{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔ NLD ေခါင္းေဆာင္ေတြအပါအဝင္ က႑အသီးအသီးက ေခါင္းေဆာင္ေတြနဲ႔ သူ႔ခရီးစဥ္အတြင္း ေတ့ြဆုံေဆြးေႏြးသြားမယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕အထူးကိုယ္စားလွယ္လည္းျဖစ္၊နီပြန္ေဖာင္ေဒးရွင္းဥကၠ႒လည္းျဖစ္တဲ့ Mr. Yohei Sasakawa ကေျပာၾကားလိုက္ပါတယ္။ ရခိုင္ျပည္နယ္ကို ဒီေန႔ သြားေရာက္စဥ္မွာ ခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ဦးတင္ေမာင္သန္းကတင္ျပေပးထားပါတယ္။
ျမန္မာႏိုင္ငံကို ႏိုဝင္ဘာ ၁၂ ရက္ေန႔ထဲက ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa ဟာ ဒီေန႔ ရခိုင္ျပည္နယ္ကို သြားေရာက္ ခဲ့ပါတယ္။ စစ္ေတြၿမိဳ႕နယ္ထဲက အလိုေတာ္ျပည့္ေက်ာင္းမွာရွိတဲ့ ရခိုင္စစ္ေဘးဒုကၡသည္စခန္းနဲ႔ သက္ကယ္ျပင္ မြတ္ဆလင္ဒုကၡသည္စခန္းတို႔ဆီကို သြားေရာက္ခဲ့ပါတယ္။ ရခိုင္ျပည္နယ္ ဒုကၡသည္ေတြအတြက္ အေမရိကန္ေဒၚလာ ၈.၅ သန္း လႉဒါန္းမယ္လို႔ နီပြန္ေဖာင္ေဒးရွင္းရဲ႕ ဥကၠ႒လည္းျဖစ္တဲ့ Mr. Sasakawa ကေျပာၾကားခဲ့ပါတယ္။
လက္ရွိျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔အတြက္လည္း NLD ရဲ႕ ထိပ္ပိုင္းေခါင္း ေဆာင္ေတြအပါအဝင္ က႑အသီးသီးက ေခါင္းေဆာင္ေတြနဲ႔ သူ႔ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ ေတြ႔ဆုံ ေဆြးေႏြးသြားမယ္လို႔ ရခိုင္ျပည္နယ္ အစိုးရဧည့္ရိပ္သားမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ Mr. Sasakawa က ခုလို ေျပာဆိုခဲ့ပါတယ္။
“ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနဟာ ရႈပ္ေထြးတဲ့အေျခအေနမွာ ရွိေနတယ္လို႔ က်ေနာ္သိရပါတယ္။ အဲဒါေၾကာင့္ အခန္းက႑အသီးသီးရဲ႕ေခါင္းေဆာင္ပိုင္းေတြနဲ႔ ေတြ႔ၿပီးေတာ့မွ ဘယ္လိုေဆာင္႐ြက္သြားရင္ ဒီအခက္အခဲက ေက်ာ္ျဖတ္သြားႏိုင္မလဲ ဆိုတာကိုလည္း က်ေနာ့္ေလ့လာသြားခ်င္ပါတယ္။ က်ေနာ္က အခုဆိုရင္ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အထူးကိုယ္စားလွယ္ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီခရီးစဥ္မွာ NLD ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြ၊ ရွစ္ေလးလုံး အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ၿပီး၊ သူတို႔ဆီေတြက ၾကားသိရတဲ့ စကားေတြကို နားေထာင္ၿပီး အဲဒီအေပၚမွာ ခြဲျခမ္းစိတ္ျဖာၿပီးမွ ဘယ္ပုံစံနဲ႔ ေဆာင္႐ြက္သြားမလဲ ဆိုတာကို က်ေနာ္ႀကိဳးစားေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။”
ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတြ ဖမ္းဆီးခံထားရခ်ိန္ သူ႔အေနနဲ႔ ဘယ္သူေတြနဲ႔ ေတြ႔ဆံုမယ္ဆိုတာကိုေတာ့ ရွင္းရွင္းေျပာၾကားခဲ့ျခင္း မရွိပါဘူး။ ႏိုဝင္ဘာ ၁၃ ရက္ေန႔ ကေတာ့ သူဟာ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ပါတယ္။ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕အထူးကိုယ္စားလွယ္ဟာ ရခိုင္လက္နက္ကိုင္ AA နဲ႔စစ္တပ္ၾကား အပစ္အခတ္ရပ္စဲေရး ရရွိေအာင္ ၾကားဝင္ ေစ့စပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့သူတေယာက္ျဖစ္ပါတယ္။ အပစ္အခတ္ရပ္စဲေရး ၁ ႏွစ္ျပည့္အခ်ိန္ အေျခအေနကို လာေရာက္ေလ့လာတာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။ၿငိမ္ခ်မ္းေနတဲ့ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ထပ္မျဖစ္ဖို႔ ေအာက္ေျခ အဆင့္ တပ္သားေတြအထိ ၫြန္ၾကားထားဖို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေတြကို တိုက္တြန္းထားသလို စစ္တပ္နဲ႔ AA အဖြဲ႔ၾကား တိုက္ပြဲေတြ ထပ္မျဖစ္ေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အထူးကိုယ္စားလွယ္ မစၥတာ ဆာဆာကာဝါက ေျပာပါတယ္။
“တခ်က္ပဲ က်ေနာ္ေျပာျပလို႔ရတာ ရွိပါတယ္။ အဲဒါဘာလဲဆိုရင္ အခုလက္ရွိ ၿငိမ္းခ်မ္းေနတဲ့အေနအထားကို ဆက္ၿပီးေတာ့ ထိန္းသိမ္းထားႏိုင္ဖို႔ အပစ္အခတ္လုံးဝမလုပ္ဖို႔ တဘက္နဲ႔ တဘက္ ဆက္သြယ္ေဆာင္႐ြက္သြားမယ့္အေၾကာင္း၊ အပစ္အခတ္လုံးဝမလုပ္ဖို႔အေၾကာင္းကို ေအာက္ေျခတပ္သားအထိ ၫႊန္ၾကားထားဖို႔အတြက္ကို သူတို႔ကို ေျပာၾကားထားၿပီးျဖစ္ပါတယ္။ ႏွစ္ဘက္ထိေတြ႔မႈ လုံးဝ မျဖစ္ေအာင္ ဆက္ၿပီး ထိန္းသိန္းသြားမွာ ျဖစ္ပါတယ္။”
သူျမန္မာႏိုင္ငံကို ေရာက္ေရာက္ခ်င္း ႏိုဝင္ဘာ ၁၂ ရက္ေန႔က AA အဖြဲ႕ေခါင္းေဆာင္ေတြနဲ႔ အြန္လိုင္းကေန ေတြ႔ဆုံေဆြးေႏြးခဲ့တယ္လို႔လည္း ေျပာပါတယ္။ ၂၀၂၀ ခုႏွစ္ ႏိုင္ဝင္ဘာလမွာ ရခိုင္ျပည္နယ္ကို လာေရာက္ခဲ့ၿပီး အခု ဒုတိယအႀကိမ္လာခဲ့တာနဲ႔ပတ္သက္လို႔လည္း Mr. Sasakawa ကခုလို ေျပာပါတယ္။
“ဟုတ္ကဲ့ခင္ဗ်ာ။ က်ေနာ္လာရတဲ့ ရည္႐ြက္ခ်က္ဟာ အပစ္အခတ္ရပ္စဲသြားတဲ့ေနာက္ပိုင္းမွာ လာေရာက္ၿပီးေတာ့ ေလ့လာတာျဖစ္ပါတယ္။ အဲဒီအျပင္ IDP စခန္းေတြရဲ႕ အေနအထားေတြကို လာေရာက္ၿပီးေတာ့မွ က်ေနာ္တို႔ ဘာမ်ား အကူအညီေပးႏိုင္မလဲဆိုတာကို ေလ့လာတာျဖစ္ပါတယ္။ အခု ၿငိမ္းခ်မ္းေရး အေကာင္ အထည္ေဖာ္တာနဲ႔ ပတ္သက္ၿပီးေတာ့မွ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မယ္ဆိုရင္ အပစ္အခတ္ရပ္စဲရးဟာ ပထမျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ အပစ္ရပ္ထားတာ တႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ ဆက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရဒအတြက္ လူႀကီးမင္းမ်ား အားလုံးပါဝင္ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။”
ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕အထူးကိုယ္စားလွယ္လည္းျဖစ္၊ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒လည္းျဖစ္တဲ့ Mr. Yohei Sasakawa ကရခိုင္ျပည္နယ္ ခရီးစဥ္အတြင္း ျပည္နယ္ ေကာင္စီတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆုံခဲ့ေပမယ့္လည္း ေတြ႔ဆုံႏႈတ္ဆက္တဲ့ သေဘာသာျဖစ္ၿပီး တစုံတရာ ေဆြးေႏြးတိုင္ပင္ခဲ့တာ မရွိဘူးလို႔ ျပည္နယ္ေကာင္စီေျပာခြင့္ရ ဦးလွသိန္းကေျပာပါတယ္။ ရခိုင္အမ်ိဳးသားပါတီ ANP နဲ႔လည္း သီးျခားေတြ႔ဆုံခဲ့တာ ရွိၿပီး အဲဒီေတြ႔ဆုံပြဲမွာေတာ့ စစ္တပ္နဲ႔ AA အဖြဲ႔တို႔ရဲ႕လက္ရွိ အေျခအေနေတြကို တင္ျပလိုက္တယ္လို႔လည္း ANP ပါတီဘက္ကေျပာပါတယ္။
============
{{Unicode}}
မြန်မာ့အရေးပြေလည်ဖို့ NLD ခေါင်းဆောင်တွေအပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံသွားမည် (ဆာဆာကာဝါ)
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ NLD ခေါင်းဆောင်တွေအပါအဝင် ကဏ္ဍအသီးအသီးက ခေါင်းဆောင်တွေနဲ့ သူ့ခရီးစဉ်အတွင်း တေ့ွဆုံဆွေးနွေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လည်းဖြစ်၊နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr. Yohei Sasakawa ကပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကို ဒီနေ့ သွားရောက်စဉ်မှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ဦးတင်မောင်သန်းကတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၂ ရက်နေ့ထဲက ရောက်ရှိနေတဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် Mr. Yohei Sasakawa ဟာ ဒီနေ့ ရခိုင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ စစ်တွေမြို့နယ်ထဲက အလိုတော်ပြည့်ကျောင်းမှာရှိတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းနဲ့ သက်ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတို့ဆီကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၈.၅ သန်း လှူဒါန်းမယ်လို့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr. Sasakawa ကပြောကြားခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက်လည်း NLD ရဲ့ ထိပ်ပိုင်းခေါင်း ဆောင်တွေအပါအဝင် ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေနဲ့ သူ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရဧည့်ရိပ်သားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr. Sasakawa က ခုလို ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရှုပ်ထွေးတဲ့အခြေအနေမှာ ရှိနေတယ်လို့ ကျနော်သိရပါတယ်။ အဲဒါကြောင့် အခန်းကဏ္ဍအသီးသီးရဲ့ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ပြီးတော့မှ ဘယ်လိုဆောင်ရွက်သွားရင် ဒီအခက်အခဲက ကျော်ဖြတ်သွားနိုင်မလဲ ဆိုတာကိုလည်း ကျနော့်လေ့လာသွားချင်ပါတယ်။ ကျနော်က အခုဆိုရင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး၊ သူတို့ဆီတွေက ကြားသိရတဲ့ စကားတွေကို နားထောင်ပြီး အဲဒီအပေါ်မှာ ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ ဆောင်ရွက်သွားမလဲ ဆိုတာကို ကျနော်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရချိန် သူ့အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ ရှင်းရှင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ နိုဝင်ဘာ ၁၃ ရက်နေ့ ကတော့ သူဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်ဟာ ရခိုင်လက်နက်ကိုင် AA နဲ့စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြားဝင် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ၁ နှစ်ပြည့်အချိန် အခြေအနေကို လာရောက်လေ့လာတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ငြိမ်ချမ်းနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ အောက်ခြေ အဆင့် တပ်သားတွေအထိ ညွန်ကြားထားဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို တိုက်တွန်းထားသလို စစ်တပ်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ထပ်မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။
“တချက်ပဲ ကျနော်ပြောပြလို့ရတာ ရှိပါတယ်။ အဲဒါဘာလဲဆိုရင် အခုလက်ရှိ ငြိမ်းချမ်းနေတဲ့အနေအထားကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ဖို့ အပစ်အခတ်လုံးဝမလုပ်ဖို့ တဘက်နဲ့ တဘက် ဆက်သွယ်ဆောင်ရွက်သွားမယ့်အကြောင်း၊ အပစ်အခတ်လုံးဝမလုပ်ဖို့အကြောင်းကို အောက်ခြေတပ်သားအထိ ညွှန်ကြားထားဖို့အတွက်ကို သူတို့ကို ပြောကြားထားပြီးဖြစ်ပါတယ်။ နှစ်ဘက်ထိတွေ့မှု လုံးဝ မဖြစ်အောင် ဆက်ပြီး ထိန်းသိန်းသွားမှာ ဖြစ်ပါတယ်။”
သူမြန်မာနိုင်ငံကို ရောက်ရောက်ချင်း နိုဝင်ဘာ ၁၂ ရက်နေ့က AA အဖွဲ့ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလမှာ ရခိုင်ပြည်နယ်ကို လာရောက်ခဲ့ပြီး အခု ဒုတိယအကြိမ်လာခဲ့တာနဲ့ပတ်သက်လို့လည်း Mr. Sasakawa ကခုလို ပြောပါတယ်။
“ဟုတ်ကဲ့ခင်ဗျာ။ ကျနော်လာရတဲ့ ရည်ရွက်ချက်ဟာ အပစ်အခတ်ရပ်စဲသွားတဲ့နောက်ပိုင်းမှာ လာရောက်ပြီးတော့ လေ့လာတာဖြစ်ပါတယ်။ အဲဒီအပြင် IDP စခန်းတွေရဲ့ အနေအထားတွေကို လာရောက်ပြီးတော့မှ ကျနော်တို့ ဘာများ အကူအညီပေးနိုင်မလဲဆိုတာကို လေ့လာတာဖြစ်ပါတယ်။ အခု ငြိမ်းချမ်းရေး အကောင် အထည်ဖော်တာနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရးဟာ ပထမဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထားတာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဆက်ပြီးတော့ ငြိမ်းချမ်းရေဒအတွက် လူကြီးမင်းများ အားလုံးပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr. Yohei Sasakawa ကရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ် ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပေမယ့်လည်း တွေ့ဆုံနှုတ်ဆက်တဲ့ သဘောသာဖြစ်ပြီး တစုံတရာ ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။ ရခိုင်အမျိုးသားပါတီ ANP နဲ့လည်း သီးခြားတွေ့ဆုံခဲ့တာ ရှိပြီး အဲဒီတွေ့ဆုံပွဲမှာတော့ စစ်တပ်နဲ့ AA အဖွဲ့တို့ရဲ့လက်ရှိ အခြေအနေတွေကို တင်ပြလိုက်တယ်လို့လည်း ANP ပါတီဘက်ကပြောပါတယ်။
#ဆာဆာကာဝါ#နိပွန်ဖောင်ဒေးရှင်း#ဦးလှသိန်း#ရခိုင်#AA#ANP#Sasakawa#NLD#အပစ်ရပ်