ရွေးချယ်ခံသမ္မတ ဦးထင်ကျော် ဦးဆောင်မယ့် အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန အရေအတွက်စာရင်းတွေ ထွက်လာပါပြီ။
နဂိုအရေအတွက်ထက် ၀န်ကြီးဌာနတွေ လျှော့ချထားတာကြောင့် အခုအစိုးရ အဖွဲ့သစ်မှာပါမယ့် အစိုးရအဖွဲ့ဝင်အရေအတွက်ဟာ အရင်ကရှိခဲ့တာထက် ပိုပြီး နည်းသွားမှာပါ။
ဒီအစိုးရသစ်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သောတရှင်တွေရဲ့ အမြင်သဘောထားတွေကို အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။