ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို အခုတလော ပိုပြီးတော့ အပြင်းအထန် အလုံးအရင်းနဲ့ လုပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေပါတယ်။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူအားလုံးအတွက် ဒီကိစ္စကြောင့် အတော့်ကို စိတ်မချမ်းမသာဖြစ်နေချိန်ရချိန်မှာ တာဝန်ရှိသူတွေဘက်က ဘာ့ကြောင့်များ အခုလို လုပ်ခွင့်ပေးထား တယ်လို့ ယူဆပါသလည်း၊ ဒါကို တားဆီးဟန့်တားနိုင်တဲ့ အခြေအနေကော ရှိသေးတယ်လို့ ယူဆကြပါသလား၊ ဒီဇင်ဘာလ ၁၉ ရက် စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။