သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီရွေးကောက်ပွဲ အနိုင်ရသူ အမျိုးသမီး ၁၃ ဦး ရှိပြီ


ဆော်ဒီအာရေးဗီးယား နိုင်ငံ ရဲ့ ပထမဆုံးအကြိမ်အဖြစ်နဲ့ အမျိုးသမီးတွေကို မဲပေးခွင့် ၊ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ယှဉ်ပြိုင်ခွင့်ပေးတဲ့ ရွေးကောက်ပွဲ။
ဆော်ဒီအာရေးဗီးယား နိုင်ငံ ရဲ့ ပထမဆုံးအကြိမ်အဖြစ်နဲ့ အမျိုးသမီးတွေကို မဲပေးခွင့် ၊ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ယှဉ်ပြိုင်ခွင့်ပေးတဲ့ ရွေးကောက်ပွဲ။

ဆော်ဒီအာရေဗျနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ အမျိုးသမီးတွေကို မဲပေးခွင့် ၊ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ယှဉ်ပြိုင်ခွင့်ပေးတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီရွေးကောက်ပွဲမှာ အမျိုးသမီး ၁၃ ဦးထက်မနည်း အနိုင်ရရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ထွက်ပေါ်လာတဲ့ရလဒ်မှာတော့ Salma bint Hizab al-Oteibi ဟာ အဲဒီ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေထဲက ပထမဆုံးအနိုင်ရသူဖြစ်ပြီး၊ သူဟာ မက်ကာမြို့နဲ့ မိုင် ၁၀၀ အကွာမှာရှိတဲ့ Madrakah ဆိုတဲ့ ဒေသမှာ အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၂ ဦးကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အစိုးရဆက်နွယ်နေတဲ့ အင်တာနက်စာမျက်နှာတွေနဲ့ တခြား သတင်းအေဂျင်စီတွေမှာတော့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးကောင်စီရွေးကောက်ပွဲတွေမှာ အရွေးခံရသူအမျိုးသမီးဟာ ၁၇ ယောက်အထိရှိတယ်လို့ ဖော်ပြနေကြပေမယ့်။ နောက်ဆုံးအရေအတွက်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ နဲ့ မဲပေးတဲ့နေရာတွေမှာ အတားအဆီးအခက်အခဲတွေရှိပေမယ့်လည်း ဒေသဆိုင်ရာ အုပ်ချု့်ရေးကောင်စီ နေရာ ၂၀၀၀ အတွက် ဝင်အရွေးခံတဲ့ကိုယ်စားလှယ် ၆ ထောင်ရှိပြီး၊ အဲဒီထဲမှာ ၉၀၀ က အမျိုးသမီးတွေဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောပါတယ်။

ရွေးကောက်ပွဲမဲပေးဖို့ မှတ်ပုံတင်တဲ့နေရာ နဲ့ မဲပေးခွင့်အတွက် လိုအပ်တဲ့ သက်သေခံကတ်ပြားတွေ အမျိုးသမီးအတော်များများမှာ မရှိတဲ့အတွက် ၊ ရွေးကောက်ပွဲမှာ မဲမပေးနိုင်တာတွေလည်းရှိခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးကပြောပါတယ်။

XS
SM
MD
LG