သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ သက်သေမခိုင်လုံသေး (ထိုင်းအစိုးရရှေ့နေ)


BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)
BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ကိစ္စ လာမယ့်တနင်္လာနေ့မှာ အပြီးသတ်ဆုံးဖြတ်နိုင်ခြေ ထိုင်းအာဏာပိုင်တွေ မျှော်လင့်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

အစောပိုင်းကတော့ သက်သေအထောက်အထား မခိုင်လုံသေးတဲ့အတွက် ထပ်ပြီးတင်ပြဖို့ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရှေ့နေတွေက အထူးစုံစမ်းရေးအဖွဲ့ DSI ကို တောင်းဆိုထားပါတယ်။ လာမယ့် တနင်္လာနေ့ အထူးစုံစမ်းရေးအဖွဲ့ DSI နဲ့ တရားရေးဌာနတို့ တွေ့ဆုံဆွေးနွေးပြီး အထောက်အထားတွေပေါ်မှာ အခြေခံပြီး ဖမ်းဝရမ်းထုတ်ရေးမထုတ်ရေး ဆုံးဖြတ်မယ့်အကြောင်း သတင်းမှာ ရေးသားထားတာပါ။

မနေ့ကကျင်းပတဲ့ ပဏာမအစည်းအဝေးမှာ လက်ရှိတင်ပြတဲ့အထောက်အထားတွေလောက်နဲ့ ဖမ်းဝရမ်းထုတ်ဖို့ မခိုင်လုံသေးဘူးလို့ အစိုးရရှေ့နေတွေက ယုံကြည်ထားကြောင်း အကြောင်းပြန်ခဲ့တာကို The Nation သတင်းစာမှာ ရေးပါတယ်။ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို ဒီသီတင်းပတ် အစောပိုင်းမှာ တောင်းဆိုထားတာပါ။

အိန္ဒိယနိုင်ငံသားတွေကို Heng Sheng ကက်စီနို အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေမှာ ဖျားယောင်း ခိုင်းစေခဲ့တဲ့အမှုမှာ BGF ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်း အထူးစုံစမ်းရေးအဖွဲ့က တရားရေးဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG