သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ


ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဆော်ဒီကျန်းမာရေးဝန်ကြီး Abdullah al-Rabia
ဆော်ဒီအာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် နောက်ထပ် လူ ၁၀ ယောက်သေဆုံးသွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂ ယောက်အထိရှိသွားခဲ့ပါပြီ။

စနေနေ့က ၂ ယောက်သေဆုံးပြီးနောက် မနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ၈ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် ဒီရောဂါပိုးစတင်တွေ့ရှိချိန်ကစပြီး ရောဂါဖြစ်တဲ့သူ ၃၃၉ ယောက်ရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ ဆော်ဒီကျန်းမာရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီဂျစ်နိုင်ငံမှာလည်း ဒီရောဂါဖြစ်နေသူတဦးကိုတွေ့ရှိခဲ့ပြီး အဲဒီလူဟာ သိပ်မကြာသေးခင်က ဆော်ဒီအာရေဗျနိုင်ငံကို သွားခဲ့တာဖြစ်ပါတယ်။ နှာခေါင်းနဲ့ပါးစပ်တွေကို ဖုံးအုပ်ထားကြဖို့ လက်ကို မကြာခဏဆေးဖို့အပါအဝင် ရောဂါမကူးစက်နိုင်အောင် တခြားလုပ်စရာတွေကိုလုပ်ဖို့ ဆော်ဒီကျန်းမာရေးတာဝန်ရှိသူတွေက မှာကြားထားပြီး တချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို ကျောင်းကို မသွားခိုင်းတော့ဘဲ အိမ်မှာပဲ နေခိုင်းထားပါတယ်။ ရိယာဒ့်၊ ဂျက်ဒါနဲ့ ဒမ်မန်မြို့တွေက ဆေးရုံ ၃ ခုကို MERS ရောဂါအထူးကုသဖို့အတွက် သတ်မှတ်ပေးထားပါတယ်။

MERS ရောဂါဟာ ကမ္ဘာတဝှမ်း လူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ SARS ရောဂါနဲ့ ဆက်စပ်မှုရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ဘာမှ မသိသေးသလို ကုသဖို့ ဆေးဝါးလည်း မရှိသေးဘဲဖြစ်နေပါတယ်။

ရောဂါပိုးဘယ်လိုကူးစက်တယ်ဆိုတာ မသေချာသေးပေမယ့် ကုလားအုပ်တွေကနေ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
XS
SM
MD
LG