သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၂ မကၠာဘုရားဖူး (၁) သန္းအထိ ေဆာ္ဒီ တိုးျမႇင့္ခြင့္ျပဳ


Saudi Hajj

ေဆာ္ဒီအာေရးဘီးယားအေနနဲ႔ Hajj (ေခၚ) မကၠာဘုရားဖူးခရီးသြား တစ္သန္းအထိ ဒီႏွစ္မွာ တိုးျမႇင့္ခြင့္ျပဳထားပါတယ္။

အရင္ (၂) ႏွစ္က ကိုဗစ္ ကမာၻ႔ကပ္ေရာဂါ ကန႔္သတ္မူေတြေၾကာင့္ ျပည္တြင္းျပည္ပက မကၠာဘုရားဖူးခရီးသည္ အမ်ားႀကီး ေလ်ာ့က်သြားခဲ့ရာကေန ဒီႏွစ္ ဇူလိုင္ဆုေတာင္းပြဲမွာ အမ်ားႀကီး ျပန္ခြင့္ျပဳဖို႔ Hajj ဝန္ႀကီးဌာနက ဒီေန႔ ထုတ္ျပန္လိုက္တာပါ။

အစၥလာမ္ဘာသာရဲ႕ အုတ္ျမစ္ႀကီး ငါးခုထဲက တစ္ခုျဖစ္တဲ့ မကၠာဝတ္ျပဳပြဲကို မြတ္ဆလင္တိုင္း တသက္မွာ အနည္းဆုံး တစ္ႀကိမ္ သြားႏိုင္ဖို႔ ေမွ်ာ္လင့္ ဆုေတာင္းထားၾကပါတယ္။

ကမာၻမွာ အႀကီးမားဆုံး ဘာသာေရးဝတ္ျပဳပြဲေတြထဲက တစ္ခုျဖစ္တဲ့ မကၠာဆုေတာင္းပြဲမွာ ကိုဗစ္မျဖစ္ခင္ ၂၀၁၉ ခုႏွစ္တုန္းက ေတာ့ ဘုရားဖူးေပါင္း (၂.၅) သန္းအထိ စည္ကားခဲ့ပါတယ္။

ဒါေပမဲ့ ကိုဗစ္ေရာဂါစတဲ့ ၂၀၀၀ ခုႏွစ္မွာေတာ့ ဘုရားဖူး ၁,၀၀၀ ကိုပဲ ေဆာ္ဒီအာဏာပိုင္ေတြက ခြင့္ျပဳေပးခဲ့ပါတယ္။

မႏွစ္ ၂၀၂၁ တုံးကေတာ့ ဘုရားဖူးအေရအတြက္ ျပန္တိုးျမႇင့္ေပးခဲ့ေပမဲ့ ကိုဗစ္ကာကြယ္ေဆး အျပည့္ထိုးထားတဲ့ ႏိုင္ငံသားနဲ႔ ႏိုင္ငံတြင္းေနထိုင္သူ စုစုေပါင္း ၆၀,၀၀၀ ကိုသာ မဲႏႈိက္စနစ္နဲ႔ ခြင့္ျပဳခဲ့တာပါ။

ဒီႏွစ္မွာလည္း တစ္သန္းအထိ တိုးျမႇင့္လိုက္ေပမဲ့ ကာကြယ္ေဆး အျပည့္ထိုးထားသူ အသက္ (၆၅) ႏွစ္ေအာက္ကိုသာ ခြင့္ျပဳမွာ ျဖစ္တယ္လို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျပည္ပက လာသူေတြအေနနဲ႔ ကိုဗစ္ပိုးမရွိေၾကာင္း ေဆာ္ဒီႏိုင္ငံကို မေရာက္ခင္ (၇၂) နာရီအတြင္း စမ္းသပ္စစ္ေဆးထားတဲ့ ရလဒ္ကိုျပဖို႔ လိုအပ္ပါတယ္။

== Unicode ==

ဆော်ဒီအာရေးဘီးယားအနေနဲ့ Hajj (ခေါ်) မက္ကာဘုရားဖူးခရီးသွား တစ်သန်းအထိ ဒီနှစ်မှာ တိုးမြှင့်ခွင့်ပြုထားပါတယ်။

အရင် (၂) နှစ်က ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကန့်သတ်မူတွေကြောင့် ပြည်တွင်းပြည်ပက မက္ကာဘုရားဖူးခရီးသည် အများကြီး လျော့ကျသွားခဲ့ရာကနေ ဒီနှစ် ဇူလိုင်ဆုတောင်းပွဲမှာ အများကြီး ပြန်ခွင့်ပြုဖို့ Hajj ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

အစ္စလာမ်ဘာသာရဲ့ အုတ်မြစ်ကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ မက္ကာဝတ်ပြုပွဲကို မွတ်ဆလင်တိုင်း တသက်မှာ အနည်းဆုံး တစ်ကြိမ် သွားနိုင်ဖို့ မျှော်လင့် ဆုတောင်းထားကြပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံး ဘာသာရေးဝတ်ပြုပွဲတွေထဲက တစ်ခုဖြစ်တဲ့ မက္ကာဆုတောင်းပွဲမှာ ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက တော့ ဘုရားဖူးပေါင်း (၂.၅) သန်းအထိ စည်ကားခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်ရောဂါစတဲ့ ၂၀၀၀ ခုနှစ်မှာတော့ ဘုရားဖူး ၁,၀၀၀ ကိုပဲ ဆော်ဒီအာဏာပိုင်တွေက ခွင့်ပြုပေးခဲ့ပါတယ်။

မနှစ် ၂၀၂၁ တုံးကတော့ ဘုရားဖူးအရေအတွက် ပြန်တိုးမြှင့်ပေးခဲ့ပေမဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံတွင်းနေထိုင်သူ စုစုပေါင်း ၆၀,၀၀၀ ကိုသာ မဲနှိုက်စနစ်နဲ့ ခွင့်ပြုခဲ့တာပါ။

ဒီနှစ်မှာလည်း တစ်သန်းအထိ တိုးမြှင့်လိုက်ပေမဲ့ ကာကွယ်ဆေး အပြည့်ထိုးထားသူ အသက် (၆၅) နှစ်အောက်ကိုသာ ခွင့်ပြုမှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပက လာသူတွေအနေနဲ့ ကိုဗစ်ပိုးမရှိကြောင်း ဆော်ဒီနိုင်ငံကို မရောက်ခင် (၇၂) နာရီအတွင်း စမ်းသပ်စစ်ဆေးထားတဲ့ ရလဒ်ကိုပြဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG