သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာ အဖြေထွက်မယ့် ဒုတိယသမ္မတသုံးဦးကို ရွေးချယ်ရေးလုပ်ငန်းစဉ် မတ်လ ၁၇ ရက်နေ့မှာ စတင်မယ်လို့ ကြေညာထားပါပြီ။ ၅၉ (စ) ကို ပြင်မလား၊ ဆိုင်းငံ့မလား၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာလား၊ မဖြစ်ဘူး လား စတဲ့ မေးခွန်းတွေနဲ့ အပြန်အလှန် ငြင်းခုန်ဆွေးနွေးတာတွေလည်း ရှိနေပါတယ်။
ဒီအငြင်းအခုန်မှာ ဗွီအိုအေ သောတရှင် တွေကရော ဘယ်ဘက်က ရပ်ပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်ပဲ သမ္မတဖြစ်ထိုက်သူလို့ရော ယုံကြည်ကြပါသလားဆိုတာ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။