သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SAW အမျိုးသမီးအဖွဲ့ တရားဝင်မှတ်ပုံတင်နိုင်ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် ကူညီ


SAW အဖွဲ့အစည်းက စောင့်ရှောက်ထားသော ကလေးများ (ဓါတ်ပုံ- အေးအေးမာ VOA)
SAW အဖွဲ့အစည်းက စောင့်ရှောက်ထားသော ကလေးများ (ဓါတ်ပုံ- အေးအေးမာ VOA)

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် SAW အဖွဲ့အစည်းလို့ခေါ်တဲ့ ကလေးသူငယ်များနဲ့ အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲကို ထိုင်းနိုင်ငံတွင်းမှာ တရားဝင်မှတ်ပုံတင်ဖို့နဲ့ စောကစောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေး (၁၆၉) ယောက်အတွက် တရားဝင်အထောက်အထားလက်မှတ်များရရှိရေး ထိုင်းရှေနေများကောင်စီနဲ့ ထိုင်းလူ အခွင့်ရေးကော်မရှင်က တာဝန်ရှိသူတွေက ကြိုစားလုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ၁၆နှစ်ကျော်ကြာ အခြေစိုက်ပြီး အမျိုးသမီးနဲ့ ကလေးသူ ငယ်တွေအတွက် ကာကွယ် စောင့်ရှောက်မူတွေ ပေးနေတဲ့ SAW အဖွဲ့အစည်း ဟာဇူလိုင်လ (၃၀) ရက်နေ့က စပြီးတရားဝင်မှတ်ပုံတင် ဖို့ ဆွေးနွေး ဆုံဖြတ်ခဲ့ပါတယ်။ မကြာခင်မှာတရားဝင်မှတ်ပုံတင်နိုင်ရေးအတွက် ထိုင်းအမျိုး သားလူအခွင့်ရေး ကော်မရှင်က တာဝန်ရှိသူလည်းဖြစ် ထိုင်းရှေနေများကောင်စီရဲ့ လူအခွင့်ရေး၊ လူမျိုးစုအခွင့်ရေး၊ နိုင်ငံမဲ့များ အရေးနဲ့ ရွေပြောင်းအလုပ်သမားရေး ဆိုင်ရာလုပ်ငန်းကေ်ာမတီဥက္ကဌ Mr Surapong Kongchantuk ၊ မဲဆောက်မြို မြူနီစပယ်ရုံးကဒုတိယတာဝန်ရှိသူဖြစ်တဲ့ Mr thirayudh Chantikul နဲ့ထိုင်းရှေနေ တဦးအပါ အဝင် ထိုင်းနိုင်ငံသား လေးဦးက တာဝန်ယူပြိး ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ။

ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေကို အကူညီပေးနေတဲ့ SAW အဖွဲ့လက်ရှိဥက္ကဌဖြစ်တဲ့ Mr Surapong Kongchantuk အနေနဲ့ SAW အဖွဲ့အစည်း ကိုဘာကြောင့်အကူညီပေးခဲ့ သလဲဆိုတာကို အခုလိုရှင်းပြခဲ့ပါတယ်။

“SAWအဖွဲ့ရဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရားဝင် ကာကွယ်ပေးတဲ့ သူတွေရှိရမယ်၊ အားဖြည့်ပေးတဲ့ အနေနဲ့ရော အလုပ်တွေကို ပိုပြီး လုပ်နိုင်အောင် အာမခံချက်ရှိအောင် တရားဝင်လုပ်ပေးလိုက်တဲ့အခါမှာ တရား ဥပဒေကြောင်းအရ ကလေးငယ်တွေအတွက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ မဲဆောက်မြို့ တွင်းမှာရှိတဲ့ SAW အဖွဲ့ကိုတရားဝင်အဖွဲ့စည်းဖြစ်သွားတဲ့အခါမှာ ကလေးတွေအတွက်ပိုပြီး တိုးတက်အောင် လုပ်နိုင်တဲ့ အခွင့်အရေး တွေရလာမှာပါ။”

ထိုင်းလူမူအသိုင်းအဝိုင်းဘက်က ဒီလိုမြန်မာကလေးတွေကို အကူညီပေးတဲ့အတွက် တုန်ပြန်မူတွေ ဘယ်လို ဖြစ်လာနိုင်မလဲလို့ မေးတဲ့အခါမှာတော့-

“လူမှုရေးအသင်းဖွဲ့ဖြစ်တဲ့အတွက် ဘယ်သူမှ ထိခိုက်မှာမဟုတ်ပါဘူး။ NHRC ထိုင်းလူ့အခွင့်ရေး ကော်မရှင် အနေနဲ့ လည်းထိုင်းနိုင်ငံအတွင်းမှာ အုပ်ထိမ်းသူမဲ့နေတဲ့ ကလေးသူငယ်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်လမ်းတွေ ရှိလာအောင် တာဝန်ယူ ကူညီဆောင်ရွက်ပေးးနေတာဖြစ်ပါတယ်။ ကလေးတွေကို အဆင့် အတန်းရှိရှိ အကူညီပေးတဲ့အခါမှာတိုးတက်မှုတွေရှိလာတာနဲ့အမျှ ထိုင်းနိုင်ငံတွင်းမှာ မိဘမဲ့ ကလေးတွေ လျော့ကျလာမှာဖြစ်ပါတယ်။ ထိုင်းအစိုးရအတွက်လည်း ကောင်မွန်တဲ့ရလာဒ်တွေရှိ လာမှာပါ။ ထိုင်းနိုင်ငံတွင်း မှာနေထိုင်တဲ့သူတွေကို စီစစ်တဲ့အခါမှာလည်း ပိုပြီးတော့လွယ်ကူလာမှာဖြစ်ပါတယ်။ ထိုင်းအစိုးရမှာလည်း ဒီလို မိဘမဲ့ ကလေးတွေအတွက် တာဝန်ရှိပါတယ်။ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းမှာ ပြသနာတွေတွေကတော့ ရှိနေတာပါဘဲ။ ကိုယ့်လုပ်ရပ်မှန်ကန်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ လူထုက လက်ခံလာမှာပါ။

(၁၆) နှစ်ကျော်ကြာ ထိုင်းမြန်မာနယ်စပ်မှာလူထူအခြေပြုအဖွဲ အစည်းအဖြစ် အခြေစိုက်လှုပ်ရှားနေတဲ့ SAW အဖွဲ့အစည်းဟာ မိဘမဲ့ကလေးတွေ၊ စွန်ပစ်ခံကလေးတွေ လူကုန်ကူးခံရတဲ့ ကလေးတွေအပါ အဝင် အကူညီမဲ့ နေတဲ့ အမျိုးသမီးတွေကို စောင့်ရှောက်မူပေးနေတာဖြစ်ပါတယ်။HIV ဖြစ်နေတဲ့ အမျိုးသမီးနဲ့ ကလေး တွေကို ကူညီစောင့်ရှောက်မူတွေပေးခဲ့တာတွေတာကြောင့် ကမ္ဘာကုလသမဂကပေးတဲ့ ဖဲကြိုးနီဆု (၂၀၀၈)ခုနှစ်က ရရှိခဲ့ပါတယ်။အခုအခါမှာတော့ စွန်ပစ်ခံမိဘမဲ့ကလေး၁၆၉ယောက်ရဲ့ပညာရေး ကျန်းမာရေးနဲ့ လုံခြုံရေး အတွက် အထောက်အထားများ ရရှိနိုင်ဖို့ ထိုင်းနိုင်ငံတွင်းမှာတရားဝင်နေထိုင်မူူရရှိအောင်ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့လည်း SAWက တာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG