သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ ၁၆၆ ခု ပိတ်ခံရ


ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို အလုပ်ရှင်က လိင်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ကြောင်း သတင်းတွေ ထွက်ပေါ်လာ
ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို အလုပ်ရှင်က လိင်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ကြောင်း သတင်းတွေ ထွက်ပေါ်လာ

(Zawgyi/ Unicode)

ဆော်ဒီ အာရေးဘီယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို အလုပ်ရှင်က လိင်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ် အလုပ်အကိုင် ရှာဖွေစုဆောင်းရေး ကုမ္ပဏီ ၁၆၆ ခုကို ပိတ်ပစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဆိုအရ ၁၉၉၁ ခုနှစ်ကစလို့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအလုပ်သမား ၃၀၀,၀၀၀ လောက်ဟာ အိမ်တွင်းအလုပ်သမတွေအဖြစ် အလုပ်လုပ်ဖို့ ဆော်ဒီ အာရေးဘီးယားနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအလုပ်သမားတချို့ မကြာသေးမီလတွေက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်ရောက်လာ ပြီးနောက် လိင်စော်ကားမှုနဲ့ နှိပ်စက် ညှဉ်းပန်းမှု စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့သလို တစ်ချို့ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီတွေက သူတို့ကို လိင်ကျွန်တွေအဖြစ် ရောင်းစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ကြောင်း AFP သတင်းမှာ ပါရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတော့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး အလုပ်သမားတစ်ယောက် လျှို့ဝှက် ဖမ်းယူ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကို လူမှု မီဒီယာတွေမှာ အကြိမ် ရာထောင်ချီ ဖြန့်ဝေခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ပြောခွင့်ရ Munirus Saleheen က အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို အကာအကွယ် ပေးဖို့ ပျက်ကွက်တာကြောင့် အခုလို ပိတ်ခဲ့တာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)





ဘငျ်ဂလားဒေ့ရျှ အစိုးရ ပွောခှင့ျရ Munirus Saleheen က အလုပျအကိုငျ ရှာဖှရေေး ကုမ်ပဏီတှအေနနေဲ့ အလုပျသမားတှကေို အကာအကှယျ ပေးဖို့ ပကြျကှကျတာကွောင့ျ အခုလို ပိတျခဲ့တာလို့ ပွောပါတယျ။

XS
SM
MD
LG