သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကွဲအပြဲဂယက်နဲ့ သက်ရောက်နိုင်ခြေများ


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း မပြီးဆုံးသေးတဲ့ အကွဲအပြဲနဲ့ အပြတ်ရှင်းနေတဲ့ အခြေအနေတွေအပေါ် သောတရှင်တွေ ဘယ်လိုများ နားလည်ကြပါသလဲ၊ စစ်တပ် ကျောထောက်နောက်ခံရှိတဲ့ ပါတီကြီးတခုရဲ့ အကွဲအပြဲကို ပါတီတွင်းကိစ္စသက်သက် တခု၊ တိုင်းပြည်ပေါ် ရိုက်ခတ်လာနိုင်စရာမရှိတဲ့ ကိစ္စတခုအဖြစ် မြင်ပါသလား၊ ဒါမှမဟုတ် ပါတီတွင်း တွန်းထိုး အားပြိုင်မှုကနေ မခိုင်မာလှသေးတဲ့ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပေါ် သက်ရောက်လာနိုင်တဲ့ စိုးရိမ်ဖွယ်ကိစ္စတခုအဖြစ် မြင်ပါသလားဆိုတာကို ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းတို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက် ပါဝင် ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG