သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားရေး ကန်ကိုယ်စားလှယ် မြန်မာပြည်သွားမည်


အလုပ်သမားရေး ကန်ကိုယ်စားလှယ် Sarah Fox (Marcel Crozet/ILO)
အလုပ်သမားရေး ကန်ကိုယ်စားလှယ် Sarah Fox (Marcel Crozet/ILO)

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ အလုပ်သမားရေးဆိုင်ရာ အထူးကိုယ်စားလှယ် Sarah Fox ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ချိန်မှာ မစ္စ Sarah Fox ဟာ အစိုးရတာဝန်ရှိသူတွေ၊ စီးပွါးရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ တခြား အရပ်ဖက် လူမှုလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အတူ ဒုတိယအကြိမ်မြောက် အလုပ်သမားဥပဒေ ပြုပြင်ရေးနဲ့ ဌာနဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး ဖိုရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ အခြေခံ အလုပ်သမား ရပိုင်ခွင့်တွေရှိလာစေဖို့နဲ့ ဒီရပိုင်ခွင့်တွေ အကြောင်းး ပိုမို သိရှိလာကြစေဖို့ ကနဦး လုပ်ဆောင်တဲ့ အစီစဉ် တခုလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို မြန်မာ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နဲ့ ဒိန်းမတ်နိုင်ငံနဲ့ အီးယူ ဥရောပ သမဂ္ဂအပြင် ILO နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်း တို့ပါ ပါဝင်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အဆင့်အတန်း ခေတ်မှီစေဖို့နဲ့ နိုင်ငံတကာ အလုပ်သမားအဆင့်အတန်းနဲ့ အညီ တိုးတက်လာစေဖို့အပြင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ လူမှုလူ့အဖွဲ့အစည်းတို့ကြား ခိုင်မာတဲ့ ညှိနှိုင်း ပြောဆိုမှုတွေ ကျင့်သုံးလာစေရေး အတွက် အထောက်အကူပေးဖို့ ရည်ရွယ် ကျင်းပတာလည်း ဖြစ်ပါတယ်။

မစ္စ Fox ဟာ မြန်မာနိုင်ငံ အပြင် ကမ္ဘောဒီးယား နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

Yale တက္ကသိုလ်နဲ့ Harvard ဥပဒေ ကျောင်းဆင်း တဦး ဖြစ်တဲ့ မစ္စ Fox ဟာ ILO မှာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။

အလုပ်သမားရေး ကန်ကိုယ်စားလှယ် မြန်မာပြည်သွားမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG