သုံးရလွယ်ကူစေသည့် Link များ

မူမမှန် စိတ်ဖောက်ပြန် ဒေါသပေါက်ကွဲ အကြမ်းဖက်မှုတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းခံတွေ


မြန်မာပြည်မှာ အခုတလော မကြာခဏကြားနေရတဲ့ ခိုးဆိုးလုယက်မှုတွေ၊ ချစ်ခင်သူတွေ အကြား၊ အခန့်မသင့်လို့ ခိုက်ရန်ဖြစ်ပွားရုံမက၊ အကြမ်းဖက် သတ်ဖြတ်တဲ့ အထိ ဒေါသပေါက်ကွဲရတဲ့အဖြစ်တွေဟာ ဆင်းရဲမွဲတေမှုနဲ့ စားဝတ်နေရေးကြပ်တည်းမှုကြောင့်လား၊ မူမမှန် စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးစွဲတဲ့ပြဿနာကြောင့်လား စတဲ့ စာရိတ္တပျက်ပြားမှုတွေရဲ့ အကြောင်းရင်း ဇစ်မြစ်တွေကို ကျွမ်းကျင်သူတွေကိုဖိတ်ခေါ်ပြီး ဒေါ်ခင်စိုးဝင်းက စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ သြစတေးလျနိုင်ငံအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး Dr. Raymond တင့်ဝေ ၊ ပရဟိတ လူမှုရေး လူထုအကျိုးဆောင်ရွက်ပေးနေတဲ့သူတွေဖြစ်တဲ့ Phoenix Association က ဦးသီဟကြိုင်၊ Charity Oriented Myanmar က ကိုချမ်းငြိမ်းအောင်၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ပြည်ငြိမ်းသုခက မထက်ဦးဝေ၊ ဗွီအိုအေသောတရှင်တွေနဲ့အတူ သုံးသပ်ဆွေးနွေးထားပါတယ်။ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

XS
SM
MD
LG