သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ရဖို႔ ေမွ်ာ္လင့္ဆဲ - နိပြန္ေဖာင္ေဒးရွင္းဥကၠ႒


Yohei Sasawaka သတင္းစာရွင္းလင္းပြဲ (ႏိုဝင္ဘာ ၁၈၊ ၂၀၂၁/ဗီြအိုေအ ျမန္မာပိုင္း)

{{Zawgyi/Unicode}}

စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ရဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ျမန္မာႏိုင္ငံ မွာေရာက္ေနတဲ့ Nippon Foundation ဥကၠ႒ မစၥတာဆာဆာကာဝါကေျပာပါတယ္။ သူ႔ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ အတြင္း မတူကြဲျပားတဲ့ အျမင္သေဘာထားရွိတဲ့ လူပုဂၢိဳလ္အမ်ားအျပားနဲ႔ ေတြ႔ဆုံခဲ့တယ္လို႔ ခရီးစဥ္နဲ႔ ပတ္သက္တဲ့ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားေပမဲ့ ဘာေတြ ေဆြးေႏြးတယ္ဆုိတာကိုေတာ့ ထုတ္ေဖာ္ေျပာျခင္း မ႐ွိပါဘူး။ ရခိုင္ျပည္နယ္ကဒုကၡသည္စခန္းေတြမွာ အကူအညီေတြ လိုအပ္ေနဆဲျဖစ္တာေၾကာင့္ Nippon Foundation က ဆက္လက္ကူညီသြားမယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒီအေၾကာင္း ကိုယ္တုိင္ သတင္းစာ႐ွင္းပြဲ တက္ေရာက္ခဲ့တဲ့ ကိုစည္သူက တင္ျပေပးထားပါတယ္။

ႏိုဝင္ဘာလ ၁၂ ရက္ေန႔ကတည္းက ျမန္မာႏိုင္ငံမွာ ေရာက္ေနတဲ့ Nippon Foundation ဥကၠဌ မစၥတာ ဆာဆာကာဝါက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ရဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔လုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္းေျပာဆိုသြားခဲ့တာပါ။

"ၿပီးခဲ့တဲ့ႏွစ္ ၁၁ လပိုင္းတုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေနာက္ဆံုးေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ က်ေနာ္ ေတြ႔ဆံုခဲ့တဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ရတနာတပါးလို အရမ္းကို အျမတ္ တႏိုး တန္ဖိုးထားတဲ့ ဂ်ပန္ဓါးကို က်ေနာ့္ကိုေပးၿပီးေတာ့မွ ဒီဓါးက သံေခ်းတက္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ျပင္ဆင္ေပးပါ” ဆိုၿပီး ေတာင္းဆိုလာတဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီ ဂ်ပန္ဓါးကို ဂ်ပန္ျပည္ျပန္သယ္ သြားၿပီးေတာ့မွ ဓါးျပင္ဆင္တာေတြ၊ ျပန္ေသြးတာေတြက်ေနာ္ လုပ္ခဲ့ပါတယ္။ ဒီဓါးေသြးတာဆိုလို႔ရွိရင္ ၈ လေလာက္ အခ်ိန္ယူခဲ့ရပါတယ္။ အခု ဒီဓါးလည္း ျပဳျပင္ၿပီးသြားၿပီျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အတတ္ႏုိင္ဆံုး၊ အျမန္ဆံုး က်ေနာ္ ေဒၚေအာင္ဆန္းစုၾကည္ကို ျပန္လည္ေပးအပ္ႏိုင္မယ့္ရက္ကို ေမွ်ာ္လင့္လွ်က္ရွိပါတယ္။”

သူ႔ခရီးစဥ္အတြင္း က႑စုံကပုဂၢိဳလ္ေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး ကြဲျပားတဲ့ အျမင္သေဘာထားေတြကို နားေထာင္ ခဲ့ရတယ္လို႔ မစၥတာဆာဆာကာဝါက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အခု ခရီးစဥ္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ခဲ့တာအျပင္ ျပည္ထဲေရး၊ ႏိုင္ငံျခားေရး စတဲ့ စစ္ေကာင္စီဝန္ႀကီးဌာန ဝန္ႀကီးေတြနဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။ ရခိုင္ခရီးစဥ္အတြင္း ရခိုင္ဝန္ႀကီးခ်ဳပ္၊ အေနာက္ပိုင္းတိုင္း တိုင္းမွဴးတို႔နဲ႔ပါေတြ႔ဆုံခဲ့တယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ နကစအႀကံေပး ေဒၚယဥ္ယဥ္ႏြယ္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ ဦးေအာင္မင္းတို႔နဲ႔လည္း ေတြ႔ဆုံခဲ့ပါတယ္။

ႏိုင္ငံေရးပါတီေတြထဲကဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္သူ႔ပါတီ ၊ ရွမ္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ၊ ရခိုင္အမ်ိဳးသားပါတီ ANP တို႔အျပင္ ပါတီတခ်ိဳ႕နဲ႔ေတြ႕ဆုံခဲ့ေၾကာင္း ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။ NLD ေခါင္းေဆာင္တခ်ိဳ႕နဲ႔ ေတြ႔ဆုံခဲ့တာကို မစၥတာဆာဆာကာဝါက ထုတ္ေျပာခဲ့ေပမယ့္ ေတြ႔ဆုံခဲ့သူအမည္နဲ႔ ဘာေတြေဆြးေႏြးခဲ့တယ္ဆိုတာကိုေတာ့ ထုတ္ေျပာဖို႔ ျငင္းဆန္ခဲ့ပါတယ္။

“က်ေနာ္ဟာဆိုလုိ႔ရွိရင္ ရလဒ္အေျဖ ထြက္ၿပီးသား အေၾကာင္းအရာေတြဆိုလို႔ရွိရင္ ရွင္းျပ ေျပာျပေလ့ရွိပါတယ္။ သို႔ေသာ္လည္း ျပဳလုပ္ေနဆဲ အခ်ိန္ကာလမွာ က်ေနာ္တို႔ ဘာေတြ ေျပာခဲ့တယ္ဆိုတဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီးေတာ့မွ က်ေနာ္ ေျပာေလ့ေျပာထ မရွိပါဘူး။ ေရငံုႏႈတ္ပိတ္ေနတဲ့ သံတမန္ဆက္ဆံေရးကို ျပဳလုပ္လာတာဟာ က်ေနာ့္ရဲ႕အေျခခံမူဝါဒျဖစ္ပါတယ္။ NLD ေခါင္းေဆာင္ပိုင္းနဲ႔ ေတြ႔ဆံုခဲ့တယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဘယ္သူနဲ႔ေတြ႔ဆံုခဲ့သလဲဆိုတဲ့ နာမည္ကိုေတာ့ က်ေနာ္ ေျပာျပလုိ႔မျဖစ္ပါဘူး။”

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးစပ္တဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္၊ သမၼတေဟာင္း ဦးထင္ေက်ာ္ ရဲ႕ဇနီးလည္းျဖစ္တဲ့ ေဒၚစုစုလြင္နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ မ်က္ျမင္သက္ေသတဦးက ဗြီအိုေအကို ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာထားပါတယ္။

Nippon foundation ဥကၠ႒အေနနဲ႔ ျမန္မာႏိုင္ငံကို လာေရာက္တဲ့ မစၥတာဆာဆာကာဝါဟာ ျမန္မာႏိုင္ငံခရီးစဥ္ အတြင္း ရခိုင္ျပည္နယ္က ရခိုင္နဲ႔ မြတ္ဆလင္ဒုကၡသည္ စခန္းေတြကိုလည္း သြားေရာက္ခဲ့ပါတယ္။ ရခိုင္ ျပည္နယ္မွာ အပစ္အခတ္ရပ္စဲေနလို႔ ၿငိမ္းခ်မ္းေနေပမယ့္ IDP စခန္းေတြမွာေတာ့ အကူအညီေတြ လိုအပ္ေန ဆဲပဲလို႔ မစၥတာ ဆာဆာကာဝါက ေျပာပါတယ္။

“တပ္မေတာ္နဲ႔ ရခုိင့္တပ္မေတာ္ၾကား အပစ္အခတ္ရပ္စဲမႈျပဳလုပ္တာဆိုလို႔ရွိရင္ အခုခ်ိန္ခါမွာ တႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ အင္မတန္ျပင္းထန္တဲ့တိုက္ပြဲေတြ ျဖစ္ခဲ့ေသာ္ျငားလည္းပဲက်ေနာ့္ရဲ႕အနည္းငယ္မွ်ေသာအင္အားနဲ႔ အပစ္အခတ္္ရပ္စဲမႈေတြအထေျမာက္ေအာင္ က်ေနာ့္အေနနဲ႔ ဝင္ေရာက္ေဆာင္ရြက္ခြင့္ေပးႏိုင္ခဲ့တဲ့အတြက္လည္း ဝမ္းသာပါတယ္။ အခု လက္ရွိ ႐ခုိင္ျပည္နယ္ရဲ႕ ဒီ ၿငိမ္းခ်မ္းတဲ့အေျခအေနေတြကို က်ေနာ္ကိုယ္တုိင္ လက္ေတြ႔ လာေရာက္ၾကည့္႐ႈတဲ့အခ်ိန္မွာ ၿငိမ္းခ်မ္းတဲ့အေနအထားရွိတယ္ဆိုတာကို က်ေနာ္ ေတြ႔ရွိခဲ့ရပါတယ္။ သို႔ေသာ္လည္း ဒိထက္ၿငိမ္းခ်မ္းခ်င္ေသာ္ျငားလည္းပဲ ရခုိင္မွာရွိတဲ့ IDP camp ကိုသြားၿပီးေတာ့ ေလ့လာခဲ့တဲ့အခ်ိန္မွာ၆ ႏွစ္တုန္းက က်ေနာ္ ေတြ႔ႀကံဳခံစားခဲ့ရတဲ့အတုိင္းပဲ IDP စခန္းမွာ ဆိုလုိ႔ရွိရင္လည္း ၆ ႏွစ္ ဝန္းက်င္မွာရွိတဲ့ခေလးေတြဟာဆိုလုိ႔ရွိရင္ အင္မတန္ဆိုးဝါးတဲ့ပတ္ဝန္းက်င္အေျခအေနမွာ ေနထိုင္လွ်က္ ရွိေနတယ္ဆုိတာကို က်ေနာ္ ေတြ႔ရွိရတဲ့အတြက္ အင္မတန္ကို ဝမ္းနည္း စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ဒီအတြက္ေၾကာင့္မို႔လို႔ ျမန္မာႏုိင္ငံမွာရွိတဲ့ IDP ေတြတင္မက ဆင္းရဲဒုကၡနဲ႔ေတြ႔ႀကံဳခံစားေနၾကရတဲ့ လူေတြအတြက္ က်ေနာ္ဟာဆိုလို႔ရွိရင္ လူသားခ်င္းစာနာမႈကူညီေထာက္ပံ့မႈေတြကို ပိုမိုၿပီးေတာ့မွ လုပ္ေဆာင္သြားရမယ္လို႔ က်ေနာ့္ကိုယ္က်ေနာ္လည္း ဆံုးျဖတ္ခ်က္ ခ်မွတ္မိပါတယ္။

ျမန္မာႏိုင္ငံမွာ လိုအပ္ေနတဲ့ ကိုဗစ္ကာကြယ္ေဆးအေရအတြက္ အနည္းဆုံး ၁ သန္းကို ေပးလွဴဖို႔ ႐ွိသလို ကခ်င္၊ ကရင္နဲ႔ ရခိုင္ေဒသေတြက ဒုကၡသည္စခန္းေတြအပါအဝင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ အတြက္ စုစုေပါင္း အေမရိကန္ေဒၚလာ ၁၇ သန္းကို Nippon Foundation ကေန တိုက္႐ိုက္ လွဴဒါန္းေပးသြား မယ္လို႔ Nippon Foundation ဥကၠ႒ မစၥတာဆာဆာကာဝါက ဒီကေန႔ အသိေပးေၾကညာပါတယ္။ လူသားခ်င္းစာနာမႈအကူအညီအတြက္ Nippon Foundation က ျမန္မာႏိုင္ငံကို ကူညီေပးေနတာလို႔ ဒီကေန႔သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆိုသြားပါတယ္။

Nippon Foundation ဥကၠ႒ မစၥတာဆာဆာကာဝါရဲ႕ အခုခရီးစဥ္ဟာ ျမန္မာႏိုင္ငံ အမ်ဳိးသား ျပန္လည္ သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕ အထူးကုိယ္စားလွယ္အေနနဲ႔ သြားေရာက္တာ မဟုတ္ဘူးလုိ႔ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi က ေျပာၾကားထားပါတယ္။

သူ႔ရဲ႕ခရီးစဥ္ ဘယ္ေတာ့အဆံုးသတ္မယ္ဆုိတာကို မစၥတာဆာဆာကာဝါက ဒီကေန႔အတိအက် ေျပာမသြားပါဘူး။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ဆဲ - နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံ မှာရောက်နေတဲ့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကပြောပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း မတူကွဲပြားတဲ့ အမြင်သဘောထားရှိတဲ့ လူပုဂ္ဂိုလ်အများအပြားနဲ့ တွေ့ဆုံခဲ့တယ်လို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားပေမဲ့ ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တာကြောင့် Nippon Foundation က ဆက်လက်ကူညီသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ ကိုစည်သူက တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Nippon Foundation ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြောင်း ရန်ကုန်မြို့မှာ ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းပြောဆိုသွားခဲ့တာပါ။

"ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကျနော် တွေ့ဆုံခဲ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရတနာတပါးလို အရမ်းကို အမြတ် တနိုး တန်ဖိုးထားတဲ့ ဂျပန်ဓါးကို ကျနော့်ကိုပေးပြီးတော့မှ ဒီဓါးက သံချေးတက်နေတဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်ပေးပါ” ဆိုပြီး တောင်းဆိုလာတဲ့အတွက်ကြောင့်မို့လို့ အဲဒီ ဂျပန်ဓါးကို ဂျပန်ပြည်ပြန်သယ် သွားပြီးတော့မှ ဓါးပြင်ဆင်တာတွေ၊ ပြန်သွေးတာတွေကျနော် လုပ်ခဲ့ပါတယ်။ ဒီဓါးသွေးတာဆိုလို့ရှိရင် ၈ လလောက် အချိန်ယူခဲ့ရပါတယ်။ အခု ဒီဓါးလည်း ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပေးအပ်နိုင်မယ့်ရက်ကို မျှော်လင့်လျှက်ရှိပါတယ်။”

သူ့ခရီးစဉ်အတွင်း ကဏ္ဍစုံကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကွဲပြားတဲ့ အမြင်သဘောထားတွေကို နားထောင် ခဲ့ရတယ်လို့ မစ္စတာဆာဆာကာဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခု ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့တာအပြင် ပြည်ထဲရေး၊ နိုင်ငံခြားရေး စတဲ့ စစ်ကောင်စီဝန်ကြီးဌာန ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ခရီးစဉ်အတွင်း ရခိုင်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း တိုင်းမှူးတို့နဲ့ပါတွေ့ဆုံခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် နကစအကြံပေး ဒေါ်ယဉ်ယဉ်နွယ်၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးအောင်မင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေထဲကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရခိုင်အမျိုးသားပါတီ ANP တို့အပြင် ပါတီတချို့နဲ့တွေ့ဆုံခဲ့ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ NLD ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တာကို မစ္စတာဆာဆာကာဝါက ထုတ်ပြောခဲ့ပေမယ့် တွေ့ဆုံခဲ့သူအမည်နဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ကျနော်ဟာဆိုလို့ရှိရင် ရလဒ်အဖြေ ထွက်ပြီးသား အကြောင်းအရာတွေဆိုလို့ရှိရင် ရှင်းပြ ပြောပြလေ့ရှိပါတယ်။ သို့သော်လည်း ပြုလုပ်နေဆဲ အချိန်ကာလမှာ ကျနော်တို့ ဘာတွေ ပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ ကျနော် ပြောလေ့ပြောထ မရှိပါဘူး။ ရေငုံနှုတ်ပိတ်နေတဲ့ သံတမန်ဆက်ဆံရေးကို ပြုလုပ်လာတာဟာ ကျနော့်ရဲ့အခြေခံမူဝါဒဖြစ်ပါတယ်။ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲဆိုတဲ့ နာမည်ကိုတော့ ကျနော် ပြောပြလို့မဖြစ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ သမ္မတဟောင်း ဦးထင်ကျော် ရဲ့ဇနီးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

Nippon foundation ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်က ရခိုင်နဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင် ပြည်နယ်မှာ အပစ်အခတ်ရပ်စဲနေလို့ ငြိမ်းချမ်းနေပေမယ့် IDP စခန်းတွေမှာတော့ အကူအညီတွေ လိုအပ်နေ ဆဲပဲလို့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

“တပ်မတော်နဲ့ ရခိုင့်တပ်မတော်ကြား အပစ်အခတ်ရပ်စဲမှုပြုလုပ်တာဆိုလို့ရှိရင် အခုချိန်ခါမှာ တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့သော်ငြားလည်းပဲကျနော့်ရဲ့အနည်းငယ်မျှသောအင်အားနဲ့ အပစ်အခတ်ရပ်စဲမှုတွေအထမြောက်အောင် ကျနော့်အနေနဲ့ ဝင်ရောက်ဆောင်ရွက်ခွင့်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခု လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ဒီ ငြိမ်းချမ်းတဲ့အခြေအနေတွေကို ကျနော်ကိုယ်တိုင် လက်တွေ့ လာရောက်ကြည့်ရှုတဲ့အချိန်မှာ ငြိမ်းချမ်းတဲ့အနေအထားရှိတယ်ဆိုတာကို ကျနော် တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း ဒိထက်ငြိမ်းချမ်းချင်သော်ငြားလည်းပဲ ရခိုင်မှာရှိတဲ့ IDP camp ကိုသွားပြီးတော့ လေ့လာခဲ့တဲ့အချိန်မှာ၆ နှစ်တုန်းက ကျနော် တွေ့ကြုံခံစားခဲ့ရတဲ့အတိုင်းပဲ IDP စခန်းမှာ ဆိုလို့ရှိရင်လည်း ၆ နှစ် ဝန်းကျင်မှာရှိတဲ့ခလေးတွေဟာဆိုလို့ရှိရင် အင်မတန်ဆိုးဝါးတဲ့ပတ်ဝန်းကျင်အခြေအနေမှာ နေထိုင်လျှက် ရှိနေတယ်ဆိုတာကို ကျနော် တွေ့ရှိရတဲ့အတွက် အင်မတန်ကို ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ IDP တွေတင်မက ဆင်းရဲဒုက္ခနဲ့တွေ့ကြုံခံစားနေကြရတဲ့ လူတွေအတွက် ကျနော်ဟာဆိုလို့ရှိရင် လူသားချင်းစာနာမှုကူညီထောက်ပံ့မှုတွေကို ပိုမိုပြီးတော့မှ လုပ်ဆောင်သွားရမယ်လို့ ကျနော့်ကိုယ်ကျနော်လည်း ဆုံးဖြတ်ချက် ချမှတ်မိပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၁ သန်းကို ပေးလှူဖို့ ရှိသလို ကချင်၊ ကရင်နဲ့ ရခိုင်ဒေသတွေက ဒုက္ခသည်စခန်းတွေအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကို Nippon Foundation ကနေ တိုက်ရိုက် လှူဒါန်းပေးသွား မယ်လို့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ဒီကနေ့ အသိပေးကြေညာပါတယ်။ လူသားချင်းစာနာမှုအကူအညီအတွက် Nippon Foundation က မြန်မာနိုင်ငံကို ကူညီပေးနေတာလို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သွားရောက်တာ မဟုတ်ဘူးလို့ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောကြားထားပါတယ်။

သူ့ရဲ့ခရီးစဉ် ဘယ်တော့အဆုံးသတ်မယ်ဆိုတာကို မစ္စတာဆာဆာကာဝါက ဒီကနေ့အတိအကျ ပြောမသွားပါဘူး။

#Sasakawa #NipponFoundation #DawAungSanSuuKyi #voaburmese #ဆာဆာကာဝါ #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG