သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေမဲ့သတ်ဖြတ်မှုက အသွင်ကူးပြောင်းရေးကို ဘယ်လိုရိုက်ခတ်နိုင်


အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အင်းဒင်ကျေးရွာမှာတွေ့ရတဲ့ ရုပ်အလောင်းတွေဟာ တာဝန်ကျလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံကျေးရွာသားတချို့က သတ်ဖြတ်ခဲ့တာဆိုပြီး တပ်မတော်ရဲ့စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်းမှာ ရိုဟင်ဂျာကျေးရွာသား ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ MSF နယ်စည်းမထားဆရာဝန်များအဖွဲ့ကလည်း ထုတ်ပြန်ခဲ့တာပါ။ စစ်ဆင်ရေးတွေအတွင်း အခုလို ဥပဒေမဲ့သတ်ဖြတ်မှုတွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံတနိုင်ငံအတွက် ဘယ်လောက်အထိ သက်ရောက်ထိခိုက်သွားနိုင်ပါသလဲ ဆိုတာကို စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ပင်တိုင်ဆွေးနွေးသူ နိုင်ငံတကာအရေး ကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်း၊ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်၊ လူငယ်နဲ့ လူမှုသဟဇာတဖော်ဆောင်ရေးစင်တာက ကိုသက်ဆွေဝင်းတို့နဲ့အတူ ဗွီအိုအေသောတရှင်တွေနဲ့ မအေးသန္တာကျော် ဆွေးနွေးတင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG