သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသံတမန် ပါကစ္စတန်မှာ အသတ်ခံရ

ဆော်ဒီသံတမန် ပါကစ္စတန်မှာ အသတ်ခံရ
ဆော်ဒီသံတမန် ပါကစ္စတန်မှာ အသတ်ခံရ

ပါကစ္စတန်မှာ တနင်္လာနေ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆော်ဒီအာရေဗျ သံတမန်တယောက် သေဆုံးသွားခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ရာဇဝတ်မှု ဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံက ရှုတ်ချလိုက်ပါတယ်။

ကရာချိမြို့က ကောင်စစ်ဝန်ရုံးကို အသွားမှာ ဟာဆန် အယ်လ် ခါတာနီ (Hassan al-Khatani) လုပ်ကြံခံလိုက်ရတာ ဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံက ပြောပါတယ်။

ကားကို တယောက်တည်း မောင်းသွားနေစဉ်မှာ ဆိုင်ကယ်နဲ့ သေနတ်သမားက အယ်လ် ခါတာနီကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီအာရေဗျက ပြောပါတယ်။ အယ်လ် ခါတာနီဟာ ကောင်စစ်ဝန်ရုံး လုံခြုံရေးဌာနမှာ အလုပ်လုပ်ပါတယ်။

ဒီကိစ္စမှာ သူတို့ မပတ်သက်ဘူးလို့ ပါကစ္စတန် တာလီဘန် အဖွဲ့က ပြောပါတယ်။

ကရာချိမြို့ ကောင်စစ်ဝန်ရုံးကို ဗုံး ၂ လုံးနဲ့ ပစ်ပေါက်ပြီး ရက်အတော်ကြာမှာ အခုလို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ရတာပါ။ အဲဒီတုန်းကတော့ ဘယ်သူမှ မထိခိုက်ခဲ့ကြပါဘူး။

တနင်္လာနေ့ တိုက်ခိုက်မှုဟာ ဆွန်နီနဲ့ ရှီအာ မွတ်ဆလင်တွေကြား အကြမ်းဖက်မှုရလဒ် ဖြစ်သလား ဆိုတာကို ပါကစ္စတန် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

အခုလို သတ်ဖြတ်မှုကို ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချလိုက်ပြီး ကရာချိမြို့ လုံခြုံရေးနဲ့ အစ္စလာမ်မာဘတ်မြို့မှာ ရှိတဲ့ သံရုံးရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ ပါကစ္စတန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG