သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီေလတပ္ေလယာဥ္မွဴး ကန္ေရတပ္စခန္းမွာ ပစ္ခတ္


ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ Pensacola ၿမိဳ႕ရွိ ေရတပ္အေျခစုိက္စခန္း ဝင္ေပါက္။ (မတ္ ၁၆၊ ၂၀၁၆)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္က ေရတပ္စခန္းတခုမွာ ျဖစ္ပြားခဲ့တဲ့ ေသနတ္ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ဒီပစ္ခတ္မႈ ဘာေၾကာင့္ျဖစ္ပြားရလဲဆိုတဲ့ အေၾကာင္းရင္းကို တာ၀န္ရွိသူေတြ စံုစမ္းစစ္ေဆးေနၾကပါတယ္။

ပစ္ခတ္သူဟာ ေလယာဥ္ ေလ့က်င့္ပ်ံသန္းေရး သင္တန္းတက္ေရာက္ေနသူ ေဆာ္ဒီအာေရဗ် ေလတပ္ ေလယာဥ္မွဴးတေယာက္ပါ။

Pensacola ၿမိဳ႕က ေလေၾကာင္းအုပ္စုေတြလည္း တပ္စြဲထားတဲ့ ေရတပ္အေျခစိုက္စခန္းမွာ ေသာၾကာေန႔ အေစာပိုင္းက ပစ္ခတ္မႈျဖစ္ပြားရာမွာ ေသနတ္သမား အပါအ၀င္ ၄ ဦး ေသဆံုးသြားၿပီး ၈ ဦး ဒဏ္ရာရသြားပါတယ္။

Pensacola မွာ ႏုိင္ငံတကာကေန ေလယာဥ္ေမာင္းသင္တန္း လာတက္ေရာက္ေနသူ ရာဂဏန္းတခ်ဳိ႕ရွိတယ္လို႔ ေရတပ္တာ၀န္ရွိသူေတြက ေျပာပါတယ္။

ပစ္ခတ္သူဟာ Mohammed Saeed Alshamrani ျဖစ္တယ္လို႔ တာ၀န္ရွိသူေတြကို ကိုးကားၿပီး NBC သတင္းဌာနက ေျပာပါတယ္။

ဒီပစ္ခတ္မႈနဲ႔ ဆက္စပ္တဲ့ ေနာက္ထပ္ ေဆာ္ဒီအာေရဗ်ႏုိင္ငံသား ၆ ဦးကို FBI ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးဗ်ဴ႐ုိက ဖမ္းဆီးထားေၾကာင္းလည္း ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ Fox သတင္းဌာနက ေၾကညာပါတယ္။

ဒီေလယာဥ္မွဴးဟာ ပစ္ခတ္မႈမက်ဴးလြန္ခင္မွာ ေသတမ္းစာတေစာင္နဲ႔ အၾကမ္းဖက္ေခါင္းေဆာင္ Osama bin Laden ကို ရည္ညႊန္းတိုင္တည္ၿပီးေတာ့လည္း တြစ္တာ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့ေၾကာင္း ဂ်ီဟဒ္ၿခိမ္းေျခာက္မႈနဲ႔ ဆက္သြယ္ေရးကြန္ရက္ကို ေစာင့္ၾကည့္တဲ့ SITE Intelligence Group ေထာက္လွမ္းေရးအဖြဲ႔က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ မေကာင္းဆိုးရြားေတြရဲ႕ တုိင္းျပည္အျဖစ္ ေျပာင္းလဲေနၿပီး မြတ္စလင္ႏုိင္ငံေတြနဲ႔ တျခားႏုိင္ငံေတြကို က်ဴးေက်ာ္သိမ္းယူေနတဲ့ အစၥေရးကို ပံ့ပိုးေပးေနတဲ့အေပၚ သူက ျပစ္တင္႐ႈတ္ခ်ေၾကာင္းလည္း တြစ္တာ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားတာပါ။

Pensacola ေရတပ္အေျခစိုက္စခန္းမွာ ေသနတ္ကိုင္ေဆာင္ခြင့္ မရွိေပမယ့္လည္း ေသနတ္သမားဟာ ေသနတ္အတိုတလက္ကို ဖြက္ယူေဆာင္လာၿပီး အေဆာက္အဦတခုအတြင္း ပစ္ခတ္ခဲ့တာလို႔ ရဲအရာရွိ Sheriff David Morgan က ေျပာပါတယ္။

-----------------------------

(Unicode)

ဆော်ဒီလေတပ်လေယာဉ်မှူး ကန်ရေတပ်စခန်းမှာ ပစ်ခတ်

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ရေတပ်စခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒီပစ်ခတ်မှု ဘာကြောင့်ဖြစ်ပွားရလဲဆိုတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေကြပါတယ်။

ပစ်ခတ်သူဟာ လေယာဉ် လေ့ကျင့်ပျံသန်းရေး သင်တန်းတက်ရောက်နေသူ ဆော်ဒီအာရေဗျ လေတပ် လေယာဉ်မှူးတယောက်ပါ။

Pensacola မြို့က လေကြောင်းအုပ်စုတွေလည်း တပ်စွဲထားတဲ့ ရေတပ်အခြေစိုက်စခန်းမှာ သောကြာနေ့ အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာမှာ သေနတ်သမား အပါအဝင် ၄ ဦး သေဆုံးသွားပြီး ၈ ဦး ဒဏ်ရာရသွားပါတယ်။

Pensacola မှာ နိုင်ငံတကာကနေ လေယာဉ်မောင်းသင်တန်း လာတက်ရောက်နေသူ ရာဂဏန်းတချို့ရှိတယ်လို့ ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်သူဟာ Mohammed Saeed Alshamrani ဖြစ်တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ဆက်စပ်တဲ့ နောက်ထပ် ဆော်ဒီအာရေဗျနိုင်ငံသား ၆ ဦးကို FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရိုက ဖမ်းဆီးထားကြောင်းလည်း သောကြာနေ့ နှောင်းပိုင်းမှာ Fox သတင်းဌာနက ကြေညာပါတယ်။

ဒီလေယာဉ်မှူးဟာ ပစ်ခတ်မှုမကျူးလွန်ခင်မှာ သေတမ်းစာတစောင်နဲ့ အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို ရည်ညွှန်းတိုင်တည်ပြီးတော့လည်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ကြောင်း ဂျီဟဒ်ခြိမ်းခြောက်မှုနဲ့ ဆက်သွယ်ရေးကွန်ရက်ကို စောင့်ကြည့်တဲ့ SITE Intelligence Group ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မကောင်းဆိုးရွားတွေရဲ့ တိုင်းပြည်အဖြစ် ပြောင်းလဲနေပြီး မွတ်စလင်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကို ကျူးကျော်သိမ်းယူနေတဲ့ အစ္စရေးကို ပံ့ပိုးပေးနေတဲ့အပေါ် သူက ပြစ်တင်ရှုတ်ချကြောင်းလည်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။

Pensacola ရေတပ်အခြေစိုက်စခန်းမှာ သေနတ်ကိုင်ဆောင်ခွင့် မရှိပေမယ့်လည်း သေနတ်သမားဟာ သေနတ်အတိုတလက်ကို ဖွက်ယူဆောင်လာပြီး အဆောက်အဦတခုအတွင်း ပစ်ခတ်ခဲ့တာလို့ ရဲအရာရှိ Sheriff David Morgan က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG