ဆော်ဒီအာရေဗျ မင်းသား လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီး ငွေသား ဒေါ်လာ ၃ သိန်း ၃ သောင်းခွဲနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတချို့ကို လုယက်သွားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ Le Bourget လေဆိပ်ကို သွားနေတုန်း တနင်္ဂနွေနေ့ ညပိုင်းမှာ အလုယက် ခံခဲ့ရတာလို့ ပြင်သစ်ရဲတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတော့ မရှိပါဘူး။ ဒါပေမယ့် ဆော်ဒီမင်းသားရဲ့ ကားကို လုယူသွားတဲ့ သေနတ်သမားတွေက ကားကို မီးရှို့ထားခဲ့တာ တွေ့ရပါတယ်။
မင်းသားမှာ ဘာပစ္စည်းတွေ ပါတယ်ဆိုတာကို ဓါးပြတိုက်သူတွေ အတိအကျ သတင်းရထားတာ တွေ့ရတယ်လို့လည်း ရဲတွေက ပြောပါတယ်။
ဒီအမှုနဲ့ ပါတ်သက်ပြီး ခုထိ အဖမ်းအဆီးတစုံတရာတော့ မရှိသေးပါဘူး။