သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီရွေးကောက်ပွဲ အမျိုးသမီးနှစ်ဦးထက်မနည်း ပထမဆုံး အနိုင်ရ


ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ အမျိုးသမီးတွေ မဲပေးခွင့်၊ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပထမဆုံး ရရှိ။
ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ အမျိုးသမီးတွေ မဲပေးခွင့်၊ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပထမဆုံး ရရှိ။

ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ အမျိုးသမီးတွေ မဲပေးခွင့်၊ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပထမဆုံး ရရှိတဲ့
ဒေသဆိုင်ရာ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ရွေးကောက်ပွဲမှာ အနည်းဆုံး အမျိုးသမီး ၂ ဦးတို့ အနိုင်ရခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာတဲ့ ကနဦး ရွေးကောက်ပွဲ ရလဒ်တွေမှာတော့ Salma bint Hizab al-Oteibe ကို ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်အဖြစ် အတည်ပြု ကြေညာထားပါတယ်။

Salma bint Hizab al-Oteibe ဟာ မက္ကာမြို့ရဲ့ မြောက်ဘက် ၁၅၀ ကီလိုမီတာခန့် အကွာက Madrakah ဒေသက ကိုယ်စားလှယ်နေရာကို ယှဉ်ပြိုင်ဘက် အမျိုးသား ကိုယ်စားလှယ်လောင်း ၇ ဦးနဲ့ အမျိုးသမီး ကိုယ်စားလှယ် ၂ ဦးတို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့နဲ့ စာရင်းပေးသွင်းဖို့ အတားအဆီး တချို့ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၆၄၄၀ တို့ထဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉၀၀ လောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် စာရင်းပေးသွင်းရတဲ့ ဌာနတွေရဲ့ အကွာအဝေးနဲ့ အမျိုးသမီး အများအပြားမှာ မရှိကြတဲ့ မှတ်ပုံတင်ကတ် ပြဖို့ လိုအပ်ချက်တွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အဟန့်အတား ဖြစ်စေခဲ့တယ်လို့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောဆိုပါတယ်။ မနေ့ စနေနေ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ စာရင်းပေးသွင်းခဲ့ကြတဲ့ အမျိုးသမီး ၁ သိန်း ၃ သောင်းနီးပါး ရှိခဲ့ပြီး ဒီအရေအတွက်က မဲပေးဖို့ စာရင်းပေးသွင်းကြတဲ့ အမျိုးသား မဲဆန္ဒရှင် အရေအတွက်ရဲ့ ဆယ်ပုံ တပုံ ရှိတယ်လို့လည်း ဆော်ဒီအာရေးဗီးယား အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

XS
SM
MD
LG