သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာနိုင်ငံကို မွတ်ဆလင်၄ နိုင်ငံ သံအဆက်အသွယ်ဖြတ်


Saudi ဘုရင် King Salman bin Abdulaziz Al Saud နှင့်
Abu Dhabi အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan နှင့် Emirates ကာကွယ်ရေးဦးစီးချုပ်
Saudi ဘုရင် King Salman bin Abdulaziz Al Saud နှင့် Abu Dhabi အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan နှင့် Emirates ကာကွယ်ရေးဦးစီးချုပ်

ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဘာရိန်း၊ အာရပ်ဆော်ဘွားများ ပြည်ထောင်စု၊ ယီမင်နဲ့ မော်လ်ဒိုက် နိုင်ငံတွေက ဒီကနေ့ တနလာၤနေ့မှာ ကာတာနဲ့ သံတမန်ရေး အဆက်အဆံ ဖြတ်တောက် လိုက်ပါတယ်။

ဒီလုပ်ရပ်က တရားနည်းလမ်းမကျ သလို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး လုပ်တာလို့ ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ကာတာနိုင်ငံက သံတမန် အမှုထမ်းတွေကို ပြန်လည် ခေါ်ယူမှာ ဖြစ်ပြီး လေကြောင်း၊ ရေကြောင်း သွာလာမှုတွေကိုပါ ဖြတ်တောက်မယ်လို့ နိုင်ငံတွေက ပြောဆိုလိုက်ပါတယ်။

ကာတာ လေကြောင်းလိုင်းကလည်း ဆော်ဒီအာရေးဗျကို ပျံသန်းမှု ခရီးစဉ်တွေ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ အီဂျစ်နိုင်ငံကတော့ မြို့တော် ကိုင်ရိုက ကာတာ သံအမတ်ကြီး ထွက်ခွာဖို့ ၄၈ နာရီ အချိန်ပေးထားပြီး တခြား ပါရှန် ပင်လယ်ကွေ့ နိုင်ငံတွေကတော့ ကာတာ နိုင်ငံသားတွေ နိုင်ငံတွင်းက ထွက်ခွာဖို့ ၁၄ ရက် အချိန်ပေးထားပါတယ်။ ယီမင် အစိုးရကို ထောက်ပံ့ပေးတဲ့ အနေနဲ့ ယီမင်းနိုင်ငံတွင်း တိုက်ခိုက်ပေးနေတဲ့ ဆော်ဒီအာရေးဗျ ဦးဆောင်တဲ့ ညွှန့်ပေါင်း တပ်ဖွဲ့တွေကနေ ကာတာ တပ်ဖွဲ့တွေ နုတ်ထွက်ရမယ်လို့လည်း ဆော်ဒီအာရေးဗျက ပြောဆိုထားပါတယ်။

ကာတာနိုင်ငံကို မွတ်ဆလင်၄ နိုင်ငံ သံအဆက်အသွယ်ဖြတ်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG