သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA နဲ႔ စစ္တပ္ အပစ္ရပ္ ၁ ႏွစ္ျပည့္


အပစ္ရပ္စဲေရး စစ္ေတြၿမိဳ႕မွာ ANP ပါတီ တာဝန္ရွိသူတခ်ဳိ႕ႏွင့္ ေတြ႔ရသည့္ ဂ်ပန္အထူးသံတမန္ Sasakawa Yohei ႏွင့္ ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ (ႏိုဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - သက္ႏုိင္ (ဗြီအိုေအ))

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္အတြင္း AA ရခိုင္တပ္ဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္အၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီိခဲ့တာ ဒီေန႔ ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ တႏွစ္ျပည့္ၿပီျဖစ္ပါတယ္။

တႏွစ္လံုးနီးပါး အပစ္ရပ္ထားႏိုင္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ အဂၤါနဲ႔ ဗုဒၶဟူးေန႔ေတြတုန္းကေတာ့ ေမာင္ေတာေျမာက္ဘက္ေဒသအတြင္းမွာ ႏွစ္ဘက္တပ္ဖြဲ႔ေတြၾကား ပထမဆံုးအႀကိမ္အျဖစ္ အေသးစားပစ္ခတ္မႈ ၂ ႀကိမ္ျပန္ျဖစ္ခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရရွိမႈသတင္းမသိရပါဘူး။

နယ္ေျမအတြင္းဝင္ေရာက္လာတဲ့ ARSA ႐ိုဟင္ဂ်ာလက္နက္ကိုင္ေတြကို ျမန္မာစစ္ တပ္ကသြားေရာက္ရွင္းလင္းရင္း ေဒသခံ AA ရခိုင္တပ္ေတြနဲ႔နားလည္မႈလြဲမွား ပစ္ခတ္ခဲ့ျခင္းျဖစ္တယ္လို႔ ျမန္မာဘက္ကေျပာပါတယ္။ ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေလာေလာဆယ္၂ ဘက္ေျပာဆိုေဆြးေႏြးေနၿပီလို႔လည္း ဆိုပါတယ္။

မႏွစ္ကရရွိခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီိခ်က္ကို ဂ်ပန္ႏိုင္ငံၿငိမ္းခ်မ္းေရး အထူးကိုယ္စားလယ္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Yohei Sasakawa က ညႇိနႈိင္းေဆာင္ရြက္ေပးခဲ့တာပါ။ သူဟာ AA ရခိုင္တပ္ေတာ္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ဆက္သြယ္ေဆြးေႏြးခဲ့ၿပီိး ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔နဲ႔လည္း ေနျပည္ေတာ္မွာသီးျခားစီ သြားေရာက္ေတြ႔ဆံုခဲ့ရပါတယ္။

အပစ္အခတ္ရပ္စဲေရးတႏွစ္ေျမာက္အျဖစ္ ရခိုင္ျပည္နယ္ဖံြ႔ၿဖိဳးေရးအတြက္ဂ်ပန္ႏိုင္ငံကေ ထာက္ပံ့မဲ့အကူအညီိေတြ ေၾကျငာေပးဖို႔ မစၥတာဆာဆာကာဝါ ဒီလႏိုဝဘာ ၁၂ရက္ေန႔က ရန္ကုန္ၿမိဳ႕ကိုျပန္လည္ရာက္ရွိလာပါတယ္။ မနက္ျဖန္ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ ေနျပည္ေတာ္ကိုသြားေရာက္ၿပီး စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ေတြ႔ဆံုပါမယ္။ အထိန္းသိမ္းခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ ေတြ႔ဆံုခြင့္ရမွာမဟုတ္ပါဘူး။

မစၥတာဆာဆာကာဝါဟာ ရခိုင္ျပည္နယ္စစ္ေတြနဲ႔ ေမာင္ေတာတဝိုက္ IDP စခန္းေတြကိုသြားေရာက္ၾကည့္ရႈမွာျဖစ္ၿပီး ေဒသခံရခိုင္ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ဆံုမွာပါ။

ဂ်ပန္ႏိုင္ငံကိုျပန္လည္မထြက္ခြါမီ ႏိုဝင္ဘာ ၁၆ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ SNLD ရွမ္းတိုင္းရင္းသားပါတီနဲ႔ ျပည္သူ႔ပါတီအပါအဝင္ ႏိုင္ငံေရးပါတီေခါင္းေဆာင္တခ်ိဳ႕နဲ႔ ေတြ႔ဆံုဖို႔လည္း ရွိပါတယ္။

AA နဲ႔ စစ္တပ္ အပစ္ရပ္ ၁ ႏွစ္ျပည့္
please wait

No media source currently available

0:00 0:01:36 0:00
တိုက္႐ိုက္ လင့္ခ္

==========

{{Unicode}}

AA နဲ့ စစ်တပ် အပစ်ရပ် ၁ နှစ်ပြည့်

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့တာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။

တနှစ်လုံးနီးပါး အပစ်ရပ်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းကတော့ မောင်တောမြောက်ဘက်ဒေသအတွင်းမှာ နှစ်ဘက်တပ်ဖွဲ့တွေကြား ပထမဆုံးအကြိမ်အဖြစ် အသေးစားပစ်ခတ်မှု ၂ ကြိမ်ပြန်ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုသတင်းမသိရပါဘူး။

နယ်မြေအတွင်းဝင်ရောက်လာတဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင်တွေကို မြန်မာစစ် တပ်ကသွားရောက်ရှင်းလင်းရင်း ဒေသခံ AA ရခိုင်တပ်တွေနဲ့နားလည်မှုလွဲမှား ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာဘက်ကပြောပါတယ်။ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လောလောဆယ်၂ ဘက်ပြောဆိုဆွေးနွေးနေပြီလို့လည်း ဆိုပါတယ်။

မနှစ်ကရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဂျပန်နိုင်ငံငြိမ်းချမ်းရေး အထူးကိုယ်စားလယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei Sasakawa က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။ သူဟာ AA ရခိုင်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့လည်း နေပြည်တော်မှာသီးခြားစီ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေးတနှစ်မြောက်အဖြစ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဂျပန်နိုင်ငံကေ ထာက်ပံ့မဲ့အကူအညီတွေ ကြေငြာပေးဖို့ မစ္စတာဆာဆာကာဝါ ဒီလနိုဝဘာ ၁၂ရက်နေ့က ရန်ကုန်မြို့ကိုပြန်လည်ရာက်ရှိလာပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပါမယ်။ အထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်ရမှာမဟုတ်ပါဘူး။

မစ္စတာဆာဆာကာဝါဟာ ရခိုင်ပြည်နယ်စစ်တွေနဲ့ မောင်တောတဝိုက် IDP စခန်းတွေကိုသွားရောက်ကြည့်ရှုမှာဖြစ်ပြီး ဒေသခံရခိုင်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာပါ။

ဂျပန်နိုင်ငံကိုပြန်လည်မထွက်ခွါမီ နိုဝင်ဘာ ၁၆ ရက်နေ့ ရန်ကုန်မြို့မှာ SNLD ရှမ်းတိုင်းရင်းသားပါတီနဲ့ ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG