ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးချယ်ပေးလိုက်တဲ့ ဥက္ကဌတွေ၊ ဒုဥက္ကဌတွေကို လွှတ်တော်အသီးသီးမှာ အတည်ပြုလိုက်ကြပြီးပါပြီ။
အခုလွှတ်တော်သက်တမ်းကို ဦးဆောင်သွားမယ့် ဥက္ကဌတွေ နဲ့ ဒုဥက္ကဌတွေရဲ့ စွမ်းဆောင်ရည် အလားအလာအပေါ် ကျနော်တို့သောတရှင်တွေရဲ့ ယုံကြည်ကိုးစားမှု ဘယ်လိုများရှိပါသလဲ၊ လွှတ်တော်တွေရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ဥပဒေပြုရေးပိုင်းနဲ့ အစိုးရလုပ်ငန်းတွေကို စောင့်ကြည့်ထိန်းကွပ်ရေးပိုင်းတွေမှာ အခိုင်အမာ ဦးဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြပါသလားဆိုတာစနေနေ့ည တိုက်ရိုက် လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။