၂၀၁၆ ခု နှစ်သစ်ထဲရောက်လာပြီး မကြာခင်လပိုင်းတွေအတွင်း လွှတ်တော်အသစ် အစိုးရအဖွဲ့အသစ်တွေ ပေါ်ပေါက်လာတော့ မှာပါ။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဘယ်တုန်းကနဲ့မှမတူတဲ့ အခြေအနေအသစ်တွေ ဖြစ်လာတော့ မယ့်အလားအလာနဲ့ အတူ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ အောက်ကျနောက်ကျဖြစ်ခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေ ဒီနှစ်သစ်နဲ့အတူ ခေါင်းထောင်မော်ကြွား နိုင်ကြတော့မယ်လို့ အခိုင်အမာ ယုံကြည်နေကြပြီလားဆိုတာ ဆွေးနွေးထားပါတယ်။