သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသူတွေ ကားမမောင်းဖို့ အစိုးရသတိပေး


ဆော်ဒီအာရေဗျနိုင်ငံက ကားမောင်းနေတဲ့ ဆော်ဒီအမျိုးသမီးတစ်ဦး။ (အောက်တိုဘာ ၂၂၊ ၂၀၁၃)
ဆော်ဒီအာရေဗျနိုင်ငံက ကားမောင်းနေတဲ့ ဆော်ဒီအမျိုးသမီးတစ်ဦး။ (အောက်တိုဘာ ၂၂၊ ၂၀၁၃)
အမျိုးသမီးတွေ ကားမောင်းခွင့် ကန့်သတ်ထားတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းဖို့ Saudi Arabia ပြည်ထဲရေးဝန်ကြီးက နိုင်ငံတွင်းအမျိုးသမီးထုကို သတိပေးလိုက်ပါတယ်။

အမျိုးသမီးကားမောင်းခွင့် အခွင့်အရေးကို ထောက်ခံဆန္ဒပြသူတွေ၊ ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ချိုးဖေါက်သူတွေကို ဥပဒေအတိုင်းအရေးယူသွားမှာဖြစ်ကြောင်း ဆော်ဒီအာရေဗျ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ Mansour al- Turki က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

လူမှုကွန်ယက်လှုပ်ရှားသူတွေက ဆော်ဒီအမျိုးသမီးတွေကို ဒီစနေနေ့မှာ ကားတွေမောင်းကြဖို့ တိုက်တွန်းနေကြတာပါ။ တန်းတူညီမျှ ကားမောင်းပိုင်ခွင့် ရရေးအတွက် အခုလိုကျိုးပမ်းမှုကို နိုင်ငံတကာက သတိထားစောင့်ကြည့်လာကြပါတယ်။

လူထုငြိမ်းချမ်းမှုကို နှောက်ယှက်တာနဲ့ ဟောပြောလှုပ်ရှားမှုအတွက် သပိတ်စခန်းဖွင့်ဖို့ ကြိုးစားသူတွေကို ချေမှုန်းမယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာပါ။

စည်းရုံးလှုပ်ရှားသူတွေကတော့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် လှုပ်ရှားမှုဟာ စုဝေးလုပ်ဆောင်ဖို့ မဟုတ်ပဲ ကားမောင်းကြဖို့ သက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာဏာပိုင်တွေဟာ အရင်တုန်းက အမျိုးသမီးတွေကို တရားဝင်လိုင်စင်မရှိပဲ ကားမောင်းမှုနဲ့ အရေးယူခဲ့ပေမယ့် တချို့ကိုတော့ ဆူပူနှောက်ယှက်မှုလိုမျိုး ပြင်းထန်တဲ့အပြစ်ပေးနိုင်တဲ့ ပြစ်မှုတွေနဲ့အရေးယူခဲ့ပါတယ်။
XS
SM
MD
LG