သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SNLD နဲ့ ပြည်သူ့ပါတီက တာဝန်ရှိသူတွေနဲ့ မစ္စတာ ဆာဆာကာဝါ တွေ့ဆုံ


SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ မစ္စတာ ယိုဟီ ဆာဆာကာဝါ နဲ့ SNLD တွဲဖက်အတွင်းရေးမှူးစိုင်းကျော်ညွန့် (ဝဲမှယာ) (ဓာတ်ပုံ-စိုင်းကျော်ညွန့် fb)
SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ မစ္စတာ ယိုဟီ ဆာဆာကာဝါ နဲ့ SNLD တွဲဖက်အတွင်းရေးမှူးစိုင်းကျော်ညွန့် (ဝဲမှယာ) (ဓာတ်ပုံ-စိုင်းကျော်ညွန့် fb)

{{Zawgyi/Unicode}}

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ နိုင်ငံရေးပါတီတချို့ မနေ့က ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပြည်သူ့ ပါတီ တာဝန်ရှိသူတွေရဲ့ ဒီတွေ့ဆုံမှုအပေါ် သဘောထားတွေ ဘယ်လိုရှိပါသလဲ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဆာဆာကာဝါက သူ့ရဲ့ခရီးစဉ်မှာ နိုင်ငံရေးပါတီတချို့နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပြည်သူ့ပါတီ တာဝန်ရှိသူတွေကို မနေ့က နိုဝင်ဘာ ၁၆ ရက်၊ ရန်ကုန်မြို့မှာ သီးခြားစီ တွေ့ဆုံခဲ့တာပါ။ SNLD ပါတီကိုယ်စား ဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်တို့က မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံမှုမှာ နိုင်ငံရေးအခင်းအကျင်းနဲ့ ရှမ်းပြည်နယ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။

"ဒီတွေ့ဆုံဆွေးနွေးမှုက ကြည့်ရတာ မစ္စတာ ဆာဆာကာဝါက သတင်းအချက်အလက်တွေကို နားလည်အောင်ပဲ လာပြီးတော့ အရင်ဦးဆုံး ပုတ်တဲ့သဘောပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘက်မှာ သူဘာလုပ်မယ်၊ ဘယ်လိုအစီအစဉ်ရှိတယ် ဆိုတဲ့ဟာမျိုးကို သူပြောတာမရှိဘူး။ ပြီးတော့ အစကတည်းက သူ များများနားထောင် ဖို့ လာတာဆိုပြီးတော့ သူပြောတယ်။ ဆိုတော့ ကြည့်ရတာ ဒီနိုင်ငံရဲ့ပြောင်းလဲတဲ့ အခင်းအကျင်းကို ဒီထက်ပိုပြီးတော့ နားလည်အောင် ကြိုးစားနေတဲ့သဘောလို့ အကြမ်းဖျဉ်း မှတ်ယူလို့ရတယ်။"

မစ္စတာ ဆာဆာကာဝါနဲ့ တနာရီကြာ တွေ့ဆုံဆွေးနွေးမှုမှာ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေအပေါ်ကိုလည်း သေချာသိမြင် နားလည်အောင် ပြောဖြစ်ခဲ့တယ်လို့ စိုင်းကျော်ညွန့်က ဆက်ပြောပါတယ်။

"ဒီနိုင်ငံရဲ့အရေးက စစ်အုပ်စုနဲ့ လူများစုဗမာပေါ့ဗျာ၊ ၂ ခု ဖြေရှင်းရုံနဲ့ မပြီးဘူးပေါ့ဗျာ။ ဒီမိုကရေစီရဲ့ ပြဿနာတခုတည်း မဟုတ်ဘူး။ ဖက်ဒရယ်ရဲ့ ပြဿနာလည်း ဖြစ်တယ်။ လွတ်လပ်ရေးရပြီးကာစကတည်းက ဒါ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အရေးပေါ့ဗျာ။ အဲဒီ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အရေးကိုလည်း တွဲပြီး တပြိုင်တည်းဖြေရှင်းမှရမယ်။ အဲလို ဗမာမဟုတ်တဲ့ တိုင်းရင်းသားအရေးလို့ ပြောရင်လည်း ၂ ပိုင်းရှိတယ်။ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါ့ဗျာ။ အဲဒါတွေကို သူကျေကျေညက်ညက် ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုတယ်လို့ သူ့ကိုတော့ ဆွေးနွေးခဲ့တယ်ပေါ့ဗျာ။

နောက်ပြီးတော့ ဒီရှမ်းပြည်က အရမ်းအရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော်တို့ ပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးလည်း သိပါတယ်။ ရှမ်းပြည်အရေးကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒီပြည်ထောင်စုရဲ့ ၅၀ ကျော်၊ ၆၀၊ ၇၀ ရာခိုင်နှုန်းက ဖြေရှင်းပြီးသားလို ဖြစ်နေမှာပဲလေ။ လက်နက်ကိုင်အများဆုံး ပြီးတော့ အင်အားတောင့်တဲ့ လက်နက်ကိုင် တော်တော်များများကလည်း ရှမ်းပြည်ထဲမှာ အခြေစိုက်နေတယ်ဆိုတော့ အဲဒီအကြောင်းကိုလည်း သူ့ကိုတော့ ပြောခဲ့တယ်။ ဆိုတော့ ရှမ်းပြည်ရဲ့ နိုင်ငံရေး၊ ရှမ်းပြည်ရဲ့ အခင်းအကျင်းကိုတော့ ဒီထက်ပိုသိအောင်လုပ်ဖို့ သူ့ကိုပြောခဲ့တယ်၊ ဖိတ်လည်း ဖိတ်ခေါ်ခဲ့တယ်။"

နိုင်ငံရေးပါတီတချို့နဲ့ သီးခြားတွေ့ဆုံမှုမှာ ပြည်သူ့ပါတီ PP နဲ့လည်း မနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဲဒီတွေ့ဆုံမှုမှာ လတ်တလော မြန်မာ့အရေးနဲ့ ပတ်သက်တာတွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"အဓိက ကတော့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက်ကို ဒီနိုင်ငံတကာ မိသားစုတွေ၊ ပြီးတော့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ အထူးကိုယ်စားလှယ်တွေအနေနဲ့ ဝိုင်းပြီးတော့ ကြိုးပမ်းပေးနိုင်အောင်လို့ လက်ရှိအခြေအနေပေါ်မှာ ကျနော်တို့ရဲ့အမြင် သုံးသပ်ချက်၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ အကြံပြုချက်ပေါ့နော်၊ အဲဒါတွေ ကျနော်တို့ပြောဖြစ်ပါတယ်။ မစ္စတာ ဆာဆာကာဝါက မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးတယ်။ ပြီးတော့ မြန်မာနိုင်ငံအကြောင်းကိုလည်း တော်တော်လေး သိတယ်။ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း ထဲထဲဝင်ဝင် သူဆောင်ရွက်ပေးခဲ့တာတွေ ရှိတဲ့အခါကျတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေ ပြေလည်နိုင်ဖို့ ဒါ တစုံတရာတော့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

မစ္စတာ ဆာဆာကာဝါနဲ့စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ANP ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့လည်း နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကလည်း ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါရဲ့ အခု ခရီးစဉ်ဟာ ဂျပန်အစိုးရကို ကိုယ်စားမပြုဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကတော့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


==========

{{Zawgyi/Unicode}}













==========

XS
SM
MD
LG