စစ်အစိုးရအဆက်ဆက်လက်ထက် ပြည်တွင်းကနေ ပြည်ပကို ထွက်လာကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေထဲက မြန်မာနိုင်ငံကိုပြန်ချင်သူတွေ ပြည်တော်ဝင်ခွင့်ရဖို့ အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေကြရပါတယ်။
ပြည်ပရောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ အခုလို ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နေတဲ့အချိန်မျိုးမှာ တထောင့်တနေရာကနေ တတ်စွမ်းသမျှ ပါဝင်လုပ်ဆောင် ခွင့်ရမယ်ဆိုရင် နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး အထောက်အကူ မဖြစ်နိုင်ပါ ဘူးလား၊
ဒီလူတွေရဲ့ အတွေ့အကြုံ အသိပညာ ကျွမ်းကျင်မှုတွေကို ပြန်ပြီး အသုံးချခွင့်၊ အသုံးချခံ ခွင့်ပေးလို့ နိုင်ငံအတွက် ဘာများ အကျိုးယုတ်သွားနိုင်ပါသလဲ စတာတွေကို ပင်တိုင် ဆွေးနွေးသူတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင် မိုးဇော်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်တို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက် ပါဝင် ဆွေးနွေးထားပါတယ်။