သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းတာ ဘယ်သူတွေ အကျိုးပိုရှိမလဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန်သမ္မတ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန်သမ္မတ

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ အထိုက်အလျောက် တိုးတက်မှု ရှိလာတဲ့အတွက် အမေရိကန်ကပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်ပါပြီ။ ဒီလိုရုပ်သိမ်းပေးလိုက်တဲ့ အတွက် စားဝတ်နေရေး ကြပ်တည်းနေတဲ့ အောက်ခြေ လူထုအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

အရင်စစ်အစိုးရခေါင်းဆောင်တွေနဲ့ ခရိုနီကြီးတွေဘဲ အမေရိကန်နဲ့ရော၊ နိုင်ငံတကာနဲ့ပါ လွတ်လွတ်လပ်လပ် ကူးလူးဆက်ဆံနိုင်ပြီး ပိုအကျိုးရှိသွားမှာပါလား။ ဒီပိတ်ဆို့မှု ရုပ်သိမ်းခြင်းရဲ့ ရိုက်ခတ်မှု အကျိုးဆက်တွေကို ဒီတပတ်စနေည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဒေါ်ခင်စိုးဝင်းက ပင်တိုင်ဆွေးနွေးသူ နိုင်ငံရေးအကဲခတ် ဒေါက်တာ ရန်မျိုူးသိမ်း၊ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း၊ Triangle Women အဖွဲ့ဒါရိုက်တာ မခင်လေးတို့နဲ့အတူ သုံးသပ်ဆွေးနွေးထားကြပါတယ်။

အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းတာ ဘယ်သူတွေ အကျိုးပိုရှိမလဲ
please wait

No media source currently available

0:00 0:23:39 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG