ဒီတပတ်စနေည တိုက်ရိုက်လေလှိုင်းဆွေးနွေးပွဲမှာ မီတာခတွေ တိုးကောက်လိုက်တဲ့ကိစ္စကို ဆွေးနွေးထားပါတယ်။နှစ်စဉ်လို ဒီဓါတ်အားခတွေမှာ အရှုးံပေါ်နေတာကြောင့်နဲ့ ဓါတ်အားမရသေးတဲ့ဒေသတွေမျာ ဓါတ်အားရအောင်လို့ဆိုပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အခုလို လျှပ်စစ်ဓါတ်အားခတွေ တိုးကောက်တာပါ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါ်ညိုညိုသင်း၊ ယနေ့ခေတ် နိုင်ငံရေးသတင်းဂျာနယ် အယ်ဒီတာချုပ် ကိုသက်ဇင်၊ ဖြူစင်မေတ္တာ ပုဂ္ဂလိကဆေးရုံးလုပ်ငန်းရှင် ကိုကျော်ကျော်ဝင်းတို့က ပင်တိုင်ဆွေးနွေးပေးထားပါတယ်။