သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ကုန်ဈေးနှုန်း မတန်တဆ တက်တာ ဘာကြောင့်ပါလဲ


ရန်ကုန်မြို့ ဈေးတခုမြင်ကွင်း။ နိုဝင်ဘာ ၁၁၊ ၂၀၁၅။

ဗွီအိုအေရဲ့သောတရှင်များရှင် အခုတလော မြန်မာပြည်မှာ အထွေထွေကုန်ဈေးနှုန်းတွေ မတန်တဆ တက်နေတာဟာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတတာကြောင့်လား၊ ငွေကြေးဖေါင်းပွမှုကြောင့်လား၊ ဆိုရှယ်လစ်ခေတ်စကားအရ ဝိသမလောဘသမားတွေရဲ့ အမြတ်ကြီးစားမှုတွေကြောင့်များလား စတဲ့ မေးခွန်းထုတ်မှုတွေနဲ့အတူ ပြည်သူတွေဘဝ ချောင်လည်စေဖို့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ စတာတွေကို စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ၊ မြန်မာ့စီးပွားရေးလေ့လာအကဲခတ်နေတဲ့ စာရေးဆရာအောင်ချိန်ဘွား ခေါ် ဦးလှမောင် ၊ ရန်ကုန်မြို့က ဒေါ်ခင်မျိုးဆွေ အပါအဝင် ဗွီအိုအေရဲ့သောတရှင်များနဲ့အတူ ဒေါ်ခင်စိုးဝင်းက သုံးသပ်ဆွေးနွေးထားကြတာ နားဆင်ပါ။

မြန်မာပြည်မှာ ကုန်ဈေးနှုန်း မတန်တဆ တက်တာ ဘာကြောင့်ပါလဲ
please wait

No media source currently available

0:00 0:23:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG