NLD အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ အခုကြုံနေရတဲ့ မြန်မာငွေ ကျဆင်းမှု ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတာကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းပြောဆိုဝေဖန်သံတွေ ကြားလာရပါတယ်။ အစိုးရသစ်ရဲ့ မူဝါဒနဲ့ အစိုးရသစ် လက်ထက် ဖွံ့ဖြိုးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးခင်မောင်ညို( ဘောဂဗေဒ)၊ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအေးလွင် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စီးပွားရေးအကြံပေးကော်မတီဝင် ဦးမင်းခင်တို့နဲ့အတူ ဒေါ်ခင်စိုးဝင်းတို့ စနေ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားတာ နားဆင်ပါ။