေ အအေးဒဏ်နဲ့ ထပ်ကြုံ


အမေရိကန် အရှေ့ဘက်ခြမ်း ဒေသက စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းဒဏ် ခံခဲ့ရသူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ လောင်စာဆီ မလုံလောက်မှုတွေနဲ့ အတူ နောက်ဆက်တွဲ ရေခဲမတတ် အအေးဒဏ်ကို ခံနေကြရပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ် နီးပါးက မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ လောက် သေဆုံးပြီး ဒေါ်လာသန်းပေါင်း ၅ သောင်းလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။

အမေရိကန် အရှေ့မြောက်ဘက် ဒေသက လူပေါင်း၂ သန်းကျော်ဟာ ဆိုရင်လည်း အခုအထိ လျှပ်စစ်မီး မရဘဲ ဖြစ်နေရပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ နယူးယောက်မြို့ရဲ့ မြို့တော်ဝန် Michael Bloomberg ကတော့ လျှပ်စစ်မီး မရကြသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အနေနဲ့ အရေးပေါ် ခိုလှုံရာ နေရာတွေကို သွားရောက်ပြီး နွေးနွေးထွေးထွေး နေထိုင်ကြဖို့နဲ့ ပူပူနွေးနွေး စားစရာတွေကို စားကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဒီမတိုင်မီရက်တွေ မှာတော့ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နယူးယောက်မြို့ မာရသွန် အပြေးပြိုင်ပွဲကိုလည်း ရေဘေးဒဏ်သင့် ဒေသအတွက် အကူအညီတွေ မလိုအပ်ဘဲ တခြား ရောက်ကုန်မယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အစီအစဉ်ကို ဖျက်သိမ်းကြောင်း မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မာရသွန် ပြေးပွဲအတွက် ရောက်လာကြတဲ့ ခရီးသွားတွေ ကတော့ တနင်္ဂနွေနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း ဝင်ရောက် ကူညီခဲ့ကြသလို၊ အပြေးသမား တချို့ကလည်း မုန်တိုင်းဒဏ်သင့်သူတွေ အတွက် အကူအညီရစေမယ့် အပြေးပြိုင်ပွဲ တချို့ကိုလည်း ကျင်းပခဲ့ကြတာပါ။ နယူးယောက်မြို့ မက်ဟန်တန် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ စနေနေ့က လျှပ်စစ်မီးတွေ ပြန်ရခဲ့ပေမဲ့ မြို့ရဲ့ ကျန်နေရာ အတော်များများမှာတော့ မီးတွေ ပျက်နေဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG