သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒဏ် ပြည်သူတွေအတွက် နိုဘဲလ်ဆုငွေတွေ လှုမည်ဟု ကိုလံဘီယာသမ္မတပြော


ကိုလံဘီယာသမ္မတ Juan Manuel Santos က နိုင်ငံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ် မိတ္ထူကို ကုလအတွင်းရေးမှူးချုပ် ကိုပေးအပ်နေစဉ် (စက်တင်ဘာလ ၁၉ ၂၀၁၆)
ကိုလံဘီယာသမ္မတ Juan Manuel Santos က နိုင်ငံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ် မိတ္ထူကို ကုလအတွင်းရေးမှူးချုပ် ကိုပေးအပ်နေစဉ် (စက်တင်ဘာလ ၁၉ ၂၀၁၆)

၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရခဲ့တဲ့ ကိုလံဘီယာသမ္မတ Juan Manuel Santos က သူ့ရဲ့ ဆုငွေကို ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်တွေကြား နှစ်ပေါင်း ၅၀ ကြာ ပြည်တွင်းစစ်ဒဏ် ခံခဲ့ကြရသူတွေအ တွက် ပေးလှု မယ်လို့ ပြောကြား လိုက်ပါတယ်။

သမ္မတ Santos ဟာ ဒီနှစ်အစောပိုင်းမှာ သူပုန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက် ရအောင် လုပ်နိုင်ခဲ့တဲ့အတွက် သောကြာနေ့က ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့တာဖြစ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၉ သိန်းကျော် ရရှိမှာ ဖြစ်ပါတယ်။

ဒီငွေတွေကို နိုင်ငံတွင်း ပြန်လည်သွေးစည်းရေးနဲ့ စစ်ဒဏ်ခံရသူတွေအတွက် စီမံ ကိန်းတွေ၊ အုတ်မြစ်ချတာတွေ ဒါမှမဟုတ် အစီအစဉ်တွေ လုပ်ဆောင်ရာမှာ သုံးဖို့ လှုဒါန်းမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာပဲ ပြောပါတယ်။

ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံကြောင်း ကိုလံဘီယာနိုင်ငံ သားတွေက ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းကပဲ မဲပေးခဲ့ကြပေးမယ့် သူကတော့ သူ ပုန်တွေနဲ့ ငြိမ်းချမ်းရေးရ တဲ့အထိ လုပ်ဆောင်မှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

အခုရရှိထားတဲ့ သဘောတူညီချက်အတွက် ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ပြီး ငြိမ်ချမ်းရေးကို ထိမ်းနိုင်အောင် အကောင်ထည် ဖေါ်သွား မှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

၂၀၀၂ ခုနှစ်တုန်းက ကိုလံဘီယာ အနောက်ပိုင်းက Bojaya မြို့ကလေးကို သူ ပုန်တွေ ထိမ်းချုပ်ဖို့ ကျိုးစားရင်း လူပေါင်း တရာကျော် သေဆုံးရ တဲ့ဗုံး ပေါက်ကွဲခဲ့ တဲ့ ဘုရားကျောင်းမှာ အခန်းအနားကျင်းပတုန်း သမ္မတ Santos က ခုလို ပြောကြား ခဲ့တာပါ။ နှစ်ပေါင်း ၅၀ အတွင်း တိုက် ပွဲတွေကြောင့် သေဆုံးခဲ့ရ သူက ၂ သိန်း ခွဲကျော် ရှိတာပါ။

ဒီသဘောတူညီချက်ကနေ FARC သူပုန်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ၊ လူအစု လိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ထိုက်သင့် တဲ့ ပြင်းထန်တဲ့ ပစ် ဒဏ်တွေ မကျခံရပဲ လွတ်မြောက်ခွင့် ပေးထားတဲ့အတွက် ကိုလံ ဘီယာ နိုင်ငံသားတွေက မကျေမနပ် ဒေါသထွက်ကြပြီး မဲပေးကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG