သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးသတင်းထောက် အသတ်ခံရကြောင်း ဆော်ဒီ ဝန်ခံဖွယ်ရှိ


ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ရုံးထဲ ဝင်သွားပြီး ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi ဟာ အသတ်ခံရကြောင်း ဆော်ဒီအာရေဗျက ဝန်ခံဖို့ ပြင်နေပြီလို့ အမေရိကန် သတင်းဌာန ၂ ခုက ထုတ်ဖေါ်ရေးသားခဲ့ပါတယ်။

CNN သတင်းဌာနကို သတင်းပေးခဲ့သူက သတင်းထောက် Khashoggi ဟာ စစ်ဆေးမေးမြန်းစဉ်မှာ သေဆုံးခဲ့တာလို့ ပြောကြားခဲ့ကြောင်း နဲ့ တကယ်တော့ ဆော်ဒီထောက်လှန်းရေးတွေက Jamal Khashoggi ကို စစ်ဆေးမေးမြန်းဖို့အတွက် Istanbul မှာရှိတဲ့ ဆော်ဒီကောင်စစ်ရုံး ကနေ ဆော်ဒီအာရေဗျ နိုင်ငံကို ခိုးထုတ်သွားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း လည်း ပြောခဲ့တယ်လို့ CNN သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အခု Khashoggi သေဆုံးတဲ့ အထိ ဖြစ်သွားခဲ့တဲ့ သူတို့ရဲ့ အစီအစဉ်ဟာ တရားဝင်ခွင့်ပြုချက်မပါသလို သေဆုံးအောင် လုပ်ဆောင်ခဲ့သူကို အရေးယူမှာ ဖြစ်ကြောင်းလည်း ဆော်ဒီအာရေဗျ ဘက်က ပြောကြားဖို့ မျှော်လင့်ထားတယ် လို့လည်း သတင်းမှာ ဖေါ်ပြထားပါတယ်။ သတင်းထောက် Khashoggi ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက တူရကီက ဆော်ဒီကောင်စစ်ရုံးထဲကို ဝင်ရောက်သွားခဲ့ပြီးတဲ့ နောက်ပိုင်း ပျောက်ဆုံးနေတာဖြစ်ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာတော့ အမေရိကန် သမ္မတ Donald Trump က သတင်းထောက် Khashoggi ကို လူဆိုးတွေ သတ်သွား မယ်လို့ ထင်ကြောင်း ပြောပါတယ်။ သမ္မတ Trump က သူနဲ့ ဆော်ဒီဘုရင် Salman တို့ မိနစ် ၂၀ ကြာ တယ်လီဖုန်း ဆက်သွယ်ပြောကြားစဉ်မှာ Khashoggi နဲ့ပတ်သက်ပြီး သူဘာမှ မသိကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ Khashoggi ဟာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်တဲ့ စာတွေ ရေးသားသူဖြစ်ပါတယ်။

သမ္မတ Trump က Khashoggi ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို ဆော်ဒီအာရေဗျကို စေလွှတ်ခဲ့တာပါ။ သတင်းထောက် Khashoggi နဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေ အားလုံးကို ဘာမှ ချန်မထားပဲ စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။ တချိန်ထဲမှာပဲ တူရကီရဲတွေက Istanbuk က ဆော်ဒီကောင်စစ်ရုံးကို စတင်ရှာဖွေ စစ်ဆေးနေပြီဖြစ်ပါတယ်။

ပျောက်ဆုံးသတင်းထောက် အသတ်ခံရကြောင်း ဆော်ဒီ ဝန်ခံဖွယ်ရှိ
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG