သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထက် အကျဉ်းထောင်တွေတိုးချဲ့ (Myanmar Witness)


Images sourced from Google Earth of Monywa Prison in Sagaing Region, from 2020 and 2023 show new buildings and expanded perimeters marked in yellow and red boxes, respectively, by Myanmar Witness.
Images sourced from Google Earth of Monywa Prison in Sagaing Region, from 2020 and 2023 show new buildings and expanded perimeters marked in yellow and red boxes, respectively, by Myanmar Witness.

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကျဉ်းထောင်တွေကို တိုးချဲ့နေကြောင်း ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေကို အခြေခံပြီး လေ့လာဆန်းစစ်ချက်တခုမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နင်းနေတဲ့ကြားမှာ အကျဉ်းထောင်တွေ တိုးချဲ့တာဟာ ဖိနှိပ်မှုတွေ တိုးလာနေတဲ့ လက္ခဏာအဖြစ်နဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့လအထိ အများပြည်သူ သိနိုင်ခွင့်ရှိတဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေကို လေ့လာဆန်းစစ်ချက်တွေအရ လက်ရှိထောင်တွေမှာ အဆောက်အဦးသစ်တွေ၊ အနီးအနားမှာ တိုးချဲ့တာတွေအပြင်၊ အကျဉ်းထောင်အသစ် ဆောက်လုပ်တာတွေ တွေ့ရကြောင်း ဗြိတိန်အခြေစိုက် Center for Information Resilience ရဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းဝင်တွေကို စစ်တပ်က မတရား ဆက်လက်ဖမ်းဆီးထိန်းသိမ်းမှုတွေ အများအပြား ရှိနေတာကို အခုတွေ့ရှိတဲ့ အထောက်အထားတွေက ပြသနေတယ်လို့လည်း အာဏာသိမ်း ၃ နှစ်ပြည့် မတိုင်ခင်၊ တရက်အလို အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ Myanmar Witness အဖွဲ့ရဲ့ စီမံကိန်းဒါရိုက်တာ Matt Lawrence က ဗွီအိုအေကို ပြောပါတယ်။

စာရင်းထဲမှာပါတဲ့ အကျဉ်းထောင်တွေရဲ့ တဝက်နီးပါးမှာ ထပ်မံတိုးချဲ့ထားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်မှာ အကျဉ်းထောင်အသစ်တွေ ဆောက်လုပ်ထားပြီး၊ ဧရာဝတီတိုင်းမှာလည်း နောက်တခု ပြီးစီးလုနီးပါး ရှိနေသလို၊ ပဲခူးတိုင်းမှာ နောက်တခုဆောက်ဖို့ ပြင်ဆင်နေတာ တွေ့ရကြောင်းလည်း အစီရင်ခံစာ ပြုစုသူတွေက ပြောပါတယ်။

XS
SM
MD
LG