သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီအမျိုးသမီးတွေ မဲပေးခွင့်ရပြီ


ဆော်ဒီအမျိုးသမီးတွေ မဲပေးခွင့်ရပြီ
ဆော်ဒီအမျိုးသမီးတွေ မဲပေးခွင့်ရပြီ

ဆော်ဒီအာရေဗျနိုင်ငံမှာ ဘုရင် အဗ္ဗဒူလာ (Abdullah) က အခုကစပြီး လာမယ့် ၄ နှစ်အတွင်း အမျိုးသမီးတွေကို မဲပေးခွင့်နဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့က ဘုရင်ရဲ့ ကြေညာချက်က ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် အကျုံးဝင်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပေမဲ့ အဲဒီရွေးကောက်ပွဲတွေမှာတော့ အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိသေးပါဘူး။

အမျိုးသမီးတွေဟာ ရှူရာကောင်စီ (Shura Council) မှာလည်း လာမယ့်သက်တမ်းကစပြီး ပါဝင်ခွင့် ရမယ်လို့ ဘုရင် အဗ္ဗဒူလာက ပြောကြားသွားပါတယ်။ ရှူရာကောင်စီဟာ ဘုရင်ကိုယ်တိုင်က ရွေးချယ် ခန့်အပ်တဲ့ အကြံပေးအဖွဲ့ ဖြစ်ပြီးတော့ အခုအချိန်ထိတော့ အဲဒီကောင်စီမှာ အမျိုးသားတွေချည်းပဲ ရှိတာပါ။

ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် အခွင့်အရေး မရကြဘူး ဖြစ်ပါတယ်။ ရှေးရိုး ထုံးတမ်းစဉ်လာထဲက အဲဒီမှာ အမျိုးသမီးတွေ ကားမောင်းပိုင်ခွင့် ပိတ်ပင်ထားတာမို့ ဒီနှစ် အစောပိုင်းကတော့ တချို့ အမျိုးသမီးတွေက အဲဒါကို ဆန့်ကျင်ပြီး ကားတွေကို မောင်းနှင်ကြပါတယ်။

XS
SM
MD
LG