သုံးရလွယ်ကူစေသည့် Link များ

တပ်မတော်ကို အစိုးရတပ်လို့ ခေါ်တဲ့အတွက် ကန့်ကွက်တာ ဘယ်လို သဘောရပါသလဲ …


တပ်မတော်နေ့အခမ်းအနားမြင်ကွင်းတခု။

တပ်မတော်ကို အစိုးရတပ်၊ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို ရခိုင်တပ်မတော်လို့ MRTV-4 သတင်းဌာနက သုံးစွဲထုတ်လွှင့်ခဲ့တဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းဆိုပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ကို အစိုးရတပ်လို့ ခေါ်ဝေါ်သုံးစွဲတာ မှားယွင်းတယ်လို့ ယူဆပါသလား၊ ဒီလိုသုံးစွဲတာကြောင့် တပ်မတော်ရဲ့ ပုံရိပ်နဲ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတယ် ဆိုတဲ့ အချက်ကိုရော သဘောတူကြပါသလားဆိုတာကို ပင်တိုင်ဆွေးနွေး သူတွေဖြစ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်၊ နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူ ဦးဇေယျသူတို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက် ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG