သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြန်မာကျောင်းတွေမှာ မြန်မာကလေးများနေ့ ကျင်းပ


ထိုင်းနယ်စပ်မြန်မာကျောင်းတွေမှာ မြန်မာကလေးများနေ့ကျင်းပ (SAW)
ထိုင်းနယ်စပ်မြန်မာကျောင်းတွေမှာ မြန်မာကလေးများနေ့ကျင်းပ (SAW)

ထိုင်းမြန်မာ နယ်စပ်ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ ကို နှစ်စဉ်ကျင်းပရာမှာ ဒီနှစ်မှာလည်း ကျင်းပခဲ့ကြတာပါ။ ဒါဟာမြန်မာနိုင်ငံသား ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓါတ်ကို အတုယူနိုင်ဖို့ကျင်းပကြတာ ဖြစ်သလို လွတ်လပ်ရေးယူပေးခဲ့တဲ့မြန်မာနိုင်ငံ ကခေါင်းဆောင်တွေ အကြောင်းကို ရွှေ့ပြောင်းကလေးငယ်တွေ သိရှိအောင်လုပ်ဆောင်ပေးတာဖြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၆၀ကျော်ရှိရာမှာ နှစ်စဉ်နှစ်တိုင်း လိုလိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်တဲ့မြန်မာနိုင်ငံကလေးများနေ့ကို ကျောင်းအတော်များများက ကျင်းပခဲ့ကြပါတယ်။ ရွှေ့ပြောင်း အထက်ကျောင်းဖြစ်တဲ့စောကျောင်း မှာတေ့ာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ ကို ပျော်ပွဲရွင်ပွဲအားကစားပွဲတွေနဲ့ အတူ ကလေးများနေ့ ကို ကျင်းပခဲ့တာပါ။ ဘာကြောင့်ကျင်းပသလဲ ဆိုတာကိုတော့ကျောင်းအုပ်ဖြစ်တဲ့ ဦးကျော်သူရက အခုလိုရှင်းပြပါတယ်။

"ကလေးများနေ့က မြန်မာနိုင်ငံရဲ့ကလေးများနေ့ပေါ့ ။ လွတ်လပ်ရေးဖခင်ကြီးမွေးနေ့မှာ အရင်ကတည်း က ကလေးများနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့လည်းဖြစ်အောင်လုပ်ပေးတယ် သူတို့ ကလေးများနေ့ဆိုတာသိအောင်ရယ် ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး ကြိုးစားချင်စိတ် နဲ့ အတုယူတဲ့စိတ်ဓါတ်တွေဖြစ်ပေါ်လာအောင် ကျနော်တို့ လုပ်ပေးတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မနက်ပိုင်းမှာ ကလေးတွေက ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး အခမ်းအနား အတိုင်းလုပ်အစားအသောက်တွေကျွေးတာတွေလုပ်တယ်။ နေ့လည်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့မိန့်ခွန်းတွေကို ပရောဂျက်တာနဲ့ပြတယ်။"

အခုလို့ကျင်းပခဲ့တာ SAW ရွှေ့ပြောင်းစာသင်ကျောင်းမှာတော့ ၁၀နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

နောက်ထပ်ကျောင်းတကျောင်းဖြစ်တဲ့ BLSO ရွှေ့ပြောင်း အလယ်တန်းးကျောင်းမှာလည်း ဗိုလ်ချုပ်မွေးနေ့မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရတဲ့ရည်ရွယ်ချက်ကိုကျောင်းအုပ်ဖြစ်တဲ့ ဒေါ်ရွှေဇင်ဝင်းကအခုလို ရှင်းပြပါတယ်။

"ကျမတို့ကအလယ်တန်းအဆင့်ပဲရှိတော့ မျိုးဆက်သစ်ကလေးတွေအတွက် ဗိုလ်ချုပ်ရဲ့လေးစားဂုဏ်ယူရမယ့် စိတ်ဓါတ်တွေအတုယူရမဲ့ဂုဏ်ပုဒ်တွေကို မပျောက်ပျက်အောင် ရည်ရွယ်ချက်နဲ့ စဉ်ဆက်မပြတ်လုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းးအမှတ်အဖြစ်မြန်မာနိုင်ငံမှာလုပ်ကြတဲ့ မြန်မာနိုင်ငံကလေးများနေ့ခေါင်းစဉ်နဲ့ ကလေးတွေ ကဗျာပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ အားကစားနဲ့အနုပညာပြိုင်ပွဲတွေကို နှစ်စဉ်နှစ်တိုင်းကျင်းပကြတာဖြစ်ပါတယ်။"

ထိုင်းမြန်မာနယ်စပ်မှာရွေပြောင်းစာသင်ကျောင်းပေါင်း ၆၀ကျော်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၁၄၀၀၀နီးပါး စာသင်ကြားနေတာဖြစ်ပါတယ်။ ဒီထဲက မူလတန်းကျောင်းအတော်များမျာရှိပြီး အဲဒီကျောင်းတွေမှာလည်း မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် ပျော်ပွဲရွင်ပွဲတွေကျင်းပကြသလို အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတချို့မှာတော့ မြန်မာလွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နောင်မျိုးဆက်ကလေးတွေ သိရှိအောင် ဗိုလ်ချုပ်ကို အတုယူလေးစားနိုင်ဖို့ အတွက် ကဗျာစာစီစာကုံးပြိုင်ပွဲတွေ သာမက သမိုင်းဝင်မှတ်တမ်းတွေကို ပါ သိရှိအောင်ဟောပြောပွဲတွေလုပ်ပြီး ကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

ထိုင်းနယ်စပ်က မြန်မာနိုင်ငံကလေးများနေ့
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG