သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi သေဆုံးကြောင်း ဆော်ဒီ အတည်ပြု


ဆော်ဒီသတင်ထောက် Khashoggi ရဲ့ ကြွင်းကျန်တဲ့အလောင်းကို မြှုပ်နှံထားမယ်လို့ ယူဆတဲ့ Belgrad သစ်တောတွင်းမှာ ရှာဖွေနေကြပုံ။ (၁၀၁၉/၁၈)
ဆော်ဒီသတင်ထောက် Khashoggi ရဲ့ ကြွင်းကျန်တဲ့အလောင်းကို မြှုပ်နှံထားမယ်လို့ ယူဆတဲ့ Belgrad သစ်တောတွင်းမှာ ရှာဖွေနေကြပုံ။ (၁၀၁၉/၁၈)

ဆော်ဒီသတင်းထောက် Jamal Khashoggi ဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဆော်ဒီ ကောင်စစ်ရုံးထဲမှာ သေဆုံးသွားတယ် ဆိုတာ ဆော်ဒီ အာရေးဘီးယားက အတည်ပြုလိုက်ပြီလို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

မစ္စတာ Khashoggi ဟာ ကောင်စစ်ရုံးထဲမှာ သူနဲ့တွေ့တဲ့လူတွေနဲ့ ရုန်းရင်းဆန်ခတ် အပြန်အလှန် ဖြစ်ပြီး သေဆုံးသွားတယ် ဆိုတာ စုံစမ်းစစ်ဆေးမှု ကနဦးရလဒ်တွေအရ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် ဆော်ဒီ တော်ဝင် အကြံပေးတဦးဖြစ်သူ Saud al-Qahtani နဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Ahmed El Asiri တို့ကို ရာထူးကထုတ်ပစ်လိုက်ပြီး တခြား ဆော်ဒီနိုင်ငံသား ၁၈ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆော်ဒီအစိုးရ ဝတ်လုံတော်ရက ပြောပါ တယ်။ မစ္စတာ Khashoggi သေဆုံးမှုကို ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဝတ်လုံတော်ရ ကပြောပါတယ်။

သောကြာနေ့တုန်းကတော့ တူရကီရဲတပ်ဖွဲ့က ဆော်ဒီကောင်စစ်ရုံး ဝန်ထမ်းတွေကို မေးမြန်းခဲ့တယ် လို့ တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ Khashoggi ဟာ အောက်တိုဘာလ ၂ ရက်နေ့က ဆော်ဒီကောင်စစ်ရုံးထဲ ဝင်သွားပြီး တဲ့နောက် ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးနေတာပါ။

ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတဲ့ တူရကီအာဏာပိုင်တွေက မစ္စတာ Khashoggi ဟာ ကောင်စစ်ရုံး ထဲမှာ အသတ်ခံရပြီး သေဆုံး သွားပြီလို့ အစောပိုင်းကတည်းက ပြောလာပေမဲ့ ဆော်ဒီဘက် ကတော့ အဲဒါကို တောက်လျှောက် ငြင်းလာပါတယ်။

မစ္စတာ Khashoggi ပျောက်ဆုံး သေဆုံးရတာဟာ ဆော်ဒီ အာရေးဘီးယား လက်ချက်ဆိုတာ ထင်ရှားရင် ပြင်းထန်တဲ့ ဒဏ်ခတ်မှုနဲ့ ကြုံရမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောထားပါတယ်။

Khashoggi သေဆုံးကြောင်း ဆော်ဒီ အတည်ပြု
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG