သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ပင်လယ်ကွေ့နိုင်ငံများထိပ်သီး ဆော်ဒီဘုရင် တက်မည်မဟုတ်


ဆော်ဒီဘုရင် Salman
ဆော်ဒီဘုရင် Salman

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အိမ်ရှင်အဖြစ် အခုသီတင်းပတ်လက်ခံကျင်းပသွားမယ့် အမေရိကန်အာရပ် ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျ ဘုရင် Salman တက်ရောက်မှာမဟုတ်ဘဲ အိမ်ဖြူတော်မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးကိုလည်း ဖျက်လိုက်တယ် လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီအဖွဲ့ဝင် ၆ နိုင်ငံက ကိုယ်စားလှယ်တွေ အိမ်ဖြူတော်မှာ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သမ္မတအိုဘားမား အနားယူအပမ်းဖြေတဲ့ Camp David စခန်းမှာ ကြာသာပတေးနေ့မှာ ဆက်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆော်ဒီဘုရင် Salman က သူ့ကိုယ်စား အိမ်ရှေ့မင်းသား Mohammed bin Nayef ကို စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူဘဲက ပြောပါတယ်။ ဒီညီလာခံက အိမ်နီးချင်းရီမင်နိုင်ငံမှာ လူသားချင်းစာနာနဲ့ အကူအညီတွေပေးဖို့အတွက် ၅ ရက်ကြာ အပစ်ရပ်စဲမှာနဲ့ တိုက်နေတယ်လို့ သူကပြောပါတယ်။ ယီမင်နိုင်ငံမှာ အစိုးရကိုတိုက်နေတဲ့သူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်တွေက လေကြောင်း ကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုလို အပြောင်းအလဲလုပ်တာဟာ အကြောင်းတစုံတရာကြောင့် မဟုတ်ပါဘူးလို့ အမေရိကန်ဘက်က ပြောပါတယ်။

ဆော်ဒီဘုရင် Salman ဒီထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်တာကြောင့် ကာတာနဲ့ ကူဝိတ်နိုင်ငံခေါင်ေးဆာင်တွေကပဲ သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဦးဆောင်သူအဖြစ်နဲ့ လာကြမှာဖြစ်ပါတယ်။ ကူဝိတ်စော်ဘွား Sabah al Sabah ဟာ တနင်္ဂနွေနေ့က ဝါရှင်တန်ကို ထွက်ခွာလာပြီး ကာတာစော်ဘွား Sheikh Al Thani ဟာ တနင်္လာနေ့မှာ ဒိုဟာကနေ ထွက်ခွာလာမှာဖြစ်ပါတယ်။

XS
SM
MD
LG